ဒါဒါလေး အပိုင်းဆက်မှော်လောကဇာ...

By Swae_Nyoe

54.4K 5.3K 180

#ဘာသာပြန် မဟုတ်ပါ# ရေးသားဖန်တီးသူ - စွဲညို့ ဟယ်ရီပေါ်တာ၊ Halo..၊ Underworld..၊ ပြီးတော့ Marlin.. နောက်ထပ်... More

Unicode
အပိုင်း (၁)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
တယ်လီဂရုလေး ရရှိပါကြောင်း...
အပိုင်း (၆)
အပိုင်း (၇)
အခန်း (၈)
အခန်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အခန်း (၁)
အခန်း (၂)
ဗယ်လင်တိုင်းဒေးပရိုမိုးရှင်း
အခန်း (၃)
အခန်း (၄)
ပရိုမိုးရှင်း
အခန်း (၅)
အခန်း (၆)
အပိုင်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၂)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)
☘️သင်္ကြန်ပရိုမိုးရှင်း
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
အခန်း (၂၁)
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
အခန်း (၂၂)
အခန်း (၂၃)
အခန်း (၂၄)
အခန်း (၂၅)
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
အခန်း (၂၆)
အခန်း (၂၇)
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️

အပိုင်း (၂)

3.1K 332 12
By Swae_Nyoe

ဒါဒါလေးနှင့် မှော်ဝင်လောက (အပိုင်း-၂)

ဒီနေ့လည်း ကျောင်းသွားဖို့ကို ဒါလေး တွေးပြီး ကျောင်းလွယ်အိတ်လေးကို ဘေးမှာ လွယ်ရင်း ခြေလှမ်းတွေ နှေးနေမိ၏။ ဖြစ်နိုင်ရင် ကျောင်းမတက်ပဲ နေလို့ရရင် ကောင်းမည်။ ဒါပေမဲ့ ကြီးကြီးဝေက လက်ခံမှာ မဟုတ်တာကို သိနေသည်။ ကျောင်းနားသို့ နီးလာလေလေ ခြေလှမ်းတွေက ပိုပြီး နှေးကွေးမိလေလေဖြင့် ကျောင်းဝန်းအဝသို့ ရောက်သည်တွင် အတန်းထဲမှ ကလေးငယ် တစ်ဦးက သူမကို လက်ညိုးထိုးပြီး ရယ်နေတာကို တွေ့လိုက်တော့ ခြေလှမ်းတွေ တုန့်ခနဲ ရပ်သွားသည်။ တော်ပြီ ကျောင်းမနေတော့ဘူး၊ ဆုံးဖြတ်ချက်နဲ့ အတူ ခြေလှမ်းတွေကို နောက်သို့ လှည့်လိုက်တော့ သူမကို လှမ်းကြည့်နေသော မျက်နှာမာမာနှင့် ဝတ်ရုံရှည် ဝတ်ထားသော အန်တီတစ်ဦးကို တွေ့လိုက်တာမို့ တအံ့တသြဖြင့် ငေးကြည့်နေမိ၏။ မြင်နေကျ မဟုတ်သော ထူးဆန်းသည့် အဝတ်စားများနှင့် ထိုအန်တီက သူမကို သေချာ စိုက်ကြည့်နေရာမှ ရှေ့သို့ တိုးလာရာ သူမ ကြောက်လန့်စွာဖြင့် နောက်သို့ ဆုတ်လိုက်မိတော့

"အား!! ငါ့ကို တက်နင်းရသလား ဒါဒါလေး အအမ"

အနောက်မှ စူးစူးဝါးဝါး အော်သံကြောင့် လှည့်ကြည့်လိုက်တော့ အတန်းထဲမှာ မိဘတွေက ပြည့်စုံပြီး ဆရာမ စာမေးတိုင်း ရသော ကောင်လေး ဇက်၊ ဇက်ရဲ့ မိဘတွေက တစ်ခါတစ်လေ ကျောင်းမှာလာပြီး လှုဒါန်းဖူးတာတွေလည်း ရှိ၏။

"ငါတောင်းပန်ပါတယ် ငါ့ကို ဟိုအန်တီကို စိုက်ကြည့်နေတော့ လန့်ပြီးတော့ ဟင်!"

