Part - 25

5.1K 533 36
                                    

Unicode

"ငါမင်းနဲ့လိုက်ခဲ့မယ် ခန့်ထည် ဒါပေမဲ့ ငါ့ကိုတစ်ခုတော့ ကတိပေးပါ "

"ဘာကတိလဲ နိုးနိုး "

"စင်္ကာပူ မသွားခင် နောက်ဆုံးအချိန်ထိ ဦးဝေကိုချစ်နေခွင့်ပေးပါ နောက်မှ ငါမင်းကို တဖြေးဖြေးချစ်လာဖို့ ကြိုးစားပေးပါ့မယ် "

"မင်းကို ယုံတယ် နိုးနိုး ငါနဲ့လိုက်ခဲ့ဖို့ ခက်ခက်ခဲခဲဆုံးဖြတ်ပေးခဲ့လို့လည်း ကျေးဇူးတင်တယ်"

ခန့်ထည်နဲ့နောက်ဆုံးပြောခဲ့သော စကားတို့ကိုပြန်တွေးရင်း တစိမ့်စိမ့်ကျလာသော မျက်ရည်တို့ကို လက်ဖမိုးနဲ့သုတ်လိုက်သည်။အင့်ခနဲရှိုက်သံသည်
သူ့ရင်ဘတ်အတွင်းပိုင်းဆီမှ လှိုက်ထွက်လာတာမို့ ကားမောင်း​နေတဲ့ ခန့်ထည်က စိတ်မသက်သာစွာလှည့်ကြည့်လာသည်။ထိုစဥ် သုတဆီမှ ဖုန်းတစ်ကောလ်ပါ ဝင်လာတာမို့ သူက ဖုန်းကိုင်လိုက်ကာ ခန့်ထည်ပါကြားရအောင် speaker ဖွင့်လိုက်သည်။

"နိုးနိုး မင်းတို့ ကိစ္စအဆင်ပြေလား ကိုကျော်နောင်လာခေါ်လို့ ငါဦးဝေကို လွှတ်ပေးလိုက်ပြီ"

"အင်း ဦးဝေရော အဆင်ပြေရဲ့လား သုတ "

"ပြေပါတယ် ဘာမှန်းမသိပဲ အဖမ်းခံလိုက်ရတာကိုတော့ စိတ်ခုနေပုံပဲ ကိုကျော်နောင်ဘယ်လို ဖောရှောထည့်လိုက်လဲတော့ မသိဖူး အခုတော့ အိမ်ပြန်သွားကြပြီ ငါလည်း ရှောင်နေလိုက်တယ်ကွာ ဖြစ်နိုင်ရင် ဦးဝေ မရိပ်မိအောင်မင်းလည်းအိမ်ပြန်လိုက်တော့ သူတို့အခုမှ ပြင်ဦးလွင်ကဆင်းသွားကြတာဆိုတော့ တစ်နာရီလောက်အချိန်ရဦးမယ် "

"အင်း ငါအခုပဲ အိမ်ပြန်လိုက်မယ် ကျေးဇူးပဲ
သုတ "

သုတနဲ့ သူပြောနေတဲ့စကားတွေကို ခန့်ထည်ပါကြားနေရတာမို့ ခန့်ထည် သူ့ကိုခေါင်းတစ်ချက်ငြိမ့်ပြလျက် ပြင်ဦးလွင်အတတ်လမ်းကို ဦးတည်နေတဲ့ ကားလေးကို မြို့ထဲပြန်ကွေ့လိုက်သည်။

"နိုးနိုး မင်းအေးဆေး အိမ်ပြန်နားလိုက်ပါ မနက်ဖန် မနက်ကျရင် တီချယ်နဲ့ကိစ္စကို ငါကြည့်ရှင်းပေးလိုက်မယ် မင်းလုပ်ရမှာက အိမ်ပြန်ရောက်ရင် စင်္ကာပူသွားမယ့် ကိစ္စကိုဦးဝေကိုပြောရုံပဲ အခုကနေစပြီး နှစ်လတိတိအချိန်ရတယ် နှစ်လအတွင်း  မင်းလည်း ဦးဝေနားမှာစိတ်ဖြေသာတဲ့ အထိနေပေါ့ "

Loving Lies ( Completed )Where stories live. Discover now