~~အသံုးေတာ္ခံ~~

By Fire_puppy

692K 39.1K 3.8K

ယြမ္အင္ပါယာရဲ့ စစ္နတ္မင္းဆီကို ရွီလာရဲ့ အရုပ္ေလးလိုလွတဲ့ မင္းသားေလးတစ္ပါးအဆက္သခံခဲ့ရသည္... ယွမ်အင်ပါယာရဲ့ စစ်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
35(final)
Season -2

34

14.9K 965 146
By Fire_puppy

Zawgyi>>>

ယြမ္အင္ပါယာ၏ ေစ်းလည္ေခါင္တြင္ လူအမ်ားစုေဝးေနျကသည္...
အံုခဲေနေသာ ျပည္သူေတြအလည္မွာေတာ့ ျကင္ယာေတာ္ေယာလ္ေလးအား မေကာင္းျကံမႈေျကာင့္ ေသဒဏ္ေပးခံထားရေသာ အမတ္ခ်ဳပ္ျကီးနဲ႔ ရွန္ဟီမိဖုရားေခါင္...

ျပီးေတာ့ နန္းရင္ျပင္အျမင့္တစ္ေနရာကေန လွမ္းျကည့္ေနေသာ စစ္နတ္မင္းနွင့္ သူ႔ေဘးတြင္ေတာ့ မ်က္နွာကိုပုဝါပါးေလးျဖင့္အုပ္ထားေသာ ျကင္ယာေတာ္ေယာလ္ေလးပင္...

"အရွင္..."

ေအးစက္ေနေသာ လက္ဖဝါးနုနုေလးေတြအား မိမိလက္ဖဝါးျကားထဲ နစ္ဝင္ဆုပ္ကိုင္လိုက္ျပီးေနာက္ စစ္နတ္မင္းေယာလ္ေလးကို အားေပးလိုက္သည္...

ေယာလ္ေလးက အရမ္းနူးညံ့လြန္းတာေျကာင့္ သူ႔ေရွ႕မွာလူသတ္ဖို႔ဆိုတာ ကေလးငယ္ေလးအတြက္ ေျကာက္ေနသည္ေလ...

"ေယာလ္ေလး ေျကာက္တယ္ အရွင္..."

"မေျကာက္ပါနဲ႔ ေယာလ္ေလး...ကိုယ္ေတာ္ရွိတယ္ေလ"

ယြမ္နန္းတြင္းစည္းကမ္းအရ အျပစ္လုပ္မိေသာသူေရွ႕တြင္ပင္ စီရင္ရသည္မို႔ ေယာလ္ေလးပါ စစ္နတ္မင္းနွင့္အတူထိုင္ေနရသည္

ယြမ္အင္ပါယာမွာေနတဲ့ တိုင္းသူျပည္သားေတြအတြက္ကေတာ့ မိဖုရားေခါင္ျကီး ေသဒဏ္ေပးခံရတာကိုျကည့္ခ်င္သလို စစ္နတ္မင္းနဲ႔ ျကင္ယာေတာ္ေယာလ္ေလးရွိေနတာေျကာင့္ စကားေတြတီးတိုးေျပာဆိုေနျကေလရဲ့

ေတာ္ဝင္မ်ိဳးဆက္ရဲ႕ေသြး ေျမမက်ရသည္မို႔ ေခါင္းျဖတ္မသတ္ပဲ ျကိုးမိန္႔နွင့္အဆိပ္ခတ္သတ္ရန္သာ အမိန္႔ေပးထားသည္

ေခါင္းတစ္ခ်က္ျငိမ့္ျပလိုက္ျပီးေနာက္ အမတ္ခ်ဳပ္ျကီးရဲ့ လည္ပင္း၌စြတ္ထားေသာ ျကိုးကြင္းကျမင့္တင္သြားကာ ရုန္းကန္လွုပ္ရွားျပီးမွ ျငိမ္သက္သြားေသာခႏၶာကိုယ္...

