Zawgyi>>>
အစီရင္ခံစာေတြကိုျကည့္ေနရင္းမိမိေဘးမွ နွစ္ျခိဳက္စြာ အိပ္ေပ်ာ္ေနေသာ ေယာလ္ေလးကို စစ္နတ္မင္း စိုက္ျကည့္ေနမိတယ္
အေဆာင္ကိုလဲမျပန္ပဲ သူ႔ကိုအနားမွာအေဖာ္ျပဳေပးေနျပီး အခုေတာ့အိပ္ေပ်ာ္ေနျပီေလ...
နွင္းဆီပြင့္လို နွုတ္ခမ္းသားဖူးဖူးေလး...
ေမွးစက္ေနတဲ့မ်က္ခြံမို႔မို႔ေလးကို နႈတ္ခမ္းနွင့္အသာတို႔ထိ နမ္းရိႈက္မိေတာ့ မ်က္လံုးေလးပြင့္လာသည္
"အရွင္..."
ညွင္သာတိုးလ်တဲ့ ေယာလ္ေလးရဲ့ သူ႔ကိုေခၚတဲ့အသံကိုျကားတိုင္း စစ္နတ္မင္းရင္ထဲလိႈက္ဖိုရသည္ဆိုပါက လြန္ရာက်မည္လား?
ေယာလ္ေလးဟာ လိုအပ္သည္ထက္ပို၍ မိမိကိုဆြဲေဆာင္နိုင္လြန္းေနသည္...
ပန္းနုေရာင္သန္းေနေသာ ပါးျပင္ေဖာင္းေဖာင္းေလးအား လက္တစ္ဖက္ျဖင့္တို႔ထိကိုင္တြယ္ေတာ့ အိစက္ေနတဲ့ ဝါဂြမ္းစေလးကို တို႔ထိလိုက္ရသလိုပင္...
အမ်ိဳးမ်ိဳးျပဳစားနိုင္ပါလား ေယာလ္ေလးရယ္....
"အရွင္...စာေတြကဖတ္လို႔ျပီးျပီလားဟင္?"
မိမိရင္ခြင္ထဲ မွီထားေစတာေျကာင့္ ေမာ့ျကည့္လာတဲ့ မ်က္ဝန္းဝိုင္းဝိုင္းေလးေတြနဲ႔ ေယာလ္ေလး...
"ကိုယ္ေတာ္ ေယာလ္ေလးမ်က္နွာေတာ္ေလးကေန အျကည့္ေတြမခြာခ်င္လို႔ပါ"
ထိုစကားေျကာင့္ ပါးျပင္နုနုေလးပန္းနုေရာင္သန္းကာ ရွက္ေသြးျဖာေနေသာ ေကာင္ေလးငယ္...
ရွက္ေနတာေလးကိုက ကိုယ္ေတာ့္အတြက္ ပန္းခ်ီကားတစ္ခ်ပ္လိုပါပဲ ေယာလ္ေလးရယ္...
မိမိရဲ႕ အရွက္သည္းေသာ ျကင္ယာေတာ္ေလးအား ရင္ခြင္ထဲဆြဲနွစ္ကာ တင္းတင္းဖက္ထားမိေတာ့ အံဝင္ခြင္က်ဝင္လာတဲ့ကိုယ္လံုးေလး...
တကယ္ကိုနူးညံ့အိစက္ေနတာပါ...
"ေယာလ္ေလး"
"ဟုတ္ကဲ့ အရွင္"
"ေယာလ္ေလးရွန္ဟီမိဖုရားကို ဘာျဖစ္ေစခ်င္လဲ?"
"ဟင္?"
ရင္ခြင္ထဲမွ ေယာလ္ေလးကိုစိုက္ျကည့္လိုက္ေသာအခါ ေကာင္ေလးမ်က္ဝန္းေတြဟာ ျဖဴစင္ေသာအရိပ္ေရာင္သာေတြ႕ရသည္...
