Odium(fanfic)

De AnnaLynn666

107K 13.9K 3K

Another work of mine... Mais

မဖတ်ခင်အရင်ဖတ်စေချင်သော
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Par-14
Part-15
Part-16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 34
Part - 35
Part- 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Part - 43
Part - 44 :
Part - 45
Part - 46
Ending
ကျေးဇူးတင်လွှာ

Part - 33

1.3K 235 42
De AnnaLynn666

Singto သူ့ရှေ့ မှ Krist အားကြည့်လိုက်ခဲ့သည်။ ထိုကောင်လေး ဘာကြောင့် သူ့ကို ထိုစကားကို ပြန်မေးသည်လဲ။ Krist မျက်နှာထက်တွင် ပကတိတည်ငြိမ်ခြင်းတစ်ခုသာ ရှိနေခဲ့သည်။

"အဲ့စကားက မင်းအတွက် ထာဝရတည်နေမဲ့ စကားပါ…"

"သြော်…"

ထိုတစ်ခွန်းသာ မှတ်ချက်ပေးခဲ့ပြီး မည်သည့်စကားမှဆက်မဆိုဘဲ သူ နွှင်ပေးထားသည့် ငါးကို တို့ကနန်းဆိတ်ကနန်း စားနေသည့် Krist အား သူကြည့်နေလိုက်ခဲ့သည်။

=========

"မင်း အဲ့စကားတကယ်ပြောခဲ့တာလား?"

Singto ညဘက် သူတို့တည်းခိုသည့် ပြတင်းလေသာဆောင်မှ ပင်လယ်ဘက်ငေးနေသည့် Krist နှင့်မလှမ်းမကမ်းတွင် သူရပ်ရင်းမေးလိုက်ခဲ့သည်။ Yukata ဖြင့် ခြေချိတ်ထိုင်နေသည့် Krist ၏ ခြေသလုံးနဲ့ပေါင်တံဖွေးဖွေးလေးများကို မြင်နေရသည်က တမျိုးတမည် အသဲယားစရာ…

"အင်း…"

ခုံလက်ရမ်းပေါ်မေးထောက်ကာ သူ့ဘက်သို့ ငဲ့ကြည့်ပြောလာသည့် Krist… သူ Krist အား စိုက်ကြည့်လိုက်ခဲ့သည်။

"မင်းငါ့ကို တကယ်အကုန်လုံးဆီက ဆွဲထုတ်သွားနိုင်လား… ဆွဲထုတ်သွားမှာလား?"

Krist စကားကြောင့် သူ Krist ထိုင်နေသည့် ထိုင်ခုံခြေရင်းတွင် ထိုင်ချလိုက်ကာ Krist ၏ မျက်လုံးများထဲတွင် သူ့အား သွေးတိုးစမ်းနေခြင်းလား အတည်ပြောနေခြင်းလားကို သူ ရှာဖွေနေမိသည်။ Krist သည် တကယ်ပဲမွန်းကြပ်နေပြီလား။ သူနှင့်အတူ တကယ်ပဲထွက်သွားချင်နေပြီတဲ့လား။

"အဲ့စကားက မင်းအတွက် ထာဝရမပြောင်းလဲတဲ့ စကားပါ Krist…"

သူပြောလိုက်တော့ Krist သူ့အား ရယ်လာခဲ့သည်။

"မင်း သိပ်ကာကွယ်ချင်တဲ့ မင်းသမီးကို ပစ်ပြီးတော့လေ…"