"အားး ခ..ခမည္္းေတာ္...မျဖစ္ဘူး!!ဟင့္ ခမည္းေတာ္..."

ယူျကံုးမရစြာ ငိုရိႈက္ေနေသာ ရွန္ဟီမိဖုရား၏ ေနာက္ဆံုးအခ်ိန္ဟာလဲ ေရာက္လို႔လာခဲ့ျပီ သူမဟာ မာနျကီးသူပီပီ ေသခါနီးအထိ ေယာလ္ေလးအား တစ္ခ်က္စူးစိုက္ျကည့္လိုက္ေသးသည္

သူမ၏အေဖေရာ ေမာင္အထိ သူမမ်က္စိေရွ႕တြင္ ရက္ရက္စက္စက္ေသဆံုးရသည္မို႔ သူမလံုးဝမေက်နပ္...

"ဘဝအဆက္ဆက္ နင့္ကိုမေက်ဘူး ျကင္ယာေတာ္ေယာလ္ေလး"

ေယာလ္ေလး ဘာမွမေျပာမိပဲ
စစ္နတ္မင္းရဲ႕လက္ကိုသာ တင္းတင္းဆုပ္ကိုင္ထားမိသည္

ရွန္ဟီမိဖုရားဟာ မိမိ၏အဆံုးသတ္အား မေျကာက္ရြံ႕သလိုေနရင္း အေရွ႕တြင္ရွိသည့္ အဆိပ္ခြက္ကို ေကာက္ယူကာ ေမာ့ခ်ပစ္လိုက္ေတာ့တယ္

"အာ့"

မျကာမီပင္ ရွန္ဟီမိဖုရားပါးစပ္ထဲမွ ေသြးေတြအန္ကာ ရင္ဘတ္မွနာက်င္မႈနွင့္အတူ ေသဆံုးသြားေတာ့သည္

ထိုျမင္ကြင္းကိုျကည့္ရင္း ေယာလ္ေလးမ်က္ရည္က်မိတယ္...

အထိန္းေတာ္ျကီး...
တစ္ခ်ိန္က အထိန္းေတာ္ျကီးလဲ ဒီလိုခံစားခဲ့ရမွာပဲေနာ္...

တစ္သက္လံုးေယာလ္ေလးနဲ႔ အတူေနလာခဲ့ျပီးမွ အဆံုးသတ္ကိုက် အထိန္းေတာ္ျကီးတစ္ေယာက္ထဲ...

ေအးစက္ေမွာင္မိုက္ေနတဲ့ အခ်ဳပ္ခန္းထဲမွာ အေဖာ္မဲ့စြာေသခဲ့ရတယ္

ေယာလ္ေလးေတာင္းပန္ပါတယ္ အထိန္းေတာ္ျကီးရယ္...

ပန္းေတြကိုထြက္ျကည့္တုန္းက
ေယာလ္ေလး အထိန္းေတာ္ျကီးကို ကာကြယ္ေပးပါ့မယ္ဆိုတဲ့ ကတိမတည္လိုက္နိုင္ဘူးထင္ပါတယ္

ဒီလိုဆိုးတဲ့ေယာလ္ေလးကို အထိန္းေတာ္ျကီးခြင့္လႊတ္ေပးပါေနာ္...

ေယာလ္ေလးေလ... အထိန္းေတာ္ျကီးကို သိပ္ေတြ႕ခ်င္တာပဲ...

အထိန္းေတာ္ျကီးနာက်င္ခဲ့ရတာအတြက္ ေယာလ္ေလး ေတာင္းပန္ခ်င္လို႔ပါ...

ေယာလ္ေလးမဆိုးေတာ့ရင္ အထိန္းေတာ္ျကီး ျပန္လာမွာလား...