လက်ညိုးထိုးပြပြီး ခုနက အန်တီ ရှိနေသော နေရာသို့ လှမ်းကြည့်လိုက်တော့ ဘယ်သူမှ မရှိတော့၊ ~ဘယ်ရောက်သွားတာ ပါလိမ့်~

"ခုနတုန်းက ဒီနားမှာ ရပ်နေတဲ့ အန်တီက ငါ့ကို ကြည့်နေတာ ငါကြောက်ပြီးတော့ နောက်ဆုတ်ရင်း မင်းကို တိုက်မိတာ"

"ခုနကတည်းက မင်းပဲ အဲ့နေရာကို ကြည့်ပြီး နောက်ဆုတ်လာတာ အဲ့မှာ ဘယ်သူမှ မရှိဘူး လျှောက်ပြောမနေနဲ့ လာခဲ့! အတန်းထဲ သွားကြမယ် ငါတို့ ကျောင်းနောက်ကျနေပြီ"

ဇက်က သူမလက်ကို လာတွဲပြီး ကျောင်းဝန်းအတွင်းမှ ကျောင်းခန်းသို့ ရောက်အောင် သွားတော့ ဒါလေး ယက်ကန်ကန်ဖြင့် ပါလာရပြီး

"ငါတကယ် အန်တီ တစ်ယောက်ကို တွေ့လိုက်တာ ဇက် ငါ့ကို စိုက်ကြည့်နေတာ ကြောက်စရာကြီး ပါဆို"

"မပြောတတ်ဘူးလေ မင်းတွေ့လိုက်တာ သရဲဖြစ်ရင် ဖြစ်နေမှာပေါ့"

"သရဲတော့ မဖြစ်နိုင်ပါဘူး အဲ့ဒီ အန်တီက အရမ်းချောတာပဲ ဒါပေမဲ့ ကြောက်စရာကြီး"

ဒါလေးလက်ကို ဆောင့်ခနဲ လွတ်ချလိုက်ပြီး ဇက်က ရူးနေလား ဆိုသည့် အကြည့်တို့ဖြင့်

"မင်းက အမြဲတမ်း မဖြစ်နိုင်တာတွေ တွေးနေလို့ စာရေးလို့ မရတာ ဖြစ်မယ်"

ပြောလိုက်ပြီး အထဲသို့ ဝင်သွားတဲ့ ဇက်ကို ငေးကြည့်နေရင်း မကျေမနပ် ခြေဆောင့် လိုက်မိသည်။ ~ဘာမှလည်း မဆိုင်ပဲနဲ့~

@@@@@@@@@@@@@@@@@@@@@

"ထွက်ပြေးသွားတယ်!! ဟုတ်လား မိုယာ"

မိုယာက ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်ပြီးမှ ပြန်ထလိုက်တော့ သော်တာနှင့် ဇော်ဂန်ပါ လိုက်ထရပ်လိုက်ရပြီး

"ကလေး ထွက်ပြေးသွားအောင် ဘာလုပ်လိုက်လို့လဲ"

"ဟုတ်တယ်လေ ငါ့ကို မြင်တာနဲ့ အခန်းထဲကို တခြားကျောင်းသားတွေနဲ့ အတူတူ ပြေးဝင်သွားတယ် သူ့ကို ကျောင်းတက်ဖို့ ငါကျောင်းအပ်ထားပြီးပြီ စာကတောင် အိမ်ကို ရောက်လာပြီ ငါသူ့ကို အတင်းခေါ်ခဲ့ရမလား"