သူ့ပခုံးထက် ခြေထောက်တင်ရင်း အေးစက်စွာမေးလာသည့် Krist အား သူ မော့ကြည့်နေမိသည်။ ထိုမျက်လုံးများတွင် ပကတိတည်ငြိမ်ခြင်းတစ်ခုသာ ရှိနေခဲ့သည်။ Singto သူ့စိတ်ထဲ စိုးထိတ်မှုတစ်ခုကို ခံစားလိုက်ခဲ့ရသည်။ သူ ကြုံတွေ့ဖူးသည့် အတွေ့အကြုံများအရ တည်ငြိမ်ခြင်းသည် နှစ်ခုသာ ရှိသည်။ မုန်တိုင်းမလာခင်တည်ငြိမ်ခြင်းနှင့် မုန်တိုင်းဗဟိုတွင် ရောက်နေ၍တည်ငြိမ်ခြင်း။ သူ ယခုအချိန်တွင် မုန်တိုင်းဗဟိုတွင် ရှိနေခဲ့သည်။ သူမည်သည့် အချိန်ကများ မုန်တိုင်းဗဟိုချက်သို့ ရောက်သွားခဲ့ရတာလဲ။

"မင်းရဲ့ ဒီဒဏ်ရာက…"

ပခုံးထက်မှခြေဖဝါးသည် သူ့ရင်ဘတ် သေနတ်ဒဏ်ရာဆီသို့ရောက်လာခဲ့သည်။

"တော်တော် ပိရိခဲ့တာပဲ Singto… မင်းရဲ့ မင်းသမီးအတွက်ကိုရော… ငါ့ရဲ့ယုံကြည်မှုကိုရော ရအောင် မင်းဒီသေနတ်ရှေ့တစ်ခါလောက် ဝင်ရပ်လိုက်ရုံနဲ့ ရခဲ့တယ်…"

သူ့ကိုကြည့်နေသည့် မျက်နှာတွင် ဒေါသအမျက်တစ်ခုကိုမှ Singto မတွေ့ရ။ အေးစက်၍ခံစားချက်မဲ့ခြင်းဟု သတ်မှတ်၍ရသည့် အရိပ်အယောင်တစ်ခုကိုသာ သူ မြင်နေရသည်။

"မင်းသမီးကို ငါက လုပ်ကြံလိမ့်မယ် ထင်နေတာလား?"

သူ့ကိုမခိုးမခန့်မေးလာသည့် Krist… Singto မည်သည့်စကားကိုမှ မဆိုခဲ့။

Krist သူ့အား မည်သည့်စကားမှ မဆိုပဲကြည့်နေသည့် Singto ကိုကြည့်ပြီး ခေါင်းကိုနောက်လှန်ချကာ ရယ်လိုက်ခဲ့သည်။ အတော်ကိုရယ်ရတာပဲ။ Keiji ရော သူပါ Singto ကြောင့် အရူးလုံးလုံးဖြစ်နေခဲ့သည်။ သူ့အတွက် ဘာမဆို ပေးဆပ်နိုင်သည် ဆိုသည့် ပုံစံမျိုးဖြင့် ရှိနေခဲ့သည့် Singto ကြောင့် Keiji သည် Singto အား သူတို့ဂိုဏ်းသို့  ရအောင်ခေါ်ခဲ့သည်။ သူ့အတွက်… Singto အား သူ့အတွက်ခေါ်ပေးခဲ့သည်။

"မင်းက ငါ့အပေါ်သစ္စာရှိတဲ့သူ မဟုတ်ဘူး Singto…"

"ငါ သစ္စာစောင့်ဖို့ မင်းကို သက်သေပြခဲ့တယ် မဟုတ်လား…"

"ဒီ သေနတ်ဒဏ်ရာကိုပြောတာလား?"

Krist သူ့ခြေချောင်းများဖြင့် Singto ရင်ဘတ်မှဒဏ်ရာအား ထိုးဆိတ်နေခဲ့သည်။ Singto စိတ်ထဲမှ တစ်ချက်ပြုံးလိုက်ခဲ့သည်။ အခြေအနေက သူ ထိန်းချုပ်မရလောက်အောင် ဆိုးရွားမနေသေး။ Krist သည် မည်မျှပင် သူ့အား ကန်ထုတ်ရန်ကြိုးစားကြိုးစားသူသည် Krist ၏ မသိစိတ်တစ်နေရာတွင် အခိုင်အမာနေရာရထားခဲ့သည် ဆိုသည်ကို ထိုကောင်လေး၏ အပြုအမူမှတစ်ဆင့် မြင်နေရသေးသည်။ ဒေါသသေးသေးလေးကို မြင်နေရခြင်းကပင် သူသည် ထိုကောင်လေးစိတ်၏ တစ်ထောင့်တစ်နေရာတွင် ရှိနေခြင်း၏ သက်သေ။

