Odium(fanfic)

By AnnaLynn666

107K 13.9K 3K

Another work of mine... More

မဖတ်ခင်အရင်ဖတ်စေချင်သော
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Par-14
Part-15
Part-16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part- 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Part - 43
Part - 44 :
Part - 45
Part - 46
Ending
ကျေးဇူးတင်လွှာ

Part - 35

1.3K 236 26
By AnnaLynn666

“Krist Sama!!!”

သူ့ကို မြင်သည်နှင့် အပြေးလာသည့် Keiji ကို သူ ကြည့်လိုက်မိသည်။ Keiji ပုံစံက ဘာကြောင့်များ ထိုမျှထိ သွေးပျက်နေရသည်လဲ။ ငိုထားသဖြင့် မို့အစ်နေသည့် မျက်လုံးများကို သူ မြင်နေရသည်။ Keiji ၏ ထိုသို့သော ပုံစံကို သူ ပထမဆုံးမြင်ဖူးခြင်း။ Keiji ထိုသို့ ဖြစ်နေသည်ကို မြင်ရုံဖြင့် သူ့ဖခင် တစ်ခုခုဖြစ်နေသည်ဟု သူ တပ်အပ်သိလိုက်ခဲ့သည်။

“ကျွန်တော်တို့ အိမ်အရင်ပြန်ကြမယ်…”

သူ့စကားကို နာခံစွာခေါင်းညိတ်ပြလာသည့် Keiji… ညှိုးငယ်စွာ ယိုင်နဲ့သည့်ခြေလှမ်းများဖြင့် သူ့နောက်မှ လိုက်နေသည့် Keiji ကို သူ တစ်ချက်လှည့်ကြည့်လိုက်ခဲ့သည်။

“Sing…”

လမ်းတစ်လျှောက်လုံး သူ့ဘေးတွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေသည့် Singto အား သူခေါ်လိုက်ခဲ့သည်။

“မင်း ငါတို့နဲ့လိုက်ခဲ့လိုက်…”

Singto မယုံနိုင်စွာ Krist အား မျက်လုံးအဝိုင်းသားဖြင့် ကြည့်လိုက်မိသည်။ Keiji ၏ ပုံစံအရ သူတို့ ဂိုဏ်း၏ အရေးကြီးသည့် အနေအထားတစ်ခုသို့ ရောက်နေသည်မဟုတ်ဘူးလား။ ထိုသို့ ဖြစ်နေသည့်အနေအထားတွင် Krist သည် သူ့အား ခေါ်သည်ပေါ့။

“မင်းလည်းငါတို့ မိသားစုပဲလေ…”

သူ့ ကြောင်အနေမှုအား မျက်မှောင်ကြုတ်ကာ ဖြေရှင်းလာသည့် Krist ကြောင့် သူ သတိရသွားခဲ့သည်။ သူသည်လည်း Yamaguchi ဂိုဏ်းသားတစ်ယောက်ပဲကို…

“ဟုတ်…”

သူ တလေးတစား ဟုတ် ဟူ၍သာ ဖြေလိုက်ခဲ့သည်။ ယခုအနေအထားသည် Yamaguchi ၏ အကြပ်အတည်းအခြေအနေတစ်ခုဖြစ်ကောင်းဖြစ်နိုင်သည်။ Keiji Tsukasa ၏ သွေးပျက်နေသော ပုံစံကို ကြည့်ရုံဖြင့် Reiji Tsukasa သည် တစ်စုံတစ်ခု ဖြစ်နေနိုင်လောက်သည်။ မည်သူကများ Reiji Tsukasa, Yamaguchi ဂိုဏ်း၏ ခေါင်းဆောင်ကို တစ်ခုခု လုပ်နိုင်ရသည်တဲ့လဲ။ တော်တော်တော့ စိတ်ဝင်စားဖို့ ကောင်းသည်ဟု သူ ထင်သည်။

====

“Keiji Nii San ဘာဖြစ်လို့လဲ…”

သူအိမ်ရောက်ရောက်ချင်း မေးလိုက်မိခဲ့သည်။

“Reiji Sama ပျောက်နေတယ်…”

“Huh!”