မ်က္ရည္ေတြစီးက်ေနေသာ ျကင္ယာေတာ္ေယာလ္ေလးကို နားလည္ဟန္ စစ္နတ္မင္းေက်ာျပင္ေလးကို အသာပုတ္ေပးမိသည္...

ေယာလ္ေလးရဲ့ မ်က္ရည္စေလးေတြက ပုလဲခသလို ေျကြက်တိုင္း မိမိရင္ထဲတစ္ဆစ္ဆစ္နာက်င္ရပါသည္

စိတ္ခ်ပါ ေယာလ္ေလး...
ကိုယ္ေတာ္ေနာက္တစ္ခါ မင္းဆီကဘာကိုမွ မဆံုးရံွုးရေအာင္ ကာကြယ္ေပးပါ့မယ္...

****************************

!!စစ္နတ္မင္းတိုင္းခန္းလွည့္လည္မယ္!!!

ဆိုတဲ့သတင္းက ယြမ္အင္ပါယာတစ္ခုလံုးထံ ပ်ံ႕နွံလို႔သည္... တိက်ေစ့စပ္ကာ အင္ပါယာတစ္ခုလံုး တုန္ေနေအာင္ ေျကာက္ရသူမို႔ စစ္နတ္မင္းတိုင္းခန္းလွည့္လည္မည္ကို အားလံုးကစိတ္ဝင္စားေနျကတယ္

အဓိကကေတာ့ ျကင္ယာေတာ္ေယာလ္ေလး ပါလာမွာကိုပါပဲ...

ျကင္ယာေတာ္ေယာလ္ေလးရဲ႕ သတင္းဆိုးေတြကလဲရွိေသးတာေျကာင့္ ဒီသတင္းကို ဘယ္လိုဖ်က္မလဲဆိုတဲ့ စစ္နတ္မင္းရဲ႕အျကံကိုလဲ အားလံုးကေမွ်ာ္လင့္ထားျကသည္

"ေယာလ္ေလး..."

တိုင္းခန္းလွည့္လည္မည္ဆိုေသာေျကာင့္ ဝတ္စံုျပည့္ဝတ္ကာ ေစာင့္ေနေသာ ေယာလ္ေလး...

ျမင္သူတိုင္းေငးရေလာက္ေအာင္ လွပလြန္းေနပါသည္

ပန္းနုေရာင္ ေဖ်ာ့ေဖ်ာ့ ဖဲသားဝတ္စံုေလးကို ပုဝါပါးေလးနဲ႔အတူ ဆင္ျမန္းထားသည္က တစ္မ်ိဳးေလးနွစ္လိုဖြယ္ေကာင္းေန၍ ေယာလ္ေလးရဲ့နို႔နွစ္ေရာင္အသားရည္ေလးနဲ႔ပင္ ပနံသင့္လွသည္

ေပ်ာ့ေပ်ာင္းနူးညံ့ေသာ ေကသာေလးေတြ ေလေပၚတြင္ပ်ံ႕ဝဲေနသည္အထိ ေနေရာင္ျခည္ေႏြးေႏြးေအာက္တြင္ လွရက္လြန္းေနေသာ ကေလးငယ္...

စစ္နတ္မင္းခဏတာေငးမိသြားတယ္...

မဟုတ္...စစ္နတ္မင္းတစ္ေယာက္ထဲေတာ့မဟုတ္ေခ်... ေယာလ္ေလးရဲ႕လွပမႈ အတိဖံုးလႊမ္းေနမႈေၾကာင့္ ပတ္ဝန္းက်င္တစ္ခုလံုး အတန္ျကာေငးျကည့္ေနမိျကသည္မလား?

"အ..အရွင္..."

ေယာလ္ေလးရဲ့ အသံပိစိေလးထြက္လာမွ တိတ္ဆိတ္ျငိမ္သက္ကာ ေငးေမာေနေသာ ပတ္ဝန္းက်င္တစ္ခုလံုး ျပန္လည္လႈပ္ရွားလာေတာ့သည္

ကာယကံရွင္ ေယာလ္ေလးရဲ႕ ပါးျပင္မို႔မို႔ေလးေတြကေတာ့ ပန္းနုေရာင္သန္းလို႔....