"ငါ Shao Lin ကို အသေမသတ်တာ က သက်သေမဟုတ်လား…"

သူ့ ဒဏ်ရာအား ခြေထောက်နှင့် ထိုးဆွနေသည့် Krist ခြေဖဝါးကို သူ ယုယစွာကိုင်လိုက်ရင်း ခပ်ဖွဖွနမ်းရှိုက်လိုက်တော့ သူ့ လက်မှ ရုန်းထွက်လိုက်သည့် ခြေထောက်ဖြူဖြူလေး။

"Kit… ငါဘာတွေလုပ်ပေးရဦးမလဲ…"

သူ ထိုကောင်လေး မျက်ဝန်းများထဲမော့ကြည့် မေးလိုက်တော့ သူ့အား စူးရဲစွာကြည့်လာသည့် မျက်ဝန်းတစ်စုံ။ ဟုတ်တယ် Krist… မင်းခံစားချက်တွေရှိနေရမယ်… ခံစားချက်တွေရှိနေတာက မင်းက လူသားတစ်ယောက်ဖြစ်နေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ လူတစ်ယောက်ကြောင့် မင်း စိတ်ထဲလှုပ်ခတ်တယ်ဆိုတာက အဲ့လူနဲ့ပတ်သက်ပြီးတော့ မင်းစိတ်ထဲမှာ နေရာတစ်ခုပေးထားတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ငါတို့လူတွေက သူစိမ်းတွေအတွက်ဆို ဖာသိဖာသာ ပဲနေကြတာမဟုတ်လား… သူ စိတ်ထဲမှ ပြောကာ ရယ်နေမိခဲ့သည်။ ချစ်ခြင်းသည်လွယ်လွယ်နှင့် မေ့ဖျောက်လို့ရသည့် အရာတစ်ခုဟု ထိုကောင်လေး ထင်နေသည်လား။ ထိုကောင်လေးသည် တကယ့် ကလေးလေးတစ်ယောက်ပဲ။

"အဲ့ဒါဆို မင်းငါ့ကိုခုန်ချပြ…"

သူ့အား ခပ်ထေ့ထေ့ကြည့်ပြီး ပြောလာသည့် Krist အား သူ ကြည့်လိုက်ခဲ့သည်။ သူတို့က နှစ်လွှာ (ပထမထပ်) တွင်ရှိနေသည်မို့ ထိုအမြင့်က ပြုတ်ကျလျှင် သူ မသေသွားနိုင်တော့ မသေလောက်ဘူး မဟုတ်လား။

ဝရံတာလက်တန်းပေါ်သို့ တက်လိုက်သည့် Singto ကို Krist လက်ပိုက်ကာသာ ကြည့်နေလိုက်ခဲ့သည်။ ဒီတိုင်းခုန်ချမလို့လား? Hmm… ဒီတိုင်းခုန်ချလျှင် ထိုသူ ဘယ်လိုလုပ်သေနိုင်မည်လဲ။

Singto ဝရံတာလက်တန်းပေါ်တွင်ရပ်ရင်း အောက်သို့ငုံ့ ကြည့်လိုက်ခဲ့သည်။ ထို့နောက် မှောင်စပျိုးလာသည့် ကောင်းကင်သို့ မော့ကြည့်လိုက်ခဲ့သည်။

"နေဦး…"

သူ့အား လှမ်းပြောသည့် Krist ကြောင့် သူ ခြေတစ်ဖက်ကို လေထဲသို့လှမ်းရန် ပြင်နေရာမှ ရပ်လိုက်ခဲ့သည်။