"ေယာလ္ေလးခြင့္လႊတ္နိုင္ပါတယ္အရွင္... ေယာလ္ေလးေျကာင့္ ဘယ္သူ႔ကိုမွဒုကၡမေရာက္ေစခ်င္ဘူး"
ျဖဴစင္လြန္းေသာေယာလ္ေလးကို စစ္နတ္မင္းစိုက္ျကည့္ေနမိတယ္ မိမိအေပၚဒီေလာက္မေကာင္းတဲ့ မိဖုရားကိုမွခြင့္လႊတ္ေပးနိုင္သည္ေလ
ေယာလ္ေလးကခြင့္လႊတ္ေပးနိုင္ရင္ေတာင္ သူခြင့္မလႊတ္နိုင္ေခ်...
ရွန္ဟီမိဖုရားကို ယြမ္နိုင္ငံရဲ့ေစ်းတန္း လူလယ္ေခါင္မွာတင္ အဆိပ္ခတ္သတ္ဖို႔ အမိန္႔ေပးထားျပီးျပီေလ...
"အရွင္.."
အေတြးထဲလြင့္ေျမာေနခိုက္ မိမိပခံုးေလးကို အသာတို႔ထိလာေသာ လက္ေဖာင္းေဖာင္းေလးေတြေျကာင့္ စစ္နတ္မင္းအသာျပံဳးမိတယ္
"အင္း ေျပာေလ ေယာလ္ေလး"
"ေယာလ္ေလး ဒီညအရွင့္ကို အခစားဝင္ပါရေစေနာ္"
စစ္နတ္မင္း မ်က္ခံုးမ်ားပင့္တက္သြားသည္အထိ ေယာလ္ေလးကိုျကည့္လိုက္မိသည္ သူေယာလ္ေလးအေဆာင္ေတာ္ကိုလာေပမဲ့ အခစားမဝင္ခိုင္းသည္ပဲ...
"ေယာလ္ေလး ေနမေကာင္းေသးဘူးမလား? ကိုယ္ေတာ္စိတ္မခ်နိုင္ဘူး"
"ေယာလ္ေလး...အရွင္ ပင္ပန္းေနတာေတြ ေျဖေဖ်ာက္ေပးခ်င္တယ္ ေယာလ္ေလးကိုခြင့္ျပဳေပးပါေနာ္"
စစ္နတ္မင္း
ထိုစကားျကားျပီးေနာက္ ေပ်ာ္ရႊင္မႈေျကာင့္ နႈတ္ခမ္းသားတို႔ကတြန္႔ေကြးလာခဲ့တယ္
သိပ္အလိုက္သိလြန္းတဲ့ ျကင္ယာေတာ္ေလးေပပဲ...
ေယာလ္ေလးရဲ့ ဆံသားနုနုေလးေတြကိုသပ္တင္ကာ နဖူးျပင္ေလးကို ခပ္ဖြဖြနမ္းရိႈက္မိသည္
ျမတ္နိုးရေသာ ေယာလ္ေလးက လိုက္ေလ်ာမွေတာ့ သူ႔အတြက္အျခားေပ်ာ္စရာမ်ိဳးမရွိေတာ့ေခ်...
"ကိုယ္ေတာ္ေစာင့္ေနမယ္ေယာလ္ေလး"
ေယာလ္ေလးနႈတ္ခမ္းသားေလး ျပံဳးေယာင္သန္းသြားကာ ေခါင္းျငိမ့္ျပသည္...
ထိုအမူအရာေလးတစ္ခုခ်င္းဆီကို လိုက္ျကည့္ေနရင္း သူစိတ္မထိန္းနိုင္ေတာ့တာေျကာင့္
စစ္နတ္မင္း ရွင္းကိုေခါင္းျငိမ့္ျပကာ အားလံုးထြက္သြားရန္ အမိန္႔ေပးလိုက္သည္
ထို့ေနာက္ ရွင္းကအလိုက္တသိ စာျကည့္ေဆာင္တံခါးေလးကို ပိတ္ေပးသြားတာေျကာင့္ မ်က္လံုးေလးျပဴးကာျကည့္ေနတဲ့ ေယာလ္ေလး...