စစ္နတ္မင္းလက္အစံုကို ျဖန္႔ေပးလိုက္ေသာအခါ
ေယာလ္ေလးရဲ့လက္ေခ်ာင္းသြယ္လ်လ်ေလးေတြနဲ႔ နူးညံ့အိစက္ေသာလက္ကေလးက အံဝင္ခြင္က်စြာ စစ္နတ္မင္းလက္ထဲဝင္လာတယ္...

ထို႔ေနာက္ နွစ္ေယာက္လံုးထိုင္ရန္ ေဝါယာဥ္ထဲဝင္လိုက္ကာ စထြက္ခဲ့ေတာ့သည္...

ေယာလ္ေလးရဲ့ လက္ကေလးကိုလဲျမဲျမံစြာ ဆုပ္ကိုင္ထားလ်က္ေပါ့...

~~စစ္နတ္မင္းျကြလာျပီ....
လမ္းဖယ္ျက!!!!

စစ္နတ္မင္းနဲ႔ျကင္ယာေတာ္ေယာလ္ေလးရဲ့ ေဝါယာဥ္ျဖတ္သြားသည္နွင့္ လူေတြက ေျမျကီးနဲ႔ျကမ္းျပင္ကိုထိမတတ္ေခါင္းတြင္တြင္ ငံု႔ထားရသည္

ေမာ့ျကည့္တဲ့ေခါင္းက အသတ္ခံရမွာပဲမလား??

သို႔ေသာ္လဲ ျကင္ယာေတာ္ေယာလ္ေလးပါေနသည္မို႔ ျပည္သူေတြကမလႈပ္မယြျဖစ္ေနတာကို စစ္နတ္မင္းေတြ႕ရတယ္

ေယာလ္ေလးက တကယ္ပဲရုပ္ဆိုးတဲ့သူဟုတ္မဟုတ္ဆိုတာကို အျငင္းပြားစရာျဖစ္ေနဆဲမဟုတ္လား?

"ခဏ!"

ေဝါယာဥ္ကိုရပ္ရန္ စစ္နတ္မင္းလက္ကာျပလိုက္ျပီးမွ ေယာလ္ေလးဘက္ကို တစ္ခ်က္လွည့္လိုက္သည္

"ေယာလ္ေလး..."

"ဟုတ္ကဲ့ အရွင္..."

"ကိုယ္ေတာ့္ကိုယံုသလား?"

ရုတ္တရပ္ေမးလာေသာ အရွင့္စကားေျကာင့္ ေယာလ္ေလး ေခါင္းေလးသာျငိမ့္ျပမိသည္

"ေယာလ္ေလး...ယံုတာေပါ့အရွင္ရယ္"

ေယာလ္ေလးစကားကိုျကားေတာ့ အရွင္က သက္ျပင္းဖြဖြခ်ကာ အခ်ိဳျမိန္ဆံုးျပံဳးျပတယ္...

ထို႔ေနာက္ စီစဥ္ထားတဲ့အတိုင္း ေယာလ္ေလး၏ လွပမွုကိုသက္ေသျပရန္အတြက္ ပထမဦးဆံုးအျကိမ္အျဖစ္ တိုင္းျပည္၏မိခင္ေနရာကို ခံယူထားရေသာ ျကင္ယာေတာ္မင္းသား ေယာလ္ေလးရဲ့မ်က္နွာအား တိုင္းသူျပည္သားေတြကိုေတြ႕ခြင့္ေပးရန္သာျဖစ္သည္...

ထို႔ေနာက္ စစ္နတ္မင္းက မိမိကိုယ္တိုင္ ေယာလ္ေလးရဲ့မ်က္နွာမွ ပုဝါေလးအား ျဖည္းညႇင္းစြာခြာခ်လိုက္ေတာ့သည္...