"ငါတို့ မှော်လောက ရှိတယ် ဆိုတာ သာမာန်လူသားတွေ သိသွားပြီး လောကသုံးခု ပြသနာ တက်သွားချင်တာ မဟုတ်ဘူး ဆိုရင် ကလေးကို ငါပဲ သွားခေါ်လိုက်ပါ့မယ် မိုယာ နင်က အဲ့လိုတွေ လုပ်ဖို့ မတန်ဘူး နင်က အတော်ဆုံး မှော်လောက အစောင့်ရှောက်လေ ကလေးထိန်းမှ မဟုတ်တာ"

သော်တာက ရွဲ့ပြောလိုက်ပြီး ပြန်ထိုင်လိုက်ကာ မှန်ကို ထုတ်ကြည့်၏။ ဇော်ဂန်က မျက်နှာလွဲလိုက်ပြီး

"ငါတို့ ကျောင်းအပ်တာ ထားပါအုံး မင်းတို့ ဘယ်လို တွေးထားလဲ အသက်မပြည့်သေးတဲ့ ကလေးတွေကို ကျောင်းအပ်ရင် အုပ်ထိန်းသူ လိုတယ်လေ အဲ့တာကို ဘယ်လို တွေးမလဲ"

မိုယာက ပန်းသီးတစ်လုံးကို မှော်ဝင်လက်ချောင်းစွပ်ဖြင့် ဝှေ့ယမ်းလိုက်၏။ ပန်းကန်ပြားပေါ်တွင် အသီးစိတ်လေးတွေ အခွံခွာပြီး လာတင်တော့ တစ်စိတ်ကို ဆွဲယူကာ တစ်ကိုက် ကိုက်လိုက်ပြီးမှ

"အဲ့တာကို ငါစီစဉ်ထားပြီးသား ကျောင်းတောင် အပ်ပြီးပြီ ဆိုတော့ ကလေးကို ခေါ်ဖို့ပဲ လိုတော့တယ် ကျန်တာကို ငါလုပ်ထားပါတယ်"

"မင်းက အဲ့တာကိုဘယ်လို လုပ်လိုက်တာလဲ"

သော်တာက ထိုင်ရာမှ ကုန်းကွ လာတော့မလို လှမ်းမေးသည်တွင် ဇော်ဂန်ကပါ အပြင်သွားဖို့ ခြေလှမ်းတွေ ရပ်သွားပြီး

"အဲ့ကိစ္စ လုပ်လိုက်တာကို ငါတို့လည်း မသိလိုက်ရဘူး ပြောပါ"

"မှော်လောက အစောင့်ရှောက်တွေ ထဲမှာ သာမာန်လူ့လောကကို စောင့်ရှောက်ရတဲ့ သူဆိုလို့ ငါတို့ ထဲမှာ တစ်ယောက်ပဲ ရှိတာ မဟုတ်လား"

ဇော်ဂန်က မျက်မှောင် ကုတ်သွားမိလျက်ဖြင့် ခေါင်းညိတ်လိုက်ကာ ဆောင်းထားသည့် ဦးထုပ်ကို ချွတ်လိုက်ပြီး

"ဟုတ်ပြီ သာမာန် လူ့လောကကို စောင့်ရှောက်တဲ့ ကဏ္ဍကို ငါက တာဝန် ယူထားတာ ဆက်ပြောလေ အဲ့ဒီတော့"

"ဒါဒါလေးကလည်း သာမာန် လူသားထဲက လူသား ဆိုတော့ သူ့မိဘတွေထဲမှာ တစ်ဦးကို လူသား ဖြစ်ခွင့် ရှိတယ် မဟုတ်လား"

"အဲ့ဒီတော့"

"အဲ့တာကြောင့် ဇော်ဂန်ရဲ့ တိတ်တိတ်ပုန်း ဇနီးကနေ ကလေးမွေးတယ် ဆိုပြီး"

ဇော်ဂန်က အလန့်တကြားဖြင့်

"ဘာ! ငါက သာမာန် လူသားနဲ့ တိတ်တိတ်ပုန်း ချစ်ကြိုက်ပြီးတော့ ကလေး နေအုံး မိုယာ ငါ တစ်ခုခု မှားပြီး ကြားလိုက်တယ်လို့ သတ်မှတ်ရမလား"

