Part - 20

6.9K 719 87
                                    

Loving Lies

Unicode

" တီ  "

ဖုန်းတုန်ခါမှုမှတဆင့် စားပွဲခုံနဲ့ပွတ်တိုက်မိပြီး
အသံအဖြစ် ထွက်ပေါ်လာသောအခါ ရေစို
လက်စဆံပင်တို့ကို တဘက်နဲ့ခပ်ကြမ်းကြမ်း
သုတ်နေတဲ့ နိုးနိုးက တဘက်ကို လည်ပင်းမှာ
ပတ်လျက်သားဖြင့် ဖုန်းကို ယူကြည့်လိုက်သည်။

Samsaung S10 Plus

Samsaung Brand ထဲက တန်ဖိုးအမြင့်ဆုံး
နဲ့ နောက်ဆုံးထွက်ရှိထားသည့် အနက်ရောင်
ပြောင်လက်နေသည့် ကိုယ်ထည်နဲ့ဖုန်းက
သေချာပေါက် သူ့ဟာတော့ မဟုတ်။ သူရော
မြတ်သုတပါ IOS Fan တွေမို့ သေချာပေါက်
ဒီ Samsaung ဖုန်းရဲ့ပိုင်ရှင်ဟာ ခန့်ထည်မှ
လွဲ တခြားမရှိ ။

ငါကိုင်ပြီး ပြောပေးလိုက်ရင် ကောင်းမလား ။

ဖုန်း Screen မှာ ပေါ်နေတဲ့ Contact တစ်ခု
က Mommy တဲ့ ။ အနဲဆုံးတော့ အိမ်ပေါ်က
ဆင်းလာတဲ့ သားဖြစ်သူအတွက် သူ့ရဲ့မိခင်
ကတော့ သေချာပေါက်စိတ်ပူနေမှာပါပဲ ။

ငယ်ငယ်ကတည်းက မိဘမဲ့ခဲ့တဲ့ သူအတွက်
တော့ စိတ်ပူပေးမယ့် မိခင်မရှိခဲ့တာမို့ Mommy
ဆိုသည့်အမည်နာမတစ်ခုကို မြင်လိုက်ရတာနဲ့
တင် ရင်ခုန်နွေးထွေးသွားရသည်။

"ဟဲလို အန်တီ  ကျွန်တော်က ခန့်ထည်ရဲ့
သူငယ်ချင်းပါ ခန့်ထည် ကျွန်တော်တို့ အိမ်မှာ
အဆင်ပြေပြေရှိနေတာမို့ အန်တီစိတ်မပူပါနဲ့
သူ စိတ်ဆိုးပြေသွားရင် ပြန်လာပါလိမ့်မယ် "

တစ်ဖက်က ဘာမှမပြောနိုင်သေးခင်မှာပင်
သူ စကားကို ပိတ်ပြောလိုက်သည်။

"ကျေးဇူးပဲ သားရယ် ဒီကေလးက တဇွတ်ထိုး
သူ့အဖေကို စိတ်ဆိုးတာလေးတစ်ခုနဲ့ အိမ်
ပေါ်က ဆင်းသွားတာ ပြန်ကို မလာတော့ဖူး
အန်တီ ဖုန်းဆက်တဲ့အကြောင်းနဲ့ သူ့ကို စိတ်ပူ
နေတယ် ဆိုတဲ့အကြောင်းလေးပြောပေးပါဦး "

ခန့်ထည် အမေရဲ့အသံမှာ သားဖြစ်သူကို
စိုးရိမ်ခြင်းတွေက အပြည့်အ၀ပင် ။ ဒီနေ့နဲ့ဆို
ခန့်ထည် သူ့အဖေနဲ့ပြသနာတတ်ပြီး အိမ်
ပေါ်ကဆင်းလာကာ သုတ အိမ်မှာ သောင်တင်
နေတာ သုံးရက်မြောက်နေ့။

Loving Lies ( Completed )Where stories live. Discover now