ရုတ္တရပ္အျဖစ္ပ်က္မို႔ အားလံုးေျကာင္ျကည့္ေနမိျကျပီး စစ္နတ္မင္းလုပ္ရပ္အား နားမလည္သလိုစိုက္ျကည့္ေနမိျကတယ္

ျကင္ယာေတာ္ေယာလ္ေလးမ်က္နွာမွ ပုဝါစေလးအား ခ်ြတ္လိုက္ေသာအခါ....

******************************

Unicode>>>

ယွမ်အင်ပါယာ၏ ဈေးလည်ခေါင်တွင် လူအများစုဝေးနေကြသည်...
အုံခဲနေသော ပြည်သူတွေအလည်မှာတော့ ကြင်ယာတော်ယောလ်လေးအား မကောင်းကြံမှုကြောင့် သေဒဏ်ပေးခံထားရသော အမတ်ချုပ်ကြီးနဲ့ ရှန်ဟီမိဖုရားခေါင်...

ပြီးတော့ နန်းရင်ပြင်အမြင့်တစ်နေရာကနေ လှမ်းကြည့်နေသော စစ်နတ်မင်းနှင့် သူ့ဘေးတွင်တော့ မျက်နှာကိုပုဝါပါးလေးဖြင့်အုပ်ထားသော ကြင်ယာတော်ယောလ်လေးပင်...

"အရှင်..."

အေးစက်နေသော လက်ဖဝါးနုနုလေးတွေအား မိမိလက်ဖဝါးကြားထဲ နစ်ဝင်ဆုပ်ကိုင်လိုက်ပြီးနောက် စစ်နတ်မင်းယောလ်လေးကို အားပေးလိုက်သည်...

ယောလ်လေးက အရမ်းနူးညံ့လွန်းတာကြောင့် သူ့ရှေ့မှာလူသတ်ဖို့ဆိုတာ ကလေးငယ်လေးအတွက် ကြောက်နေသည်လေ...

"ယောလ်လေး ကြောက်တယ် အရှင်..."

"မကြောက်ပါနဲ့ ယောလ်လေး...ကိုယ်တော်ရှိတယ်လေ"

ယွမ်နန်းတွင်းစည်းကမ်းအရ အပြစ်လုပ်မိသောသူရှေ့တွင်ပင် စီရင်ရသည်မို့ ယောလ်လေးပါ စစ်နတ်မင်းနှင့်အတူထိုင်နေရသည်

ယွမ်အင်ပါယာမှာနေတဲ့ တိုင်းသူပြည်သားတွေအတွက်ကတော့ မိဖုရားခေါင်ကြီး သေဒဏ်ပေးခံရတာကိုကြည့်ချင်သလို စစ်နတ်မင်းနဲ့ ကြင်ယာတော်ယောလ်လေးရှိနေတာကြောင့် စကားတွေတီးတိုးပြောဆိုနေကြလေရဲ့

တော်ဝင်မျိုးဆက်ရဲ့သွေး မြေမကျရသည်မို့ ခေါင်းဖြတ်မသတ်ပဲ ကြိုးမိန့်နှင့်အဆိပ်ခတ်သတ်ရန်သာ အမိန့်ပေးထားသည်

ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီးနောက် အမတ်ချုပ်ကြီးရဲ့ လည်ပင်း၌စွတ်ထားသော ကြိုးကွင်းကမြင့်တင်သွားကာ ရုန်းကန်လှုပ်ရှားပြီးမှ ငြိမ်သက်သွားသောခန္ဓာကိုယ်...

"အားး ခ..ခမည်းတော်...မဖြစ်ဘူး!!ဟင့် ခမည်းတော်..."