သူ မျက်မှောင်ကြုတ်လိုက်ခဲ့သလို Singto သည်လည်း သူ့အား ကြည့်လာခဲ့သည်။ Reiji Tsukasa ပျောက်နေသည်တဲ့။

“သူ့ကို နောက်ဆုံး Flying Dragon က လူတွေဖမ်းခေါ်သွားတာ တွေ့လိုက်တယ်လို့ပြောတယ်…”

Keiji ၏ အငိုမျက်နှာ… Flying Dragon… Traids ဘာကြောင့် သူ့ဖခင်သည် Traids ၏ လက်တွင်းသက်ဆင်းသွားရသည်လဲ။ Keiji ၏ စိတ်ပူပင်နေမှုအရ သူ့ဖခင်သည် Keiji အား မည်သည့်စကားကိုမှလည်း မှာသွားပုံမရ။ ထို့အပြင် ထိုသို့ သူကိုယ်တိုင် ရှေ့သို့ထွက်ခြင်းသည် ပုံမှန်ဖြစ်ရပ်မျိုးမဟုတ်။ သူ မရှိသည့် တစ်ပတ်အတွင်းတွင် ဘာတွေဖြစ်ကုန်ကြတာလဲ ဟုသာ သူ မေးလိုက်ချင်မိသည်။

“ကျွန်တော့်ကို တစ်ခုချင်းအရင်ရှင်းပြလို့ရမလား…”

Krist စိတ်လှုပ်ရှားလွန်းနေသော Keiji အား အကဲခတ်လိုက်မိသည်။ Keiji သည် သူ့ဖခင်အား မျက်စိအောက်မှ အပျောက်မခံနိုင်လောက်အောင် ချစ်သည့်သူ။ သူ့ဖခင်သည်လည်း Keiji အား အစစအရာရာ မှာကြားပြီးမှ ကိစ္စများအား ဆောင်ရွက်သည့်သူ။ ယခုဖြစ်ရပ်က သူ့ဖခင် ကြိုတင်မတွေးထားမိသည့် ဖြစ်ရပ်တစ်ခုခုများလား။ သူ့ကို ဘာကြောင့် သူ့ဖခင်သည် Umekaze အား လက်ရှောင်ခိုင်းထားရသည်လဲ။ အတွေးတို့ဖြင့် သူ နစ်မျောနေမိခဲ့သည်။

Singto အတွေးတို့ဖြင့် ငြိမ်သက်နေသည့် Krist ကို တစ်ချက်ကြည့်လိုက်ခဲ့ပြီး စိတ်လှုပ်ရှားလွန်းနေခဲ့သည့် Keiji ဘေးတွင် အသာထိုင်ကာ သူ ရေနွေးပူတစ်ခွက်အား ကမ်းပေးလိုက်ခဲ့တော့ သူ့အား ကြည့်လာသည့် Keiji… ယာကူဇာ တစ်ယောက်အနေဖြင့် Keiji သည် Reiji အားထိုမျှထိ မချစ်သင့်၊ စိတ်မပျော့သင့်ဟု သူ ထင်သည်။ သို့သော် တစ်ဖက်မှ ပြန်စဉ်းစားလျှင်လည်း Reiji Tsukasa သည် တစ်ကြိမ်တစ်ခါမှပင် ကိုယ်တိုင် ရှေ့ထွက်ခြင်း မရှိဘဲ ပြဿနာများကို ဖြေရှင်းတတ်သူ တစ်ဦးဟု အလွယ်သိမြင်နိုင်သည်။ ထို့အတွက်သာ Reiji Tsukasa ၏ အနီးဆုံးသူသည် ယခုကဲ့သို့ ပူပင်မှုများရှိနေရသည်မဟုတ်ပါလား။

