♣ Loving Lies ♣
Unicode
နေရောင်နွေးနွေးသည် ညနေခင်းတစ်ခုလုံးကို ဖြန့်ကျက် လွှမ်းခြုံထားသည်။လေပြေတိုးဝှေ့လိုက်တိုင်း သစ်ရွက်ငယ်များက တလှပ်လှပ်ကြွေကာ နွေဦးရာသီ၏ ပုံရိပ်ကို အပြည့်အဝဖော်ဆောင်ပေးနေ၏ ။
ပုဇွန်ဆီရောင်လွှမ်းထားသော လောကကြီးရဲ့တစ်နေရာတွင်တော့ သစ်ပင် တစ်ပင်သည် သစ်ရွက်တလူလူဝေကာ အထီးကျန်စွာတည်ရှိနေ၏။
ထိုသစ်ပင်၏ ခြေရင်းတွင်တော့ လူသုံးယောက်က တိတ်ဆိတ်စွာရပ်နေပေသည်။
ထိူလူသုံးဦးတွင် တစ်ဦးက အသက်၁၇ နှစ်အရွယ်ရှိ မိန်းမပျိူကလေးတစ်ဦးဖြစ်ပြီး ကျန်နှစ်ဦးမှာတော့ သူမနဲ့ မတိမ်းမယိမ်းအရွယ် ယောကျ်ားလေးများ ဖြစ်သည်။
သုံးဦးစလုံးသည် ဆယ်ကျော်သက်များဖြစ်ကြပြီး ငယ်ရွယ်နုနယ်ကြသည်။ မိန်းကလေးသည်ယောကျ်ားလေး နှစ်ဦးထဲမှ တစ်ဦး၏လက်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားပြီး သူတို့နှစ်ယောက်ရဲ့မျက်နှာချင်းဆိုင်မှာတော့ နောက်ထပ် ယောကျ်ားလေးတစ်ဦးက နွမ်းလျစွာ ရပ်နေလေ၏ ။
"ငါတို့ လက်ထပ်တော့မယ် ဦးဝေ "
မိန်းကလေးက သူမရဲ့မျက်နှာပေါ်အပြုံးလေးတစ်ပွင့်ဖန်ဆင်းရင်း သူမ ရှေ့တည့်တည့်ကကောင်လေးကို စိုက်ကြည့်ကာပြောလိုက်သည်။
ထိုမျှမကသေး။သူမရဲ့နံဘေးမှာ ရပ်နေတဲ့အသားခပ်လတ်လတ်နှင့် သာမန် ရုပ်ရည်လောက်ပဲရှိတဲ့ ကောင်လေးကိုလည်း အချစ်ရိပ်များ လွှမ်းနေသော မျက်ဝန်းအစုံတို့ဖြင့်ဝေ့ကြည့်လိုက်သေးသည်။
"ငါ ရိပ်မိပါတယ်... ပြီးတော့ ဝမ်းသာပါတယ် "
မျက်နှာချင်းဆိုင်က ကောင်လေး၏ အသံသည် တုန်ရီအက်ကွဲနေ၏။ တစ်လုံးချင်း ဆိုနင့်စွာ ထွက်ပေါ်လာသော စကားများကို ခက်ခဲစွာ ထိန်းချုပ်နေရဟန်ရှိပြီး ခေါင်းကို ငုံ့ထားရင်း ကြိုးစားပြုံးနေပေသည်။
"စိတ်မကောင်းဖြစ်နေတာလား ဦးဝေ ငါတို့လည်းမင်းကို စောစောအသိပေးမလို့ပဲ၊ အခုမှပြောလိုက်ရတဲ့အတွက် စိတ်မကောင်းပါဖူး "
YOU ARE READING
Loving Lies ( Completed )
Romanceမချစ်ဖူးလို့ပြောရင် အဲတာညာနေတာပဲ ဦးဝေ! ဘဝမှာ တစ်ခါလောက်တော့ ကျွန်တော့် အတွက် သတ္တိရှိပေးပါ