ယူကြုံးမရစွာ ငိုရှိုက်နေသော ရှန်ဟီမိဖုရား၏ နောက်ဆုံးအချိန်ဟာလဲ ရောက်လို့လာခဲ့ပြီ သူမဟာ မာနကြီးသူပီပီ သေခါနီးအထိ ယောလ်လေးအား တစ်ချက်စူးစိုက်ကြည့်လိုက်သေးသည်

သူမ၏အဖေရော မောင်အထိ သူမမျက်စိရှေ့တွင် ရက်ရက်စက်စက်သေဆုံးရသည်မို့ သူမလုံးဝမကျေနပ်...

"ဘဝအဆက်ဆက် နင့်ကိုမကျေဘူး ကြင်ယာတော်ယောလ်လေး"

ယောလ်လေး ဘာမှမပြောမိပဲ
စစ်နတ်မင်းရဲ့လက်ကိုသာ တင်းတင်းဆုပ်ကိုင်ထားမိသည်

ရှန်ဟီမိဖုရားဟာ မိမိ၏အဆုံးသတ်အား မကြောက်ရွံ့သလိုနေရင်း အရှေ့တွင်ရှိသည့် အဆိပ်ခွက်ကို ကောက်ယူကာ မော့ချပစ်လိုက်တော့တယ်

"အာ့"

မကြာမီပင် ရှန်ဟီမိဖုရားပါးစပ်ထဲမှ သွေးတွေအန်ကာ ရင်ဘတ်မှနာကျင်မှုနှင့်အတူ သေဆုံးသွားတော့သည်

ထိုမြင်ကွင်းကိုကြည့်ရင်း ယောလ်လေးမျက်ရည်ကျမိတယ်...

အထိန်းတော်ကြီး...
တစ်ချိန်က အထိန်းတော်ကြီးလဲ ဒီလိုခံစားခဲ့ရမှာပဲနော်...

တစ်သက်လုံးယောလ်လေးနဲ့ အတူနေလာခဲ့ပြီးမှ အဆုံးသတ်ကိုကျ အထိန်းတော်ကြီးတစ်ယောက်ထဲ...

အေးစက်မှောင်မိုက်နေတဲ့ အချုပ်ခန်းထဲမှာ အဖော်မဲ့စွာသေခဲ့ရတယ်

ယောလ်လေးတောင်းပန်ပါတယ် အထိန်းတော်ကြီးရယ်...

ပန်းတွေကိုထွက်ကြည့်တုန်းက
ယောလ်လေး အထိန်းတော်ကြီးကို ကာကွယ်ပေးပါ့မယ်ဆိုတဲ့ ကတိမတည်လိုက်နိုင်ဘူးထင်ပါတယ်

ဒီလိုဆိုးတဲ့ယောလ်လေးကို အထိန်းတော်ကြီးခွင့်လွှတ်ပေးပါနော်...

ယောလ်လေးလေ... အထိန်းတော်ကြီးကို သိပ်တွေ့ချင်တာပဲ...

အထိန်းတော်ကြီးနာကျင်ခဲ့ရတာအတွက် ယောလ်လေး တောင်းပန်ချင်လို့ပါ...

ယောလ်လေးမဆိုးတော့ရင် အထိန်းတော်ကြီး ပြန်လာမှာလား...

မျက်ရည်တွေစီးကျနေသော ကြင်ယာတော်ယောလ်လေးကို နားလည်ဟန် စစ်နတ်မင်းကျောပြင်လေးကို အသာပုတ်ပေးမိသည်...

ယောလ်လေးရဲ့ မျက်ရည်စလေးတွေက ပုလဲခသလို ကြွေကျတိုင်း မိမိရင်ထဲတစ်ဆစ်ဆစ်နာကျင်ရပါသည်

စိတ်ချပါ ယောလ်လေး...
ကိုယ်တော်နောက်တစ်ခါ မင်းဆီကဘာကိုမှ မဆုံးရှုံးရအောင် ကာကွယ်ပေးပါ့မယ်...