ဇော်ဂန်က လက်မခံနိုင်စွာ မေးသည်တွင် မိုယာက ပန်းသီးကို နောက်ထပ် တစ်ကိုက် ကိုက်လိုက်ပြီးမှ

"အဲ့လို သတ်မှတ်ဖို့ မလိုပါဘူး အစစ်မှန် အကြောင်းရာလို့ သတ်မှတ်လို့ ရပါတယ် မင်းက ဒါဒါလေးရဲ့ အဖေ အမေကတော့ သေသွားတဲ့ သာမာန်လူ ကလေးက မိဘမဲ့ ကလေးကျောင်းမှာ ကြီးလာတယ် အရွယ်ရောက်လာတဲ့ အထိ မှော်ဂါထာ ဆိုတာ ဘာမှန်းမသိတဲ့ကလေး ငါ အဲ့လို ပြောထားတယ် အဲ့တာမှ ထူးဆန်းတယ်လို့ မထင်ကြမှာ မဟုတ်လား"

"ကောင်းလိုက်တဲ့ အတွေး ငါက ပြစ်မှု ကျူးလွန်သူ ဖြစ်သွားမှာက မှော်လောကက လူသားတွေက သာမာန် လူသားတွေနဲ့ တရားဝင် လက်မထပ်ရသေးပဲနဲ့ ကလေးယူခွင့် မရှိဘူး ဆိုတာ ငါက ပြစ်မှု ကျူးလွန် ချိုးဖောက်သူ မဖြစ်သွားဘူးလား"

"အသေးဆုံး စည်းကမ်းနဲ့ ပြစ်မှုပါ မှော်စွမ်းအင် သုံးခွင့် တစ်ရက်ပိတ်ပင်တယ် ဆိုတာကို မင်းက ကြောက်နေတာလား"

"အဲ့ဒီ တစ်ရက်မှာ ငါ မှော်လောက အုပ်ချုပ်သူတွေနဲ့ မတွေ့ပါစေနဲ့လို့ ဆုတောင်းလိုက်မယ် ငါ့သမီး ကျောင်းတက်ရမဲ့နေ့က ဘယ်နေ့လဲ"

"ဒီတစ်ပတ်အတွင်း သူ့ကို ငါတို့ မှော်ကျောင်းကို သွားရမဲ့ သင်္ဘောပေါ်တင်ပေးမှ ဖြစ်မှာ ဒါပေမဲ့ သူအရင်နေခဲ့တဲ့ ကျောင်းရဲ့ ကျောင်းပြောင်းလက်မှတ် လိုနေတယ် ပြီးတော့ မိဘမဲ့ဂေဟာမှုးရဲ့ ခွင့်ပြုလက်မှတ်"

"လူသားတွေရဲ့ ခွင့်ပြုလက်မှတ်တွေ လိုနေတာက ဘယ်လောက် ခက်တယ် ဆိုတာ မင်းသိရဲ့သားနဲ့ သေတော့မှာပဲ မိုယာ မင်းက ဒီတာဝန်နဲ့ လုံးဝမသင့်တော်ဘူး သော်တာ ဒီတစ်ပတ်အတွင်း ကလေးကို ကျောင်းကို သွားမဲ့ သင်္ဘောပေါ် တင်ပေးဖို့ မင်းလုပ်လိုက်ပါ ကလေးရဲ့ ပညာသင်ချင်တဲ့ ဆန္ဒကို ငါတို့ လျစ်လျူရှုလို့ မရဘူး ဆိုတာလည်း မမေ့ပါနဲ့ ငါက မိဘမဲ့ဂေယာမှုးရဲ့ လက်မှတ်ရအောင် စီစဉ်လိုက်မယ် မြန်နိုင်မကမြန်တာ အကောင်းဆုံးပဲ ပြီးတော့ မိုယာ မိန်းမတစ်ယောက်ကို ချစ်တယ်လို့တောင် မပြောဖူးသေးတဲ့ ငါ့ကို ကလေးအဖေ ဖြစ်ခွင့်ပေးလိုက်တာ ကျေးဇူးပဲ"

ဇော်ဂန်က မကျေမလည် ပြောတာကို မိုယာက လက်ထဲတွင် ရှိသော နောက်ဆုံး ပန်းသီးကို စားလိုက်ပြီးမှ..