နွုတ္ခမ္းေလးပြင့္ဟကာ ျကည့္ေနတဲ့ ေယာလ္ေလးကို စစ္နတ္မင္းခ်က္ခ်င္း နံရံတြင္ဆြဲကပ္လိုက္ကာ နံရံကိုလက္ျဖင့္ေထာက္၍ ေယာလ္ေလးကိုယ္ေလးတစ္ဖက္ကို ခါးသြယ္သြယ္မွ လက္ျဖင့္သိုင္းဖက္ထားတယ္
အလြန္နီးကပ္ေနေသာ မ်က္နွာနွစ္ခုေျကာင့္ ေယာလ္ေလးရဲ့ နူးညံ့အိစက္ေသာ ပါးျပင္ေႏြးေႏြးေလးအား နစ္ဝင္သြားသည္အထိ နမ္းရိွုက္မိသည္
"အ..အရွင္... ဘာျဖစ္လို႔လဲဟင္?"
ရင္ဘတ္ကို အသာတြန္းလာတဲ့ ေယာလ္ေလးရဲ့လက္ကေလးေတြေျကာင့္ လက္ေကာက္ဝတ္နုနုမွ ကိုင္ဆြဲကာ ဖယ္ရွားလိုက္ပီး ေယာလ္ေလးကို မိမိရင္ခြင္ထဲပိုေရာက္သည္အထိ ဖက္ထားမိသည္
"ကိုယ္ေတာ္စိတ္ေတြထိန္းခ်ဳပ္မရေအာင္ မင္းနွုတ္ခမ္းသားေလးေတြက ျပဳစားနိုင္လြန္းတယ္ ေယာလ္ေလး"
ထိုစကားေျကာင့္ ေယာလ္ေလးမ်က္နွာနုနု ပန္းေရာင္သန္းသြားကာ ခဏပင္မျကာလိုက္ စစ္နတ္မင္းရဲ႕နႈတ္ခမ္းတို႔က ေယာလ္ေလးရဲ့ နီေထြးေထြးနႈတ္ခမ္းေလးေတြအား ငံုခဲေတာ့တယ္...
နူးညံ့အိစက္ေသာ အထိအေတြ႕ေလးက စစ္နတ္မင္းကိုအသက္ရႈရပ္မတတ္ပင္ ခံစားရေစသည္...
ေယာလ္ေလးရဲ့ နွုတ္ခမ္းသားနုနုအား စိတ္ရွိလက္ရွိသာနမ္းရပါက တကယ္ပင္ေပါက္ထြက္သြားေတာ့မွာအမွန္...
အတတ္နိုင္ဆံုး နူးညံ့ေပးခ်င္သည္မို႔ စိတ္ဆႏၵကိုခ်ဳပ္ထိန္းကာ လႊတ္ေပးလိုက္ေတာ့ ေယာလ္ေလးနွုတ္ခမ္းသားေလးေတြက ဖူးဖူးေလးပင္ျဖစ္ေနျပီ...
"အရွင္...ဆိုးပါတယ္"
"ဘာလို႔လဲ ေယာလ္ေလးရဲ့"
"ေယာလ္ေလးနွုတ္ခမ္းေလးကို အျကာျကီးနမ္းတယ္ေလ...ေယာလ္ေလးနွုတ္ခမ္းေလး ေပါက္သြားရင္အရွင့္ေျကာင့္ပါေနာ္"
အသဲယားစရာေကာင္းစြာ နႈတ္ခမ္းေလးဆူကာဆူကာ ေျပာလာတဲ့ ေယာလ္ေလး..
စစ္နတ္မင္း၏ ထိန္းခ်ဳပ္မႈအတိုင္းအတာဟာ ေက်ာ္လြန္သြားေခ်ျပီ...
ျကင္ယာေတာ္ေယာလ္ေလးရဲ့ ခါးသြယ္သြယ္မွေနကိုင္ကာ မိမိဘက္ပါေအာင္ဆြဲယူ၍ နွုုတ္ခမ္းသားနုနုကို စစ္နတ္မင္းအနမ္းေတြျပန္႔က်ဲလိုက္ေတာ့သည္..
"အု..."
