Part - 12

6.8K 723 198
                                    

Unicode

မင်္ဂလာပွဲကို နောက်ကိုရက်ရွေ့ဖို့ သူ့ဘာသာ
တစ်ယောက်တည်း ဆုံးဖြတ်လိုက်ပြီးကတည်း
က မေပျိူ သူ့ကို စိတ်ကောက်နေသည်။ အမြဲ
တမ်းလိုလို သူ့အိမ်ကို ၀င်ထွက်သွားလာနေတဲ့
မေပျိူဟာ မင်္ဂလာပွဲရက်ရွေ့လိုက်ပြီးကတည်း
က အိမ်ကိုပေါ်မလာတော့သလို သူ ဖုန်းဆက်
လျှင်တောင် မကိုင်တော့ ။ ခါတိုင်း သူဘာဘဲ
လုပ်လုပ် သဘောထားကြီးကြီးနဲ့ နားလည်မှု
အပြည့်ပေးကာ ခွင့်လွှတ်တတ်တဲ့ မေပျိူဟာ
နိုးနိုးနဲ့ပတ်သက်လို့ တစ်ခါမှ စိတ်မကွက်ဖူးခဲ့။
ယခုတစ်ခါ သူ့အပေါ်စိတ်ဆိုးစိတ်ကောက်ပြ
နေခြင်းဟာ အရင်က သူ့ရဲ့မေပျိူမဟုတ်တော့
သလို ။

ဒီနေ့နဲ့ဆို မေပျိူနဲ့မဆုံဖြစ်တာ တစ်ပတ်တင်း
တင်း ပြည့်ခဲ့ပြီ။ လွန်ခဲ့တဲ့ ရက်တွေကလည်း
နိုးနိုး အပူနဲ့တင် မေပျိူ စိတ်ကောက်နေတာ
ကိုတောင် သတိမရနိုင်ခဲ့။ ဒီးဒုတ်အပြန်လမ်း
မှာ သူ့ မင်္ဂလာပွဲ ရက်ရွေ့လိုက်တာကို ပြောပြ
လိုက်ကာမှ ကိုယ်တော်ချောက စိတ်ပြေကာ
အိမ်ပေါ်ပြန်ရောက်လာတော့သည်။ ထိုအခါ
မှ သူ့မှာ မေပျိူ့ကို ချောဖို့ အမြန်ပြင်ဆင်ရပေ
တော့သည်။ စစ်မြတ်နိုးကို စာမေးပွဲအောင်ဖို့
ကူညီနိုင်တယ့်သူဟာ မေပျိူဖြူ တစ်ယောက်
အပြင် မရှိဖူး မဟုတ်လား ။

သူ့ အမြင်မှာတော့ ဒီအသက် ဒီအရွယ်ကြီး
ရောက်ကာမှ မေပျိူ စိတ်မဆိုးသင့်ဟု ထင်
သည်။ မင်္ဂလာပွဲရွှေ့လိုက်တယ်ဆိုပေမဲ့ နှုတ်
ဖြင့်သာ ကြေငြာထားပြီး ဖိတ်စာတကယ်ဝေ
ရသေးတာလည်း မဟုတ်တဲ့အတွက် ဒီကိစ္စ
မွာ သူ နားလည် ပေးလို့ရနေတာပဲ။သို့သော်
ဒီနေ့မနက်က ထမင်းစား၀ိုင်းမှာ ဒေါ်ချောပြော
လိုက်သော စကားကြောင့်သာ သူ့အတွက်
စဉ်းစားစရာ တစ်ခုတိုးလာခဲ့တာ ဖြစ်သည်။

"ဒေါ်ချော မိန်းကလေးတွေအတွက် မင်္ဂလာပွဲ
က ဘယ်လောက်အရေးကြီးလဲ? ခင်ဗျားက
မင်္ဂလာဆောင်ဖူးတာဆိုတော့ အတွေ့အကြုံ
ရှိမှာပေါ့ "

"အရေးကြီးတာပေါ့ ဆရာရယ် သေချာပေါက်
ကို အရေးကြီးတာပေါ့ တစ်သက်မှာ တစ်ခါပဲ
မင်္ဂလာဆောင်ရတာဆိုတော့ မိန်းမသားတွေ
အတွက် အရမ်းကို တန်ဖိုးထားရတာပေါ့.... "

Loving Lies ( Completed )Where stories live. Discover now