"ဒါမျိုးတွေက သာမာန် လူ့လောကမှာ ဆိုရင် ဖြစ်နေကျပါ ချစ်တယ်လို့ မပြောပဲနဲ့ ကလေးမွေးကြတယ် ပြီးတော့ ကလေးကို မိဘမဲ့ဂေဟာမှာ သွားထားခွင့် ရှိကြတယ် ငါတို့ လိုမျိုး ဒီကလေးက စွန့်ပစ်ခံရတာနဲ့ ဘယ်သူ့သားသမီး ဆိုတာကို ဖော်ထုတ်ဖို့ ပါရမီတွေကို သာမာန် လူသားတွေမှာ ပေါ်လာဖို့ နှစ်တွေ အများကြီး ကြာတယ်လေ ဒါတောင် အတိအကျ သိရတာ မဟုတ်ဘူး မှန်ပါတဲ့ စက်တွေနဲ့ စမ်းသပ်ရသေးတာ"

*မိဘတွင် ရှိသော ကိုယ်စောင့်နတ်သည် သားသမီးသို့ ကူးစက်ကာ မှော်ဂါထာ တစ်ခု ရွတ်လိုက်သည်နှင့် မိဘ နှစ်ဦး၏ ကိုယ်စောင့်နတ် နှစ်ဦး ပေါ်လာသည်တွင် ထိုနှစ်ဦးတို့ ပူပေါင်းကာ ကလေးငယ်၏ ကိုယ်စောင့်နတ်ကို အသက်သွင်းလေ့ ရှိသောကြောင့် မိဘဘယ်သူ ဆိုတာကို ချက်ချင်း သိနိုင်သည်။*

"မင်းက သာမာန် လူသားတွေကို သုတေသန ပြုထားတာလား"

"အဲ့လောက် နီးပါးပါပဲ လူသားကို မှော်ကျောင်းထားဖို့ တွေးရတာ ငါ့အတွက် လွယ်တယ်လို့ ထင်နေတာလား"

"ကြီးကျယ် ခမ်းနားတဲ့ အတွေးတွေ အတွက် ဂုဏ်ပြုပါတယ် မိုယာ ငါဘာမှတောင် မလုပ်လိုက်ရပဲနဲ့ ရလာတဲ့ ငါ့ရဲ့ သမီးအတွက် ကျောင်းပြောင်းတဲ့ လက်မှတ်ရအောင်လို့ မိဘမဲ့ဂေဟာကို သွားလိုက်အုံးမယ်"

"ကျူးရီးယက် ဖိုင်း အင်း ကောင်းသားပဲ"

ပန်းသီး နောက်တစ်လုံးကို အခွံခွာရန် ဂါထာ ရွတ်လိုက်ရင်း ပြန်ဖြေသော မိုယာကို လှည့်ကြည့်လိုက်ရင်း တွေးလိုက်မိတာက၊ ~လုပ်လိုက်ရ သေအုံးမယ်၊~

@@@@@@@@@@@@@@@@@@@@

ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်တော့လည်း လေပူတွေက တစ်ချက် တစ်ချက် ဝေ့ဝဲ တိုက်ခတ်နေ၏။ သစ်ရွက်တွေက လေအလွင့်မှာ မလိုက်ချင်လည်း လိုက်ပါလာရသော ပုံစံကဲ့သို့ ဖြစ်နေသည်။ ထိုင်နေသော ခုံတန်းလေးမှ ထရပ်လိုက်ပြီး အလင်းစက် မိဘမဲ့ဂေဟာ အတွင်းသို့ လှမ်းဝင်လိုက်တော့ ဆော့ကစားနေသော ကလေးငယ်များက သူ့ကို ထူးဆန်းဟန်ဖြင့် ကြည့်နေ ကြသောကြောင့် ဝတ်လာတဲ့ အဝတ်စားတွေ အဆင်မပြေလို့လားဟု တွေးမိကာ တစ်ချက် ငုံ့ကြည့်လိုက်မိသေး၏။ သို့သော် သာမာန် လူသားတွေ ဝတ်စားတာကို သေချာ လေ့လာပြီးမှ ဝတ်ဆင်ထားတာမို့ အများကြီးတော့ တွေးပြီး မပူပန် မိပေ။