အသံေသးေသးေလးသာထြက္လာေသာ ျကင္ယာေတာ္ေယာလ္ေလးရဲ႕အလွေျကာင့္ စိတ္မထိန္းနိုင္တဲ့စစ္နတ္မင္းလက္ခ်က္ျဖင့္ နွုတ္ခမ္းသားနုနုေလးမွာ ရစရာမရွိေအာင္ နမ္းခံလိုက္ရသည္ဆိုလွ်င္...
ထိုေန႔က စာျကည့္ေဆာင္ထဲမွ စစ္နတ္မင္းသည္ ျကင္ယာေတာ္ေယာလ္ေလးကို ေတာ္ေတာ္နဲ႔လႊတ္မေပးခဲ့ပါ...
******************************
Unicode>>>
အစီရင်ခံစာတွေကိုကြည့်နေရင်းမိမိဘေးမှ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ယောလ်လေးကို စစ်နတ်မင်း စိုက်ကြည့်နေမိတယ်
အဆောင်ကိုလဲမပြန်ပဲ သူ့ကိုအနားမှာအဖော်ပြုပေးနေပြီး အခုတော့အိပ်ပျော်နေပြီလေ...
နှင်းဆီပွင့်လို နှုတ်ခမ်းသားဖူးဖူးလေး...
မှေးစက်နေတဲ့မျက်ခွံမို့မို့လေးကို နှုတ်ခမ်းနှင့်အသာတို့ထိ နမ်းရှိုက်မိတော့ မျက်လုံးလေးပွင့်လာသည်
"အရှင်..."
ညှင်သာတိုးလျတဲ့ ယောလ်လေးရဲ့ သူ့ကိုခေါ်တဲ့အသံကိုကြားတိုင်း စစ်နတ်မင်းရင်ထဲလှိုက်ဖိုရသည်ဆိုပါက လွန်ရာကျမည်လား?
ယောလ်လေးဟာ လိုအပ်သည်ထက်ပို၍ မိမိကိုဆွဲဆောင်နိုင်လွန်းနေသည်...
ပန်းနုရောင်သန်းနေသော ပါးပြင်ဖောင်းဖောင်းလေးအား လက်တစ်ဖက်ဖြင့်တို့ထိကိုင်တွယ်တော့ အိစက်နေတဲ့ ဝါဂွမ်းစလေးကို တို့ထိလိုက်ရသလိုပင်...
အမျိုးမျိုးပြုစားနိုင်ပါလား ယောလ်လေးရယ်....
"အရှင်...စာတွေကဖတ်လို့ပြီးပြီလားဟင်?"
မိမိရင်ခွင်ထဲ မှီထားစေတာကြောင့် မော့ကြည့်လာတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ ယောလ်လေး...
"ကိုယ်တော် ယောလ်လေးမျက်နှာတော်လေးကနေ အကြည့်တွေမခွာချင်လို့ပါ"
ထိုစကားကြောင့် ပါးပြင်နုနုလေးပန်းနုရောင်သန်းကာ ရှက်သွေးဖြာနေသော ကောင်လေးငယ်...
ရှက်နေတာလေးကိုက ကိုယ်တော့်အတွက် ပန်းချီကားတစ်ချပ်လိုပါပဲ ယောလ်လေးရယ်...
မိမိရဲ့ အရှက်သည်းသော ကြင်ယာတော်လေးအား ရင်ခွင်ထဲဆွဲနှစ်ကာ တင်းတင်းဖက်ထားမိတော့ အံဝင်ခွင်ကျဝင်လာတဲ့ကိုယ်လုံးလေး...
တကယ်ကိုနူးညံ့အိစက်နေတာပါ...
"ယောလ်လေး"
"ဟုတ်ကဲ့ အရှင်"
"ယောလ်လေးရှန်ဟီမိဖုရားကို ဘာဖြစ်စေချင်လဲ?"
"ဟင်?"
ရင်ခွင်ထဲမှ ယောလ်လေးကိုစိုက်ကြည့်လိုက်သောအခါ ကောင်လေးမျက်ဝန်းတွေဟာ ဖြူစင်သောအရိပ်ရောင်သာတွေ့ရသည်...