Keiji သူ့လက်မှ ရေနွေးခွက်အား ကိုင်လိုက်ခဲ့သည်။ သူ တစ်ငုံနှစ်ငုံလောက် သောက်ပြီးချိန်တွင် လှုပ်ရှားနေခဲ့သော သူ့စိတ်တို့သည် ပြန်လည် ငြိမ်သက်လာခဲ့သည်။ Reiji Tsukasa ပျောက်ဆုံးသွားသည့် ၄၈ နာရီသည် သူ့အတွက် ငရဲပမာ။ သူ ထိုသူ မရှိတော့မည်ကို စဉ်းစားမိသည်နှင့် အလိုလို တုန်လှုပ်လာခဲ့သည်။ သူ့ဘဝအတွက် Reiji Tsukasa သည် မရှိ၍ မဖြစ်။

“ပထမ Umekaze က ကျွန်တော်တို့ ထိုင်းက ဂိုဏ်းခွဲကို အရင်လာတိုက်ခိုက်ပါတယ်… Reiji Sama ကြိုတင်ခန့်မှန်းထားတဲ့အတိုင်းဖြစ်လာခဲ့တယ်… Reiji Sama က ထိုင်းမှာ ဘာမှ မတုံ့ပြန်ခိုင်းလို့ ကျွန်တော်တို့ မတုံ့ပြန်ခဲ့ကြပါဘူး… မကြာဘူး ဂျပန်မှာပါ သူတို့ရဲ့ တိုက်ခိုက်မှုက စတင်ခဲ့တယ်… Umekaze က ဂိုဏ်းတွေအကုန်လုံး ချစ်ကြည်ရေးယူထားတာကို စဖောက်လာခဲ့တယ်… ကျန်တဲ့ နှစ်ဂိုဏ်းကတော့ ဝင်မပါခဲ့ပါဘူး… ဂျပန်အစိုးရဘက်ကလည်း အဲ့ဒီကိစ္စကို လျစ်လျူရှုထားခဲ့ပါတယ်…”

“အင်း…”

သူ့ဖခင်၏ ဆုံးဖြတ်ချက်သည်မှန်ကန်သည်။ Yamaguchi အတွက် ထိုင်းနိုင်ငံတွင် Umekaze အား ပြန်လည်တုံ့ပြန်ခြင်းသည် သူတို့အတွက် အနိုင်ရသည့် တိုက်ပွဲငယ်တစ်ခုသာ။ ထိုင်းတွင် သူတို့ဘက်မှ မင်းသားရှိနေခဲ့သည့်အတွက် သူတို့အချိန်မရွေး ထို Umekaze ကို တုံ့ပြန်နိုင်သည်။ ထို့အပြင် ထိုင်းတွင် တုံ့ပြန်တိုက်ခိုက်ခြင်းက သူတို့ ယာကူဇာအချင်းချင်း တိုက်ခိုက်မှုအား မင်းသားငယ်အား ဖွင့်လှစ်ပြလိုက်သလို ဖြစ်သွားနိုင်သေးသည်။ တိုက်ပွဲတစ်ခုအား မျက်စိရှေ့တွင်ထားခြင်းအားဖြင့် Aroon သည် သူတို့ယာကူဇာများ၏ အားသာချက်အားနည်းချက်၊ အခြားသော ယဉ်ကျေးမှု လုပ်ထုံးလုပ်နည်းများကို မြင်တွေ့လေ့လာသွားနိုင်သည်။ သူတို့ Yamaguchi သည် ထိုင်းတွင် တရားဝင်လှုပ်ရှားနိုင်သော်လည်း ထိုင်းနိုင်ငံသည် သူတို့၏ အမိမြေမဟုတ်။ ထိုအချိန်တွင်တစ်ခုခုဖြစ်လာခဲ့လျှင် သူတို့၏ အရှုံးသား။ ကိုယ့်နိုင်ငံသား အချင်းချင်း ဖြစ်သည့် ပြဿနာတွင် ကိုယ့်အမိမြေတွင်သာ ဖြေရှင်းရမည်။