ရုံးခန်း တစ်ခု အတွင်းသို့ ရောက်လာပြီ ဆိုမှ ကျောင်းအုပ် ဖြစ်ဟန်သူသော အမျိုးသမီးကြီးမှ သူ့ကို ထိုင်ခုံတစ်ခုတွင် ထိုင်စေလိုက်ပြီး

"ဒါဒါလေးရဲ့ အဖေလို့ ပြောလိုက်တာ ဟုတ်သလား"

"ဟုတ်ပါတယ် ကျွန်တော်က ကျွန်တော့်သမီးကို ခေါ်သွားဖို့ အဆင်မပြေတာလေးတွေ ရှိနေလို့ပါ"

ဒီစကားကိုတော့ ထိုအမျိုးသမီးက သဘောမကျဟန်ဖြင့်

"ဘယ်လိုပဲ ဖြစ်ဖြစ် ကလေးရဲ့ အဖေကို သိနေပြီးမှ ကျွန်မတို့ဆီမှာပဲ ကလေးကို ထားမယ် ဆိုတော့ ကလေးရဲ့ စိတ်တွေ ခံစားချက်တွေကို မသိချင်တော့ဘူးလား"

"ကျွန်တော်က ကလေးကို ခေါ်သွားလို့ မရတဲ့ အခြေနေမို့ပါ အခြေနေ ဆိုတာကလည်း ငွေရေးကြေးရေး ပြသနာ မဟုတ်ပါဘူး ကျွန်တော့် သမီးလေးကို ကျွန်တော် အသက်ရှင်စေချင်လို့ပါ အသက်ရှင်နေရင် ရပြီ ဆိုတဲ့ အတွေးနဲ့ ဒီမှာ လာထားထားတာပါ"

အဲ့ဒါမှ ဂေဟာမှုးက သက်ပြင်းချလိုက်ကာ

"ကလေးကို လိုက်ပြီး တွေ့ကြည့်ပါလား ပြီးမှ ဆက်ပြီး ပြောကြတာပေါ့"

ကလေးနဲ့ တွေ့ကြည့်ပါလား ဆိုမှ ကလေးနဲ့ တွေ့ရင် စပြောဖို့ စကားလုံးတွေက ရှားပါးလွန်းနေ၏။ ကလေးငယ်တွေ ဆော့နေသော ကွင်းနဘေးရှိ ပန်းတွေ မရှိတော့သည့် ပန်းခြံဟောင်းတစ်ခုကို ညွှန်ပြပြီး ဂေဟာမှုးက ပြန်လှည့်ထွက်သွားတော့ ထိုပန်းခြံဟောင်းထဲသို့ လှမ်းဝင်လာခဲ့ရသည်။ ခြောက်ခြောက် သွေ့သွေ့ နှင့် ပန်းရနံ့ပင် မရှိတော့သော ပန်းခြံတစ်ခုလို့ ပြောလို့ရရန် ပန်းပျိုးဘောင်တွေမှ လွဲ၍ စိမ်းစိုနေသော အရာဆိုလို့ တစ်ခုမှ ရှိမနေ၊ ပန်းခြံထောင့်ရှိ ကျိုးပဲ့နေသော အုတ်ခုံလေးပေါ်တွင် ထိုင်နေပြီး ဆော့ကစားနေကြသော ကလေးတွေကို လှမ်းငေးနေသည့် ကောင်မလေး၏ နီညိုရောင် ဆံနွယ်ခွေခွေလေးများက ဂုတ်ပေါ်တွင် ဝေဝဲကျနေ၏။ နှင်းစက်တွေလို ဖြူဖျော့ ဖွေးဆွတ်နေသော အသားရေက မှန်မှ ကြည့်လျှင် မသိသာပဲ မျက်စိရှေ့တွင်မှာမ ပိုမို ဖျော့တော့ နေသယောင် ရှိနေ၏။ အသားရေကတော့ ဒါဒါနဲ့ ထပ်တူညီနေ၏။ ငေးရီ မိန်းမော နေဟန်ကတော့ ဒါဒါနဲ့ ကွဲလွဲလွန်းနေသည်။