"ယောလ်လေးခွင့်လွှတ်နိုင်ပါတယ်အရှင်... ယောလ်လေးကြောင့် ဘယ်သူ့ကိုမှဒုက္ခမရောက်စေချင်ဘူး"
ဖြူစင်လွန်းသောယောလ်လေးကို စစ်နတ်မင်းစိုက်ကြည့်နေမိတယ် မိမိအပေါ်ဒီလောက်မကောင်းတဲ့ မိဖုရားကိုမှခွင့်လွှတ်ပေးနိုင်သည်လေ
ယောလ်လေးကခွင့်လွှတ်ပေးနိုင်ရင်တောင် သူခွင့်မလွှတ်နိုင်ချေ...
ရှန်ဟီမိဖုရားကို ယွမ်နိုင်ငံရဲ့ဈေးတန်း လူလယ်ခေါင်မှာတင် အဆိပ်ခတ်သတ်ဖို့ အမိန့်ပေးထားပြီးပြီလေ...
"အရှင်.."
အတွေးထဲလွင့်မြောနေခိုက် မိမိပခုံးလေးကို အသာတို့ထိလာသော လက်ဖောင်းဖောင်းလေးတွေကြောင့် စစ်နတ်မင်းအသာပြုံးမိတယ်
"အင်း ပြောလေ ယောလ်လေး"
"ယောလ်လေး ဒီညအရှင့်ကို အခစားဝင်ပါရစေနော်"
စစ်နတ်မင်း မျက်ခုံးများပင့်တက်သွားသည်အထိ ယောလ်လေးကိုကြည့်လိုက်မိသည် သူယောလ်လေးအဆောင်တော်ကိုလာပေမဲ့ အခစားမဝင်ခိုင်းသည်ပဲ...
"ယောလ်လေး နေမကောင်းသေးဘူးမလား? ကိုယ်တော်စိတ်မချနိုင်ဘူး"
"ယောလ်လေး...အရှင် ပင်ပန်းနေတာတွေ ဖြေဖျောက်ပေးချင်တယ် ယောလ်လေးကိုခွင့်ပြုပေးပါနော်"
စစ်နတ်မင်း
ထိုစကားကြားပြီးနောက် ပျော်ရွှင်မှုကြောင့် နှုတ်ခမ်းသားတို့ကတွန့်ကွေးလာခဲ့တယ်
သိပ်အလိုက်သိလွန်းတဲ့ ကြင်ယာတော်လေးပေပဲ...
ယောလ်လေးရဲ့ ဆံသားနုနုလေးတွေကိုသပ်တင်ကာ နဖူးပြင်လေးကို ခပ်ဖွဖွနမ်းရှိုက်မိသည်
မြတ်နိုးရသော ယောလ်လေးက လိုက်လျောမှတော့ သူ့အတွက်အခြားပျော်စရာမျိုးမရှိတော့ချေ...
"ကိုယ်တော်စောင့်နေမယ်ယောလ်လေး"
ယောလ်လေးနှုတ်ခမ်းသားလေး ပြုံးယောင်သန်းသွားကာ ခေါင်းငြိမ့်ပြသည်...
ထိုအမူအရာလေးတစ်ခုချင်းဆီကို လိုက်ကြည့်နေရင်း သူစိတ်မထိန်းနိုင်တော့တာကြောင့်
စစ်နတ်မင်း ရှင်းကိုခေါင်းငြိမ့်ပြကာ အားလုံးထွက်သွားရန် အမိန့်ပေးလိုက်သည်
ထို့နောက် ရှင်းကအလိုက်တသိ စာကြည့်ဆောင်တံခါးလေးကို ပိတ်ပေးသွားတာကြောင့် မျက်လုံးလေးပြူးကာကြည့်နေတဲ့ ယောလ်လေး...