သူတို့ ဂျပန်နိုင်ငံတွင် မြောက်မြားစွာရှိသည့် ယာကူဇာဂိုဏ်းများတွင် အင်အားကြီးဂိုဏ်းက လေးခုသာ ရှိသည်။ ထိုလေးခုလုံးအား မည်သည့်တိုက်ခိုက်မှုမှ မရှိစေရန် အစိုးရမှလည်း ချစ်ကြည်ရေးသဘောတူညီချက်တစ်ခုကို ယူထားစေခဲ့သည်။ ယခု Umekaze သည် ထို သဘောတူညီချက်အား ချိုးဖောက်လာခဲ့ပြီ။ ထို့အတွက် ဂျပန်အစိုးရသည်လည်း Umekaze အား ရှင်းထုတ်ရန် ကြိုးပမ်းလိမ့်မည်။ သူ့ဖခင်သည် ထိုသို့သော မိမိလက်တွင် သွေးမစွန်းမည့် အကြံအစည်ကို ကြံစည်ထားခဲ့ပြီး ဘာကြောင့်များ Traids နောက်သို့ ပါသွားခဲ့ရသည်လဲ။ ဘာကြောင့် တရုတ်များက သူတို့ တိုက်ပွဲဖြစ်နေကြချိန်တွင် ရောက်လာရသည်တဲ့လဲ။

“ကျွန်တော်က ဒီ ထိုင်းဘက်မှာ ပြဿနာတွေကို ဖြေရှင်းနေချိန်မှာ Reiji Sama က အခုလို ဖြစ်သွားရတယ်… ကျွန်တော် Reiji Sama ဘေးမှာ ရှိမနေခဲ့ဘူး…”

Keiji ခေါင်းငုံ့သွားသည်ကို ကြည့်ပြီး Krist မျက်မှောင်ကြုတ်လိုက်ခဲ့သည်။ အဖြေတစ်ခု ထွက်လာဖို့အတွက် သူ့တွင် အစိတ်အပိုင်းတစ်ချို့ လိုအပ်နေသေးသည်။

“Keiji Nii san…”

သူ ခေါင်းငုံ့ကာ ရေနွေးခွက်အား ကြည့်နေသည့် Keiji အား ခေါ်လိုက်တော့ သူ့အား မော့ကြည့်လာသည့် Keiji… ထိုမျက်ဝန်းများထဲတွင် သူ့ဖခင်အား မည်သို့မျှဆုံးရှုံးမခံနိုင်သည့် အရိပ်အယောင်များပါဝင်နေခဲ့သည်။ သူ့ဖခင်သာ မရှိတော့ဘူးဆိုလျှင် ပြိုလဲသွားနိုင်သည့် အရိပ်အယောင်များ။ သူ သူ့ဖခင်နှင့် Keiji ၏ ဇာတ်လမ်းအား ကြားဖူးသည်။ Keiji သည် နာကျင်ခြင်းဆိုသည့် ခံစားချက်ကို မခံစားနိုင်တော့အောင်ပင် ခံစားချက်တို့ပျောက်ရှဖူးသည့်သူ။ သူ့ဖခင်က Keiji အား နာကျင်ခြင်းဆိုသည့် ခံစားချက်အား ပြန်လည်ရှာဖွေပေးနိုင်သည့်သူ။ နာကျင်ခြင်းသည် လူသားဆန်လွန်းသည့် ခံစားချက်ဟု သူ့ဖခင်က သူ့အား တစ်ခါပြောဖူးခဲ့သည်။ နာကျင်ခြင်းကိုသာ မခံစားနိုင်ခဲ့ဘူးဆိုလျှင် ထိုသူသည် လူသားတစ်ဦး မဟုတ်တော့။ သူ ထိုသို့ တွေးနေမိရင်းမှ Singto အား ဘာရယ်မဟုတ်ကြည့်လိုက်မိသည်။ ထိုသူသည် နာကျင်ခြင်းကိုရော ခံစားတတ်ရဲ့လား။ ထိုသူသည် လူသားတစ်ယောက်ရော ဟုတ်ပါရဲ့လား။