"ဒါဒါလေး သမီးက ထင်ထားတာထက်ကို ချစ်ဖို့ကောင်းလွန်းတယ်"

သူ့ထံမှ စကား စပြောလိုက်တော့ ကောင်မလေးက သူ့ဘက်ကို လှည့်လာပြီး အညိုရောင် စူးရှသည့် မျက်ဝန်းတွေဖြင့် လှမ်းကြည့်လာသည်။ မျက်ဝန်းတွေ အညိုရောင် ဖြစ်နေတာကျတော့ ဝေယံနှင့် တူညီနေပြန်သည်။

"ဦးက ဘယ်သူလဲ"

"ဦးက သမီးရဲ့အဖေအဖြစ် နာမည်ခံထားတဲ့ သူပါ သမီးကို စာသင်ကျောင်းပြောင်းပေးဖို့ လာခေါ်တာ"

"အဖေအဖြစ် နာမည် ခံထားတာလား အဲ့ဒါဆို ဒါလေးရဲ့ အဖေနဲ့အမေ ကကော"

"သေသွားကြပြီ"

သူ့စကား အဆုံးမှာ အညိုရောင် မျက်ဝန်းတွေက ပိုမို မှေးမှိန်သွားခဲ့ပြီး သူမက အုတ်ခုံပေါ်မှ ဆင်းလာလျက်

"သေသွားတာလား သေသွားလို့ ဒါလေးကို ဒီမှာ ထားခဲ့တာလား အဟင့်! အီး ဟီး"

စကားပြောနေရင်းမှ ရုတ်တရက် ငိုသွားတဲ့ ကလေးမလေးကို ငေးကြည့်ရင်း ဇော်ဂန် မျက်နှာ လွဲလိုက်မိသည်။ ပိုမို ပြင်းထန်လာတဲ့ နွေဦးရဲ့ လေရူးက ပိုမို တိုက်ခတ်လာသလို ခံစားလိုက်ရသည်။ အခုကတည်းက ပြောပြထားမှ နောင် ရင်ဆိုင်ဖို့တွေကို သူမလေး တတ်နိုင်မှာ ဆိုပေမဲ့ ရင်နာစွာ ငိုကြွေးသွားတဲ့ ကလေးငယ်ကို မချော့တတ်လေတော့ သက်ပြင်းချရုံမှ အပ၊

@@@@@@@@@@@

Continue Reading

You'll Also Like

1.7M 149K 80
"ကို့ ကိုယ် မင်းရဲ့ Husband Anna လေးရဲ့ Daddy အဖြစ်အသိအမှတ် ပြုပေးနိုင်မလား " မင်းဆက်ခ "ခင်ဗျား ပြန်ပေးမဆွဲမှာ ကြိမ်းသေရင်...
163K 12.5K 50
အမှောင် အောက်က ‌ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်ထွက်နေတဲ့ အခန်းတွေ ထဲ က အလောင်းတွေ သတင်း...
267K 8.2K 16
စိတ္တဇထောင်ချောက်တစ်ခုထဲ သင်ကိုယ်တိုင်ရောက်သွားတဲ့ ခံစားချက်မျိုး လိုချင်ရင် ဒီ fic ကို သင်ဖတ်နိုင်ပါတယ် သို့ပေမယ့် 18+နော်😁
464K 53.3K 122
Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် ​မြောက်များစွာ​သော အဓိကဇာတ်​ဆောင်​တွေကိ...