နှုတ်ခမ်းလေးပွင့်ဟကာ ကြည့်နေတဲ့ ယောလ်လေးကို စစ်နတ်မင်းချက်ချင်း နံရံတွင်ဆွဲကပ်လိုက်ကာ နံရံကိုလက်ဖြင့်ထောက်၍ ယောလ်လေးကိုယ်လေးတစ်ဖက်ကို ခါးသွယ်သွယ်မှ လက်ဖြင့်သိုင်းဖက်ထားတယ်
အလွန်နီးကပ်နေသော မျက်နှာနှစ်ခုကြောင့် ယောလ်လေးရဲ့ နူးညံ့အိစက်သော ပါးပြင်နွေးနွေးလေးအား နစ်ဝင်သွားသည်အထိ နမ်းရှိုက်မိသည်
"အ..အရှင်... ဘာဖြစ်လို့လဲဟင်?"
ရင်ဘတ်ကို အသာတွန်းလာတဲ့ ယောလ်လေးရဲ့လက်ကလေးတွေကြောင့် လက်ကောက်ဝတ်နုနုမှ ကိုင်ဆွဲကာ ဖယ်ရှားလိုက်ပီး ယောလ်လေးကို မိမိရင်ခွင်ထဲပိုရောက်သည်အထိ ဖက်ထားမိသည်
"ကိုယ်တော်စိတ်တွေထိန်းချုပ်မရအောင် မင်းနှုတ်ခမ်းသားလေးတွေက ပြုစားနိုင်လွန်းတယ် ယောလ်လေး"
ထိုစကားကြောင့် ယောလ်လေးမျက်နှာနုနု ပန်းရောင်သန်းသွားကာ ခဏပင်မကြာလိုက် စစ်နတ်မင်းရဲ့နှုတ်ခမ်းတို့က ယောလ်လေးရဲ့ နီထွေးထွေးနှုတ်ခမ်းလေးတွေအား ငုံခဲတော့တယ်...
နူးညံ့အိစက်သော အထိအတွေ့လေးက စစ်နတ်မင်းကိုအသက်ရှုရပ်မတတ်ပင် ခံစားရစေသည်...
ယောလ်လေးရဲ့ နှုတ်ခမ်းသားနုနုအား စိတ်ရှိလက်ရှိသာနမ်းရပါက တကယ်ပင်ပေါက်ထွက်သွားတော့မှာအမှန်...
အတတ်နိုင်ဆုံး နူးညံ့ပေးချင်သည်မို့ စိတ်ဆန္ဒကိုချုပ်ထိန်းကာ လွှတ်ပေးလိုက်တော့ ယောလ်လေးနှုတ်ခမ်းသားလေးတွေက ဖူးဖူးလေးပင်ဖြစ်နေပြီ...
"အရှင်...ဆိုးပါတယ်"
"ဘာလို့လဲ ယောလ်လေးရဲ့"
"ယောလ်လေးနှုတ်ခမ်းလေးကို အကြာကြီးနမ်းတယ်လေ...ယောလ်လေးနှုတ်ခမ်းလေး ပေါက်သွားရင်အရှင့်ကြောင့်ပါနော်"
အသဲယားစရာကောင်းစွာ နှုတ်ခမ်းလေးဆူကာဆူကာ ပြောလာတဲ့ ယောလ်လေး..
စစ်နတ်မင်း၏ ထိန်းချုပ်မှုအတိုင်းအတာဟာ ကျော်လွန်သွားချေပြီ...
ကြင်ယာတော်ယောလ်လေးရဲ့ ခါးသွယ်သွယ်မှနေကိုင်ကာ မိမိဘက်ပါအောင်ဆွဲယူ၍ နှုတ်ခမ်းသားနုနုကို စစ်နတ်မင်းအနမ်းတွေပြန့်ကျဲလိုက်တော့သည်..
"အု..."
အသံသေးသေးလေးသာထွက်လာသော ကြင်ယာတော်ယောလ်လေးရဲ့အလှကြောင့် စိတ်မထိန်းနိုင်တဲ့စစ်နတ်မင်းလက်ချက်ဖြင့် နှုတ်ခမ်းသားနုနုလေးမှာ ရစရာမရှိအောင် နမ်းခံလိုက်ရသည်ဆိုလျှင်...
ထိုနေ့က စာကြည့်ဆောင်ထဲမှ စစ်နတ်မင်းသည် ကြင်ယာတော်ယောလ်လေးကို တော်တော်နဲ့လွှတ်မပေးခဲ့ပါ...
******************************