"ငါ့ဘက်ကို မျက်နှာမူ…"

Krist သူ့ဘက်လှည့်လာသည့် Singto အားကြည့်လိုက်ခဲ့သည်။ မင်း တကယ်ပဲ ခုန်ချမှာလား မင်းရဲ့ မင်းသမီးကရော? မင်း သူ့ကို ဒီလောက်ထိ ကာကွယ်ဖို့လိုလို့လား! မင်းချစ်တာ ငါ့ကိုဆို!
Krist သူ့စိတ်ထောင့်တစ်နေရာမှ ကျယ်လောင်စွာ အော်ဟစ်နေမှုအား သူ သတိထားလိုက်မိသည်။ တိတ်စမ်းအရူးကောင်! သူ့စိတ်ထဲ အော်ဟစ်နေသည့် သူ့ အခြားသော စိတ်တစ်ခုကို သူ ပြန်အော်လိုက်ခဲ့သည်။

"ရပြီ ခုန်ချလိုက်တော့…"

သူ့မျက်လုံးများသည် ပကတိအေးစက်နေသော်ည်း သူ့စိတ်အစုံသည် တုန်လှုပ်နေခဲ့သည်။ ဒီလူ တကယ်တော့ မခုန်ချဘူးမဟုတ်လား။ ဒါက ရူးကြောင်မူးကြောင် ကိစ္စကြီးတစ်ခုမဟုတ်လား။ သူ စိတ်ရူးပေါက်ခိုင်းတိုင်းဒီ အရူးကောင် လိုက်မလုပ်…

"Singto!!!"

သူ့အတွေးမဆုံးလိုက် ရိပ်ကနဲခုန်ဆင်းသွားသည့် အရိပ်တစ်ခု။ Krist သူ့မျက်လုံးတို့ ဝိုင်းစက်သွားခဲ့သည်။

"ဒီအရူးကောင်က!!!!!"

==========

"Keiji san! Umekaze က…"

Keiji ခေါင်းညိတ်ပြလိုက်ခဲ့သည်။ Reiji ပြောသည့်အတိုင်း Umekaze သည် သူတို့ ပိုင်နက်ဖြစ်သော Club တစ်ခုအား စတင်တိုက်ခိုက်လာခဲ့ပြီ။

"ကျွန်တော်တို့ ဘာလုပ်ရမလဲ… Umekaze ကို ပြန်ပြီး…"

"နေဦး… ငါတို့စောင့်ကြည့်ဦးမယ်… ဒဏ်ရာရထားတဲ့ကောင်တွေကိုပဲ ဆေးရုံပို့ထားလိုက်…"

"Hai…"

Keiji အပျက်အစီးနှင့် သူတို့လူအချို့ ဒဏ်ရာရသည့် အခြေအနေကို တစ်ချက်ကြည့်ပြီး သက်ပြင်းချလိုက်ခဲ့သည်။ ထိုင်းနိုင်ငံထဲတွင် ယခုလိုဖြစ်နေလျှင် Reiji မှန်းထားခဲ့သည့်အတိုင်းဆိုလျှင် ဂျပန်တွင်လည်း…

===========

ဂျပန်နိုင်ငံ တိုကျိုမြို့…

"Reiji Tsukasa ကိုယ်တိုင် လာမယ်လို့ မထင်ထားမိဘူး…"

Reiji စိမ်းစိုသည့် ခြံဝန်းတစ်ခုထဲခြေချလိုက်သည်နှင့် သူ့ကိုဝိုင်းရံလာသည့် ယာကူဇာအချို့ သူ မဲ့ပြုံးတစ်ချက်ပြုံးကာ ခပ်အေးအေးပင် ဘောင်းဘီအိတ်ထဲလက်ထည့်လိုက်ခဲ့သည်။

"ငါလာတယ်လို့ပြောလိုက်… သူ့သမီး ငါတို့ဂိုဏ်းထဲမှာ rape ခံရပြီး မြို့လည်ကောင်မှာ အပစ်မခံရခင် ငါ့ဆီလာတွေ့ပါလို့…"