“ကျွန်တော် ChiChi ကိုယုံတယ်…”

သူ ထိုစကားတစ်ခွန်းကိုသာ ပြတ်သားစွာပြောလိုက်ခဲ့သည်။ သူ့ဖခင်အနေဖြင့် ထိုသို့ အဖမ်းခံရသည် ဆိုသည်ကို သူ လုံးဝမယုံကြည်။ ထိုသို့အဖမ်းခံရခြင်းက သူ့ဖခင်၏ Image အား ပြင်းထန်စွာ ထိခိုက်နိုင်သည့် ကိစ္စတစ်ရပ်။ ထိုသို့သော ကိစ္စကို သူ့ဖခင်က ဘာကြောင့်များ လက်လွတ်စပယ် ဖြစ်စေရမည်လဲ။ သူ့ ဖခင် သူ့အား ထားခဲ့သည့် ကိစ္စများကို သူ စပ်ဆက်ရန် လိုအပ်နေသေးသည်။

Keiji သူ့အား ပြောလာသည့် Krist ကို မျက်လုံးဝိုင်းများဖြင့် ကြည့်လိုက်ခဲ့သည်။ ထိုကောင်လေးသည် Reiji အား ပူပန်မနေခဲ့။ Reiji သည် အကြောင်းတစ်ခုခုကြောင့်သာ ထိုသို့သော ဖြစ်ရပ်ကို အဖြစ်ခံသည် ဆိုသည့် နားလည်မှုဖြင့်သာ ရှိနေခဲ့သည်။ ထိုကောင်လေးသည် သူ့ထက်ပင် Reiji အား ယုံကြည်နေသေးသည်။ သို့ဆိုလျှင် သူကရော… သူက ဘာကြောင့် Reiji အား မယုံကြည်ရသည်လဲ။ သူ့တွင် အရာရာဆုံးရှုံးဖူးပြီးပြီ။ သူ့တွင် မည်သည့်အရာကိုမှ ပိုင်ဆိုင်ထားခြင်းမရှိခဲ့။ သို့သော် သူ့ဘဝတွင် Reiji ရှိလာခဲ့သည်။ သူသည် Reiji အား မပိုင်ဆိုင်သော်လည်း Reiji ၏ ပိုင်ဆိုင်မှုတစ်ခုအဖြစ် သူ့ဘဝသည် အဓိပ္ပာယ်ရှိလာခဲ့သည်။ Reiji သာ မရှိတော့ဘူးဆိုလျှင်…

“Keiji Nii San က ကျွန်တော့်ထက်အရင် ChiChi နဲ့တွေ့ခဲ့တဲ့သူပါ…သူ့ကိုယုံကြည်သင့်တယ် မထင်ဘူးလား… ကျွန်တော့်ကို ယုံပါ… ChiChi က ကိစ္စမရှိဘဲ အခုလို အဖြစ်ခံမဲ့သူတစ်ယောက်မဟုတ်ဘူး… Keiji Nii San နားသင့်ပြီ…”

သူ Keiji အား တည်ငြိမ်စွာပြောလိုက်တော့ သူ့အား ခေါင်းညိတ်ပြလိုက်သည့် Keiji… သူ Keiji အား စိုးရိမ်နေသည်ကို နားလည်သည်။ သူ့ဖခင်သည်လည်း လူသားတစ်ဦးမို့ အမှားအယွင်းများ လုပ်ကောင်းလုပ်နိုင်သည်။ သို့သော် သူ သိသည့် သူ့ဖခင်သည် လူသားတစ်ယောက်မှ မဟုတ်ပဲ… လူရေခွံခြုံထားသည့် မကောင်းဆိုးဝါးတစ်ကောင်မဟုတ်ဘူးလား။ သူရော ဘာထူးလို့လဲ… သူ့ပတ်ဝန်းကျင်က လူများကရော ဘာထူးလို့လဲ။ အကုန်လုံးက လူသားဆန်နေကြသည်မှ မဟုတ်ပဲ။

