Part - 29

4.9K 506 92
                                    

Unicode

မန္တလေးမြို့ တံတာဦးလေဆိပ် အတွင်းပိုင်းတစ်နေရာတွင် ကျောပိုးအိတ်ကိုယ်စီလွယ်ထားသောကောင်လေးနှစ်ယောက်သည် Luggage ကိုယ်စီကိုင်လျက် အတူမတ်တပ်ရပ်ကာ မန္တလေးမှ စင်္ကာပူသို့ တိုက်ရိုက်ပျံသန်းမည့်လေယာဥ်ကို စောင့်နေကြသည်။

ထိုနှစ်ယောက်ထဲမှတစ်ယောက်သည် တစ်ညလုံးငိုထားသဖြင့် မို့အစ်နေသောမျက်လုံးများကို မျက်မှန်အမဲနှင့်ဖုံးထားကာ လျှာထိုးဦးထုတ်အမဲကိုခပ်ငိုက်ငိုက်ဆောင်းလျက်နားနှစ်ဖက်တွင် နားကြပ်ထိုးတပ်ထားသည်။ သူ့ဘေးက Branded တီရှပ်အဖြူနှင့်ဂျင်းဘောင်းဘီဝတ်ထားသည့် ကောင်လေးကတော့ ထိုကောင်လေးကို အရိပ်တကြည့်ကြည့်နှင့်ဖြစ်ကာ စိတ်လှုပ်ရှားမှုကမျက်နှာ
မှာ ထင်ဟပ်နေသည်။

"ဆောရီး ဟေ့ကောင်တွေ နဲနဲနောက်ကျသွား တယ်"

ထို့ကောင်လေးနှစ်ယောက်ရပ်နေသည့်နေရာဆီသို့ နောက်ထပ် ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်က အပြေးတစ်ပိုင်းရောက်လာကြသည်။

"ရပါတယ်ကွာတစ်နာရီလောက်လိုသေးတာပဲ မင်းတို့တကူးတကရောက်လာတာပဲ ကျေးဇူးတင်ရမှာ"

"သုတလေ အဲကောင်နောက်ကျနေလို့ ငါအစောကြီးကတည်းက နင်တို့ကိုလိုက်ပိုမယ့်နေ့ နောက်မကျစေ နဲ့လို့ မှာထားတာကို "

ပြေးလာရသဖြင့် အမောမပြေဖြစ်နေသော သုတကိုချီလီကပါအပြစ်တင်လိုက်တော့သုတမျက်နှာ
ရှုံ့မဲ့သွားသည်။ ခန့်ထည်ကတော့ တကူးတက လေဆိပ်ထိလိုက်လာပေးသောသူငယ်ချင်းနှစ်ယောက်ကို ပြုံးရင်းသာကြည့်နေသည်။

"နိုးနိုး အဆင်ပြေရဲ့လား မင်းအဓိကပဲ မင်းကိုစိတ်ပူလို့လာကြည့်တာ ခန့်ထည် ဟိုရောက်ရင်နိုးနိုးကိုဂရုစိုက်လိုက်ဦး အဲကောင်ကတစ်သက်လုံး ဦးဝေကိုပဲ မှီခိုလာတဲ့ကောင်ဆိုတော့ ဘာမှလုပ်တတ်မှာမဟုတ်ဖူး မင်းပဲစောင့်ရှောက်ပေးရမှာ "

နိုးနိုးရဲ့အကြောင်းကိုသိနေတဲ့ သုတက ခန့်ထည်ကို မှာနေလေသည်။နိုးနိုးကတော့ တစ်ခွန်းမှဝင်မပြော။ခေါင်းကိုငုံ့ထားကာ မျက်နှာကသုန်မှုန်နေလေသည်။

Loving Lies ( Completed )Where stories live. Discover now