****************************

!!စစ်နတ်မင်းတိုင်းခန်းလှည့်လည်မယ်!!!

ဆိုတဲ့သတင်းက ယွမ်အင်ပါယာတစ်ခုလုံးထံ ပျံ့နှံလို့သည်... တိကျစေ့စပ်ကာ အင်ပါယာတစ်ခုလုံး တုန်နေအောင် ကြောက်ရသူမို့ စစ်နတ်မင်းတိုင်းခန်းလှည့်လည်မည်ကို အားလုံးကစိတ်ဝင်စားနေကြတယ်

အဓိကကတော့ ကြင်ယာတော်ယောလ်လေး ပါလာမှာကိုပါပဲ...

ကြင်ယာတော်ယောလ်လေးရဲ့ သတင်းဆိုးတွေကလဲရှိသေးတာကြောင့် ဒီသတင်းကို ဘယ်လိုဖျက်မလဲဆိုတဲ့ စစ်နတ်မင်းရဲ့အကြံကိုလဲ အားလုံးကမျှော်လင့်ထားကြသည်

"ယောလ်လေး..."

တိုင်းခန်းလှည့်လည်မည်ဆိုသောကြောင့် ဝတ်စုံပြည့်ဝတ်ကာ စောင့်နေသော ယောလ်လေး...

မြင်သူတိုင်းငေးရလောက်အောင် လှပလွန်းနေပါသည်

ပန်းနုရောင် ဖျော့ဖျော့ ဖဲသားဝတ်စုံလေးကို ပုဝါပါးလေးနဲ့အတူ ဆင်မြန်းထားသည်က တစ်မျိုးလေးနှစ်လိုဖွယ်ကောင်းနေ၍ ယောလ်လေးရဲ့နို့နှစ်ရောင်အသားရည်လေးနဲ့ပင် ပနံသင့်လှသည်

ပျော့ပျောင်းနူးညံ့သော ကေသာလေးတွေ လေပေါ်တွင်ပျံ့ဝဲနေသည်အထိ နေရောင်ခြည်နွေးနွေးအောက်တွင် လှရက်လွန်းနေသော ကလေးငယ်...

စစ်နတ်မင်းခဏတာငေးမိသွားတယ်...

မဟုတ်...စစ်နတ်မင်းတစ်ယောက်ထဲတော့မဟုတ်ချေ... ယောလ်လေးရဲ့လှပမှု အတိဖုံးလွှမ်းနေမှုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အတန်ကြာငေးကြည့်နေမိကြသည်မလား?

"အ..အရှင်..."

ယောလ်လေးရဲ့ အသံပိစိလေးထွက်လာမှ တိတ်ဆိတ်ငြိမ်သက်ကာ ငေးမောနေသော ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည်လှုပ်ရှားလာတော့သည်

ကာယကံရှင် ယောလ်လေးရဲ့ ပါးပြင်မို့မို့လေးတွေကတော့ ပန်းနုရောင်သန်းလို့....

စစ်နတ်မင်းလက်အစုံကို ဖြန့်ပေးလိုက်သောအခါ
ယောလ်လေးရဲ့လက်ချောင်းသွယ်လျလျလေးတွေနဲ့ နူးညံ့အိစက်သောလက်ကလေးက အံဝင်ခွင်ကျစွာ စစ်နတ်မင်းလက်ထဲဝင်လာတယ်...

ထို့နောက် နှစ်ယောက်လုံးထိုင်ရန် ဝေါယာဉ်ထဲဝင်လိုက်ကာ စထွက်ခဲ့တော့သည်...

ယောလ်လေးရဲ့ လက်ကလေးကိုလဲမြဲမြံစွာ ဆုပ်ကိုင်ထားလျက်ပေါ့...

~~စစ်နတ်မင်းကြွလာပြီ....
လမ်းဖယ်ကြ!!!!