=====

“မင်း အဆင်ပြေရဲ့လား…”

သူ့အခန်းထဲရှိစာကြည့်စားပွဲတွင် ထိုင်နေရင်း သူ အတွေးတို့ဖြင့် နစ်နေချိန်တွင် သူ့ဘေးတွင် ရပ်လာသည့် Singto… သူ ခေါင်းသာ ညိတ်ပြလိုက်ခဲ့သည်။ သူ့ဘေးတွင် ရပ်နေသည့် Singto အား သူ လျစ်လျူရှုကာ သူ့ဖခင်လုပ်ခဲ့သည့် ကိစ္စများကို သူ တစ်ခုချင်း ပြန်သုံးသပ်နေမိခဲ့သည်။ သူ့ ဖခင်သည် ဘာကြောင့်… Traids နှင့် Umekaze သည် ပူးပေါင်းနေသည်လား။ ထိုနှစ်ဖွဲ့လုံးအား တစ်ကြိမ်တည်းဖြင့် ဖြေရှင်းချင်လို့လား။ ထိုအရာလောက်နှင့်တော့ သူ့ဖခင်ကိုယ်တိုင် လိုက်သွားစရာမှ မလိုပဲ… Umekaze သည် နဂိုကတည်းက မိမိတို့ကိုယ်တိုင် ဖြေရှင်းစရာလိုသည့် အဖွဲ့တစ်ဖွဲ့မှ မဟုတ်ပဲ။ Traids အတွက်ပဲလား… Traids ကရော… သူတို့နှင့် Umekaze ၏ ကိစ္စများကို ဘာကြောင့်များ အချိန်ကိုက်သိနေရသည်လဲ။

သူ တစ်ခုချင်း ဆက်စပ်စဉ်းစားနေမိခဲ့သည်။ နောက်ကွယ်ကလူ… ထိုအတွေးကြောင့် သူ့အတွေးသည် လက်ကနဲ။ တိုက်ဆိုင်မှုဆိုသည့် စကားကို သူ မယုံကြည်။ လောကတွင် တိုက်ဆိုင်မှုဆိုသည်က ကိုယ်ကိုယ်တိုင် ဖြစ်လာအောင် ဖြစ်ရပ်သေးသေးလေးများဖြင့် ဖန်တီးခြင်းသက်သက်။ ထို့အတွက် ထိုသို့ ဖြစ်လာအောင် ကွင်းဆက်ချိတ်ခဲ့သည့် သူတစ်ဦးရှိနေဦးမည်။ Umekaze နှင့် Traids သည် ထိုသူ၏ နယ်ရုပ်သက်သက်… မည်သို့သော သူမျိုးက သူ့ဖခင်၏ စိတ်ဝင်စားမှုအား ရယူနိုင်ခဲ့သည်လဲ။ နောက်ပြီး နယ်ရုပ်များ၏ စေစားမှုအတိုင်း လိုက်ပါသွားခြင်းက တစ်ဖက်သား လိုချင်သည့် အတိုင်းလုပ်ပေးနေတာ မဟုတ်ဘူးလား။ လုပ်ပေးစရာလိုလို့လား။ သူတို့ ဒီတိုင်းလည်း နောက်ကွယ်က လူကို ဖော်ထုတ်နိုင်သည့် နည်းလမ်းများ ရှိနေဦးမှာပဲကို…

“ဟင်… မင်း ဘာရပ်လုပ်နေတာလဲ…”