သူ့အား ဝိုင်းရံထားသည်ကလွဲလျှင် မည်သူမျှ ရှေ့မတိုးရဲသည်ကို ကြည့်ပြီး သူ ထေ့တေ့တေ့ တစ်ချက်ပြုံးလိုက်ခဲ့သည်။ ဝိုင်းရံကာ ကြည့်နေသည့် Umekaze ဂိုဏ်းသားများသည်လည်း မည်သူမျှ ရှေ့မတိုးရဲ… ဒါ သူတို့နိုင်ငံ၏ မြေအောက်ဘုရင် Reiji Tsukasa… ထိုသူ၏ ရက်စက်မှု၊ ယုတ်မာမှု၊ လူမဆန်မှုများကို သူတို့ မျက်မြင်ကိုယ်တွေ့ မြင်ဖူးသည်မဟုတ်သည့်တိုင် သတင်းတို့ ကြားဖူးပြီးသား။ သူတို့ ခြံဝန်းထဲမှ ခပ်အေးအေးကျောခိုင်းထွက်သွားသည့် Reiji Tsukasa ကို သူတို့ ရပ်ကြည့်နေခဲ့ကြသည်။

ထိုအိမ်ကြီးအိမ်ကောင်းထဲမှ Reiji Tsukasa အား ကြည့်နေခဲ့သည့် လူတစ်ဦးသည် သူ့ အနီးရှိ ပန်းအိုးတစ်အိုးအား နံရံသို့ ပစ်ပေါက်လိုက်ခဲ့သည်။ မိမိသမီးငယ်သည် ယခုအချိန်တွင် ကျောင်းတွင်ရှိနေရမည်ကို ဘာကြောင့် Reiji Tsukasa လက်ထဲတွင်ရောက်နေရသည်လဲ။ ဒေါသကြောင့် သူ့မျက်နှာတစ်ခုလုံးသည် နီရဲနေခဲ့သည်။

"Oyabun! Ojou sama ပျောက်နေပါတယ် ကျောင်းမှာလည်း မရှိပါဘူး…"

ထိုသူသည် ဒေါသဖြစ်စွာ သူ့အနီးရှိ အလှထားစားပွဲခုံလေးအား ဆွဲမှောက်လိုက်ခဲ့သည်။

"ငါတို့ အဲ့အောက်တန်းစားတွေဆီ သွားမယ်!!!"

"Hai!!!"

Umekaze ဂိုဏ်းသည် Yamaguchi ဂိုဏ်းကဲ့သို့ အခြားသော နိုင်ငံများတွင် ဂိုဏ်းခွဲငယ်များ ရှိနေသည့် ဂိုဏ်းတစ်ခုမဟုတ်သော်လည်း ဂျပန်နိုင်ငံတွင်တော့ အင်အားချင်းညီသည်ဟု အတော်များများ သတ်မှတ်ထားသည့် ဂိုဏ်းတစ်ခု။ ယခုထိုဂိုဏ်းနှစ်ခုသည် ထိပ်တိုက်တွေ့ ကြတော့မည်။ ထိုသတင်းသည် ဂျပန်နိုင်ငံ၏ မြေအောက်လောကတွင် ဟိုးလေးတကြောကြော ပျံ့ နှံ့သွားခဲ့သည်။ ဂိုဏ်းနှစ်ခုစလုံးသည် ဂျပန်အစိုးရနှင့် ဆက်နွယ်မှုရှိနေသည်မှု အစိုးရဘက်မှလည်း မသိကျိုးကျွံ သာပြုထားခဲ့ကြသည်။ ပြည်သူများကိုသာ ဆွဲမထည့်ဘူးဆိုလျှင် အဆင်ပြေသည့် ဆိုသည့် အနေဖြင့်သာ သတိဖြင့် စောင့်ကြည့်နေခဲ့ကြသည်။

