Part - 11

6.9K 646 65
                                    

Unicode

မိုးသားပြာပြာ ကောင်းကင်ထက်တွင် တိမ်စိုင်
တိမ်လိပ်တို့ ကခုန်နေကြ၏ ။ ကောင်းကင်နှင့်
တောင်တန်း အသွယ်သွယ်တို့ ကာရံထားသည့်
ဖြောင့်ဖြူးနေသော ကွန်ကရစ်လမ်းမပေါ်သို့
SUV ကား အဖြူလေးတစ်စီးသည် မန္တလေး -
ပြင်ဦးလွင် အမြန်လမ်းပေါ်မှတဆင့် ကွေ့ဝင်
လာခဲ့သည်။

"အမြဲတမ်းပဲ တွေ့နေချင်တယ် အချစ်ရယ်
ချစ်စကားလေးကြားနေချင်တယ် အချစ်ရယ်
ချစ်လွန်းလို့ ရူးရမလောက်အထိအောင်ကွယ်
သိပ်သိပ်ချစ်ရတဲဲ့....... နွဲ့တင်ရယ်  "

ကားပေါ်တွင် စော်လားထော်ဝါးရဲ့ သီချင်းသံ
ချိူချိူလေးက လွင့်ပျံနေကာ ဆောင်းဦးဝေက
ခေါင်းလေးတလှုပ်လှုပ်ဖြင့် နားထောင်နေရင်း
ကားကို အာရုံစိုက်မောင်းနေပေသည်။ ဆောင်း
ဦးဝေရဲ့ ဘေးမှာထိုင်ရင်း ပျင်းရိနေပုံရတဲ့ နိုးနိုး
က လက်ကို ရုတ်တရက် ဆန့်တန်းလာရင်းက
နေ သီချင်းကို ဆတ်ခနဲ ပိတ်ပစ်လိုက်သည်။

"ဦးဝေ. သီချင်းကြီးကလည်း ပျင်းစရာကြီးဗျာ
ဘာကို ....သိပ် သိပ် ချစ်ရတဲ့ နွဲ့တင်လဲ ဘာလဲ
နွဲ့တင်ဆိုတာ ဦးဝေရဲ့ရွာမှာ ကျန်ခဲ့တဲ့အချစ်ဦး
လား.... "

စစ်မြတ်နိုးက ဇိုးဇိုးဇတ်ဇတ်ပြောရင်း သီချင်း
တွေကို တစ်ပုဒ်ပြီးတစ်ပုဒ် ကျော်ချလျက် သူ့
စိတ်ကြိုက်သီချင်း ရှာဖွေနေ၏ ။

"ဟျောင့်..စစ်မြတ်နိုး..မင်း ထိုင်နေတာ ငါ့ကား
နော်....မင်းရဲ့ သိန်း ၈၀၀ ကျော်တန် ပြိုင်ကား
ကြီး မဟုတ်ဖူး မင်းကြိုက်တဲ့ ဆူညံပွက်လော
ရိုက်နေတဲ့ သီချင်းမျိူးတွေ ငါ့ကားထဲမထားဖူး
အာရုံလာမစားနဲ့ ခုနက သီချင်းပြန်ဖွင့်လိုက်..."

ဆောင်းဦးဝေ က နေကာမျက်မှန်ကို နှာခေါင်း
အောက်လျောထားလျက် ကိုယ်ကိုကုန်းထားပြီး
သီချင်းရှာနေတဲ့ နိုးနိုးကိုအမြင်ကပ်သလိုကြည့်
လိုက်သည်။ ဘယ်နှယ့်..သူကားလည်းမဟုတ်ပဲ
ပိုင်စိုးပိုင်နင်း နဲ့ဗျာ...။

"အာ...တွေ့ပြီ.... ဒါဘဲ ဒီသီချင်းကမှ မိုက်တာ"

နိုးနိုးက သီချင်းတစ်ပုဒ်အရောက်မှာ လက်တွေ
ကို ရပ်လိုက်သည်။ ခပ်တိုးတိုးလွင့်ပျံလာသည်
ကေတာ့ အသစ်ထွက်ထားတာပင် သိပ်မကြာ
သေးသည့် Big Bag ရဲ့ Trauma သီချင်း..... ။

Loving Lies ( Completed )Tempat cerita menjadi hidup. Temukan sekarang