Part - 35

6.1K 496 126
                                    

Unicode

"မောင်ခန့်ထည် နှင့် မောင်စစ်မြတ်နိုး "

" ဟက် "

အဖြူရောင်မင်္ဂလာဖိတ်စာတစ်စောင်ကိုလက်ထဲကျစ်ကျစ်ဆုပ်ရင်း ဟက်ဟက်ပက်ပက်ရယ်နေတဲ့ နှုတ်ခမ်းတွေကခြောက်ကပ်ကပ် ။ နာကျင်မှုတွေက မျက်ဝန်းအိမ်ထဲမှာ ပြည့်လျှံကာ ပြိုကျလုမတတ်။စူးအောင့်လာတဲ့ရင်ဘတ်တစ်နေရာကလက်လွှတ်လိုက်ရပြီဟူသော အသိအာရုံတို့ကိုလက်မခံချင်သလို။

သဘာဝတရားနဲ့ဖီဆန်နေတဲ့ မင်္ဂလာဖိတ်စာလေးပေမဲ့ မိဘအသိုင်းအဝိုင်း၏ကြီးကျယ်ခမ်းနားမှုနှင့်ဂုဏ်ဒြပ်တွေက ပါးစပ်တွေကိုငွေနှင့်ပိတ်လိုက်သလို။ သို့သော် အပြီးတိုင်မပိတ်နိုင်သည်က သူနှလုံးသားမြစ်ဖျားခံရာဒေသမှယိုစိမ့်ကျလာတဲ့ချစ်ခြင်းတရားတွေ။

တစ်ခါတစ်လေ ဤကလေးအားအမွေစားအမွေခံသားအဖြစ် အိမ်ထောင်စုဇယားထဲအမည်တပ်သွင်းခဲ့သည့် ကိုယ့်ဘာသာပဲ ခပ်နာနာအပြစ်ပေးလိုက်ချင်တော့သည်။ ဒီကလေးကို စပြီးမွေးစားခဲ့စဥ်ကတည်းက အကြင်လင်မယားတွေဟု အိမ်ထောင်စုစာရင်းသွင်းခဲ့မိရင်အကောင်းသား။ အခုတော့  တစ်သက်လုံးစောင့်ထိန်းလာခဲ့တဲ့ အဖြူထည်ချစ်ခြင်းတရားတွေမှာ တမင်သက်သက် အရောင်တွေစွန်းထင်းစေခဲ့မိပြီ။ 

တဖြေးဖြေးဝေဝါးလာတဲ့ ဖိတ်စာကို နာနာကျင်ကျင်ကြည့်နေရင်း မျက်ရည်တစ်စက်က ဖိတ်စာနှင့်မိတ်ဆက်သွားလေရဲ့ ။ အဆုံးထိဆွဲခေါ်ဖို့ကြိုးစားခဲ့ပေမဲ့ ကံကြမ္မာကသူ့ကိုမျက်နှာသာမပေးခဲ့ဖူးထင်ပါရဲ့။သူ့ဘက်မှာရှိနေပေးခဲ့တဲ့ နှလုံးသားရဲ့ပိုင်ရှင်ကိုတောင် အနားကနေ မိုက်မိုက်မဲမဲကန်ထုတ်ခဲ့မိတဲ့ သူဟာဘယ်လောက်တောင်မိုက်လုံးကြီးခဲ့မိပါလိမ့်။ သူသိပ်တန်ဖိုးထားရတဲ့ ဂုဏ်ပကာသနတွေ၊မာနတရားတွေ၊သိက္ခာတရားတွေ ဒီလောက်ကြီးကျယ်မြတ်မြတ်ပြီး တန်ဖိုးရှိလှပါပေ့ဆိုတဲ့ အရာတွေက သူ့နှလုံးသားရဲ့နာကျင်မှုကိုကျ မျက်နှာလွှဲခဲပစ်နဲ့ ဟက်...ပေးဆပ်ခဲ့ရတာ မတန်လိုက်တာ ။ 

စိတ်ညစ်ညစ်နဲ့ဖိသောက်နေမိတဲ့ အရက်ကတစ်ခွက်ပြီးတစ်ခွက် ။ လက်တွေတုန်လာပေမဲ့လေ မျက်ရည်တွေကျပြီး ခေါင်းတစ်ခုလုံးအစိတ်စိတ်အမြွှာမြွှာထိုးချေထားသလို မူးဝေနေပေမဲ့လည်းလေ ထူးဆန်းတာက စစ်မြတ်နိုးဆိုတဲ့ ကောင်လေးကိုတော့ မေ့မသွားသေးဖူး။ ဆောင်းဦးဝေရေ မင်းသေသွားလိုက်ပါတော့လားကွာ ။ စစ်သွေး ပြီးတော့ မြတ်နိုး မင်းတို့ကို ချစ်လွန်းလို့လားမသိဘူး ။ မင်းတို့နှစ်ယောက်သွေးသားနဲ့ရင်းပြီးမွေးဖွားလာခဲ့တဲ့ နိုးနိုးကိုလေ ငါသိပ်ချစ်တာပဲ။ အခုတော့ မင်းတို့သားက ငါ့ကိုထားပြီး သူမချစ်တဲ့သူတစ်ယောက်နောက်ကို အပြီးလိုက်သွားတော့မယ်တဲ့လေ။ ဒီမှာလေ မင်းတို့သားရဲ့မင်္ဂလာဆောင်ဖိတ်စာတဲ့ ။ မင်းတို့ရော သူ အဲဒီကောင်နဲ့မင်္ဂလာဆောင်တော့မှာကို သဘောတူရဲ့လား ကြည်ဖြူကြရဲ့လား။ ငါ့ရင်ခွင်ထဲက နိုးနိုးကို အဲကောင်ဆွဲထုတ်သွားတာကိုလေ မင်းတို့ကျေနပ်ကြရဲ့လားကွာ။ 

Loving Lies ( Completed )Where stories live. Discover now