စင်စစ် ဂျပန်နိုင်ငံတွင် ယာကူဇာများ၏ အခန်းကဏ္ဍသည် အရေးပါသည့် နေရာတစ်ခုအဖြစ် တည်ရှိနေသေးသည်။ သဘာဝဘေးဒဏ်များကို ခံစားရသည်နှင့် အစိုးရအနေဖြင့် လက်လှမ်းမမီသည့် နေရာများကို ထိုယာကူဇာများက ကူညီပေးခြင်း။ ထို့အတွက် ဂျပန်အစိုးရသည် ယာကူဇာများကို အလေးထားသည်။

"ဝန်ကြီးချုပ် အခုကိစ္စကို ဘယ်လိုထိန်းချုပ်ဖို့ စဉ်းစားထားပါလဲ…"

"Reiji Tsukasa က ပထမဆုံး အစိုးရနဲ့ ယာကူဇာတွေကြား ပေါင်းကူးတံတား ဆောက်နိုင်ခဲ့တဲ့သူပဲ အဲ့ဒီအတွက် ငါတို့ သူတို့ကို ယုံကြည်ထားဖို့ပဲ လိုတယ်…"

========

Reiji Tsukasa သူ့ရှေ့တွင် ရုန်းကန်နေသည့် ကျောင်း Uniform နှင့်ကောင်မလေး ကိုကြည့်ရင်း ပြုံးလိုက်မိသည်။ ထိုမိန်းကလေးရှိလှ ဆယ့်သုံးလေးနှစ်ပေါ့။ လူတို့သည် မိမိတို့ တစ်ခုခု ပြုလုပ်လိုက်သည်နှင့်ဖြစ်လာမည့် အကျိုးဆက်ကို မစဉ်းစား။ Keiji အား သူ ထိုင်းသို့လွှတ်လိုက်ခြင်းက သူ ယခုလို နောက်ကြောင်းအေးအေးဖြင့် Umekaze အား ချေမှုန်းနိုင်ရန်။

"မင်းရဲ့ Oyaji ကို အပြစ်တင်သင့်တယ်… သူသာ ငါ့ကို ထွက်လာဖို့ အတင်းမတိုက်တွန်းဘူးဆိုရင် ငါက မင်းကို Target ထားဖြစ်မှာမဟုတ်ဘူး… ရန်သူဆိုတာ အချိန်ဆွဲထားသင့်တဲ့ သူမျိုးတွေမဟုတ်ဘူး… မင်းရဲ့ ရန်သူကို နိုင်မဲ့ ပျော့ကွက်တွေ့ရင် မင်းလက်လွှတ်မခံသင့်ဘူး… နောင်တစ်ချိန်အတွက် ငါ သင်ခန်းစာပေးတယ် သဘောထားပါ…"

သူ့အား မျက်လုံးပြူးများဖြင့် ကြည့်နေသည့် ကောင်မလေးအား သူ သွေးအေးစွာသာ ပြုံးပြလိုက်ခဲ့သည်။ Umekaze သည် ဖျက်ဆီးရန်အချိန်တန်ချေပြီ။

================================

A/N : Oyabun : Yakuza Leader (Boss)
Ojou : မမလေး
Oyaji : Dad

Continue lendo

Você também vai gostar

4.4K 586 6
Let me taste cappuccino milk foam on your lips... This work is a feiyunxi fanfiction. Names, places, characters and background facts are just my imag...
233K 10.4K 33
အရှင်...ကျွန်တော့််ကို အရှင်ချစ်တယ်ဆိုတာ ကျွန်တော်သိပေမယ့် အရှင်က အခြားလူတွေကိုလည်း ဒီလိုမျိုးချစ်မိမှာကို အရမ်းကြောက်မိပါတယ် အရှင်....။ (Zaw+Uni)
1.7K 234 12
My Universe Nomin
14.5K 27 1
မောင့်ကိိုပဲ အချိန်တွေအကြာကြီး ဆက်ချစ်သွားပေးပါ