သူ ခေါင်းရှုပ်လာသဖြင့် ထလိုက်ချိန်တွင် သူ့ဘေးတွင် ရပ်နေသေးဆဲဖြစ်သော Singto… သူ ရုတ်တရက် မင်သက်သွားမိသည်။ သူ ထိုင်စဉ်းစားနေသည်က မရှိဘူးဆိုလျှင် အနည်းဆုံး နှစ်နာရီ သုံးနာရီလောက် ရှိနေလိမ့်မည်။ အဲ့ဒါကို ထိုသူက ဒီအတိုင်း ရပ်နေသည်လား။

Singto သူ့အား မေးလာသည့် Krist အား ပြုံးပြလိုက်ခဲ့သည်။ သူ Krist စဉ်းစားနေသည့်အချိန်တွင် တစ်ချိန်လုံး Krist ၏ လှုပ်ရှားမှုများကို ကြည့်နေခဲ့သည်မဟုတ်လား။ လက်ထောက်၍စဉ်းစားလိုက်၊ မျက်ခုံးတို့သည် တွန့်ချိုးသွားလိုက်၊ လက်ကို ကိုက်လိုက်၊ နှုတ်ခမ်းများခွာလိုက်၊ ခုံလက်တန်းကို တတောက်တောက်ခေါက်လိုက်ဖြင့် နည်းမျိုးစုံ စဉ်းစားနေသည့် Krist အား သူ ငေးကြည့်နေဖြစ်ခဲ့သည်။ သူ ယခင်ဘဝတွင် ထိုကောင်လေးကို ထိုသို့ တစ်ခါလေးမှပင် မမြင်ဖူးခဲ့သေး။ ယခုသူ မြင်ရသည့် ပုံစံသည် အသစ်အဆန်းတစ်ခု။

“မင်း စဉ်းစားနေတာကို အနှောင့်အယှက်ဖြစ်နေမှာစိုးလို့ ငါ ရပ်နေတာ…”

“မင်းဘာသာ အိပ်နေလို့ရတယ်လေ… ဟိုမှာ အိပ်ယာ မမြင်ဘူးလား…”

သူ့အား မေးငေါ့ ပြောလာသည့် စကားတို့တွင် ကလေးဆန်ခြင်းတို့ ပျော်ဝင်နေသည်ကို သူ ခံစားလိုက်ရသည်။ Krist သည် သူ့အား ရင်းနှီးစွာ ဆက်ဆံလာသည်ပဲ။ လူသားတစ်ဦးသည် မိမိ၏ ကလေးဆန်သည့် Side အား အခြားသူတစ်ဦးအား ပြခြင်းသည် ထိုသူအား ချစ်ခင်သည်ဟု ဖော်ကျူးသည့် အမူအရာတစ်ခု။

“မင်းတစ်ယောက်လုံး အကြပ်အတည်းနဲ့ စဉ်းစားနေတဲ့အချိန်မှာ ငါက ဘယ်လိုလုပ် အိပ်နေရာမှာလဲ… မင်း ငါ့ကို မယုံလို့ မင်းစဉ်းစားနေတာတွေကို မပြောပြနိုင်ဘူးဆိုရင်တောင်မှ ငါ မင်းဘေးမှာ ရပ်နေပြီးတော့ အဖော်လုပ်ပေးနိုင်တယ်လေ…”

Krist စိတ်ကုန်သည်ဆိုသည့် အကြည့်ဖြင့် Singto အား ကြည့်လိုက်ခဲ့သည်။

“ငါ အိပ်ယာဝင်တော့မယ်… လာခဲ့…”

Singto ခြေလက်ဆေးပြီး ပြန်ထွက်လာတော့ Krist သည် ကုတင်ခေါင်းရင်းမှ နံရံအား မှီကာ စဉ်းစားနေခဲ့ပြန်သည်။ တစ်ခုခုကို အလေးအနက်ထားပြီး စဉ်းစားချိန်တွင် ထိုကောင်လေးသည် လက်သည်းကိုက်ခြင်းနှင့်၊ နှုတ်ခမ်းကို ခွာသည့် အလေ့အကျင့်ရှိပုံရသည်။