စစ်နတ်မင်းနဲ့ကြင်ယာတော်ယောလ်လေးရဲ့ ဝေါယာဉ်ဖြတ်သွားသည်နှင့် လူတွေက မြေကြီးနဲ့ကြမ်းပြင်ကိုထိမတတ်ခေါင်းတွင်တွင် ငုံ့ထားရသည်

မော့ကြည့်တဲ့ခေါင်းက အသတ်ခံရမှာပဲမလား??

သို့သော်လဲ ကြင်ယာတော်ယောလ်လေးပါနေသည်မို့ ပြည်သူတွေကမလှုပ်မယွဖြစ်နေတာကို စစ်နတ်မင်းတွေ့ရတယ်

ယောလ်လေးက တကယ်ပဲရုပ်ဆိုးတဲ့သူဟုတ်မဟုတ်ဆိုတာကို အငြင်းပွားစရာဖြစ်နေဆဲမဟုတ်လား?

"ခဏ!"

ဝေါယာဉ်ကိုရပ်ရန် စစ်နတ်မင်းလက်ကာပြလိုက်ပြီးမှ ယောလ်လေးဘက်ကို တစ်ချက်လှည့်လိုက်သည်

"ယောလ်လေး..."

"ဟုတ်ကဲ့ အရှင်..."

"ကိုယ်တော့်ကိုယုံသလား?"

ရုတ်တရပ်မေးလာသော အရှင့်စကားကြောင့် ယောလ်လေး ခေါင်းလေးသာငြိမ့်ပြမိသည်

"ယောလ်လေး...ယုံတာပေါ့အရှင်ရယ်"

ယောလ်လေးစကားကိုကြားတော့ အရှင်က သက်ပြင်းဖွဖွချကာ အချိုမြိန်ဆုံးပြုံးပြတယ်...

ထို့နောက် စီစဉ်ထားတဲ့အတိုင်း ယောလ်လေး၏ လှပမှုကိုသက်သေပြရန်အတွက် ပထမဦးဆုံးအကြိမ်အဖြစ် တိုင်းပြည်၏မိခင်နေရာကို ခံယူထားရသော ကြင်ယာတော်မင်းသား ယောလ်လေးရဲ့မျက်နှာအား တိုင်းသူပြည်သားတွေကိုတွေ့ခွင့်ပေးရန်သာဖြစ်သည်...

ထို့နောက် စစ်နတ်မင်းက မိမိကိုယ်တိုင် ယောလ်လေးရဲ့မျက်နှာမှ ပုဝါလေးအား ဖြည်းညှင်းစွာခွာချလိုက်တော့သည်...

ရုတ်တရပ်အဖြစ်ပျက်မို့ အားလုံးကြောင်ကြည့်နေမိကြပြီး စစ်နတ်မင်းလုပ်ရပ်အား နားမလည်သလိုစိုက်ကြည့်နေမိကြတယ်

ကြင်ယာတော်ယောလ်လေးမျက်နှာမှ ပုဝါစလေးအား ချွတ်လိုက်သောအခါ....

******************************



Continue Reading

You'll Also Like

33.8K 3.6K 120
This is another milestone.If you are not interested in it just skip and go away.
1M 84.3K 33
Gangsterအဖွဲ့ Firelight၏ Leaderဖြစ်သူ Park Chanyeolနှင့် သာမန်ကျောင်းသားလေး Byun Baekhyunတို့ အဆောင်၌တစ်ခန်းတည်း နေမိကြလေရာ.... Gangsterအဖြဲ႕ Firelig...
169K 6.3K 19
တစ္ခါတစ္ရံမွာ လြတ္ေျမာက္ျခင္းမဆိုသာတဲ့ ေလွာင္ပိတ္မွုေတြကို သခင့္ဆီကအျမတ္တနိုးရယူရတတ္တယ္... Season 3 of *CAGE* (warning:*CAGE* series မ်ားတြင္ Chanyeo...
1.8M 275K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...