“နှုတ်ခမ်းတွေ မခွာနဲ့လေ…”

ကိုယ့်နှုတ်ခမ်းကိုယ် ခွာနေသည့် Krist လက်အား သူကိုင်လိုက်တော့ သူ့အား ကြည့်လာသည့် မျက်ဝန်းသေတစ်စုံ။ ထိုကောင်လေးသည် ယခုအချိန်ထိ ကိုယ့်အတွေးနှင့်ကိုယ် နစ်မြုပ်နေသေးဆဲ။ သူ့အား ကြည့်နေသည့် မျက်ဝန်းတို့သည် သူ့ကို မမြင်ခဲ့သေး။ Krist သူ့ရှေ့မှ Singto ကို သတိထားမိသွားခဲ့သည်။ သူ့လက်အား ကိုင်ထားသည့် Singto လက်ကို ရုန်းလိုက်ခဲ့ရင်း…

“ဘာလဲ…”

“ငါ တစ်ခုခု အကြံပေးလို့ရမလား… မင်း တွေးနေတာတွေ ငါ့ကို ပြောပြပါလား…”

“ပြောပြရမယ်… မင်းကို ငါက…”

“ငါက Yamaguchi ဂိုဏ်းသားတစ်ယောက်ပဲလေ… မင်းရဲ့ သစ္စာခံတစ်ယောက်… မင်းရဲ့ ကျွန်တစ်ယောက် ကိုယ့်သခင်ရဲ့ အတွေးတွေကို နားထောင်ပေးနိုင်တာပဲ… တစ်ယောက်တည်းစဉ်းစားတာထက်စာရင် နှစ်ယောက်က ပိုအဆင်ပြေတယ်လေ… မဟုတ်ဘူးလား…”

သူ့အား သမားရိုးကျ နည်းလမ်းဖြင့် ရင်လာဖွင့်ခိုင်းနေသည့် Singto အား သူ မျက်လုံးတစ်ချက်သာ ဝေ့ကြည့်လိုက်ခဲ့သည်။ သူ Singto အား ပြောပြ၍လည်း အဆင်ပြေနေသည့် ကိစ္စမို့ သူ Singto ၏ စိတ်ကူးများကို နားထောင်ရန် ဆုံးဖြတ်လိုက်ခဲ့သည်။ Singto သည် Keiji ကဲ့သို့ သူ့အား စိတ်ပူစွာ စောင့်နေသည့်သူတစ်ယောက်မဖြစ်စေလို။ သူ Singto အား သူတွေးသလို လိုက်တွေးတတ်သည့် ယုံကြည်ရသော လူတစ်ဦးအဖြစ်သာ သူ မြင်ချင်သည်။

================================

Continue Reading

You'll Also Like

14.5K 27 1
မောင့်ကိိုပဲ အချိန်တွေအကြာကြီး ဆက်ချစ်သွားပေးပါ
350K 33.1K 53
သုံးပွင့်ဆိုင်ဝတ္ထုထဲကို ကူးပြောင်းခံလိုက်ရပြီးနောက်..... နှိုင်းအမြုတေ - "စနိုက်ကြော်နဲ့ခြံခုန်နွားကို မှတ်လောက်သားလောက်အောင် ပညာပေး...ဟိုက်!! ဗီလိန...
3M 193K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
31.5K 2.9K 27
အေးချမ်းလွန်းလို့ ခိုလှုံမိတဲ့ အရိပ်လေးတစ်ခုဟာ... တစ်သတ်စာ ခိုမှီးရဖို့ မသေချာ လှတဲ့.... သစ်ရိပ် ဝါးရိပ်လေး ဖြစ်ခဲ့မယ်ဆိုရင်.......🌷🌷 ☂☂☂☂☂☂☂ အေးချမ...