Never Again { COMPLETE }

By Alora_Catcher

847K 104K 7.8K

XingHo ( Yaoi ) Fic cover by byunasunapark00 Yi Xing - ကြင်ယာတော် Jun ကို အပယ်ခံ အဆောင်ပို့လိုက် ကြင်ယာတေ... More

Ep-1
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
EP-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep -19
ကြော်​ငြာ​လေး
Ep - 20
Ep-21
Update
Ep-22
Ep - 23
Ep -24 ( Part -1 )
Ep -24 ( part 2 )
Ep -25
Ep - 26
Ep - 27
Ep - 28
Ep - 29
Ep -30
Ep -31
Ep - 32
Ep - 33 ( Ending )
Hello

Ep-2

29.7K 3.1K 124
By Alora_Catcher

ဟန်မင်းဆက် , ဘီစီ ( ၂၀၂ - ၂၂၀ )

ကြင်ယာတော် Jun ဟာ အပယ်ခံ အဆောင်တွင်
အပယ်ခံ ကြင်ယာတော် တစ်ပါးဖြစ်သည့်အတွက်
အရောင်တောက်တောက် ဝတ်စုံတွေကို ဝတ်ခွင့်မရှိ
လှပသော ပိုးဖဲသားတွေကိုလည်း ဝတ်ခွင့်မရှိ
သာမန် ချည်သား ဝတ်ရုံ ဖြူ ဖျော့ဖျော့ကိုသာ
ဝတ်ဆင်ထားခြင်းကြောင့် နဂို ဖြူ သော အသားအရည်
သည်ပို၍ ပင် ဖြူ လွန်းနေသည်

သို့သော် ယခုချိန်ထိ မာန်မာန ပြင်းထန်သော
မျက်နှာထား တည်တည်နှင့်အတူ  ထူထဲသော
မျက်ခုံးတစ်စုံအောက်တွင်  လှပသော မျက်လုံး
ဝိုင်းဝိုင်းတို့က   စူးရှနေမြဲ 

သာမန် ကိုယ်လုပ်တော် အတွက်တောင်
အစေခံ အပျိုတော် ခြောက်ယောက်လောက်ရှိသော်လည်း
ယခု ကြင်ယာတော် Jun တွင်မူ
အပျို တော် နှစ်ယောက်သာ ရှိသည် မိန်းမစိုး
အထိန်းပင် မရှိ    နန်းတော် ရှိ အစွန်နန်းဆောင်
ဖြစ်နေသည့်အလျောက်  နန်းတွင်းအတော်လှမ်းကာ
သုဿ      န်တစပြင်အလား   တိတ်ဆိတ်ငြိမ်သက်လျက်

ကြင်ယာတော် Jun မကျေ နပ်နိုင်ပါ သူ့ကို
အခုလို အရှင် စွန့်ပစ်ခဲ့တဲ့ အတွက် အရှင့်ကို
နောင်တရစေချင်တယ်

တစ်ဘဝစာလုံး အရှင့်အတွက် ပံ့ပိုးကာ
အိမ်ရှေ့စံ ဘဝမှ ယခုချိန်ထိ ကြင်ယာတော်
တစ်ယောက်အနေနဲ့ နေလာခဲ့ရတဲ့ Jun
ယောကျာ်းလေး ကြင်ယာတော် ဖြစ်တာမို့
မိဖုရား မြှောက်ခွင့် မရှိဘူးဆိုသော
ပဥာဏ်ချက်နှင့် အတူ  Jun သည်
သာမန် ကြင်ယာတော် အဖြစ်နှင့်သာ
တင်းတိမ်နိုင်ခဲ့ရသည်  

တဖန် ချစ်ကြည်ရေး ဟူသော ခေါင်းစဉ်အောက်တွင်
တိုင်းပြည်တွေမှ ဆက်သလာသော မင်းသမီးများ
မိန်းမလှပေါင်းများစွာကို  မိမိထက် မြင့်သော
မိဖုရားအရာပေးကာ မြှောက်စားခဲ့သည်ကိုပင်
Jun မျက်စိမှိတ်ကာ   မျက်နှာလွဲပေးခဲ့ရသည်
မဟုတ်လား  သူလိုချင်တာ စည်းစိမ်ချမ်းသာ
ရာထူးဂုဏ်ဒြပ်တွေ မဟုတ်

အရှင့်ရဲ့ ကြင်ယာတော် အရှင့်ရဲ့ မြတ်နိုးမှုကို
ခံယူရတဲ့သူ အရှင့်ရဲ့ ကြင်နာမှု  ယုယမှု
ဦးစားပေးမှု အချစ် အရာရာ အားလုံးကိုသာ
Jun လိုချင်ခဲ့တာ   သို့ပေမယ့် အချိန်ကာလ
ပြောင်းလဲလာသည်နှင့်အမျှ အရှင်သည်
သာမန် ယောကျာ်း တစ်ယောက်ဖြစ်သော
Jun အပေါ်တွင်  ယခင်ကလောက်
အရေးမပေးတော့ချေ   ချောပါပေ့ လှပါပေ့ဆိုသော
ကိုယ်လုပ်တော် မိဖုရားတွေ ဆီသာ
သွားရောက်နေခဲ့သည်  တပတ်တခါမျှတောင်
Jun အဆောင်တော်သို့ ရောက်မလာခဲ့တော့

အိမ်ရှေ့စံ ဘဝထဲမှ တင်မြှောက်ခဲ့သော
ကြင်ယာတော် ဖြစ်သည့် Jun သည် သာမန်
မိဖုရားတွေကို  အာဏာ ပေးနိုင်သည်အထိ
သြဇာကြီးခဲ့သည်    အရှင့်ရဲ့ ဂရုစိုက်မှုကို
ခံယူထားသော မိဖုရားငယ်  မောင်းမ ကိုယ်လုပ်တော်
တွေသည်  Jun ၏ ဒေါသကို ခံယူကြရသည်

တခါတရံ အရှင်သည် Jun ၏  အချစ်နှင့်ပင်
မတန်ဘူးဟု စိတ်နာနာ တွေးမိသည်
အမြဲလိုလို သူ့ရဲ့ အချစ်အား အတ္တလို့ အမည်တပ်ကာ
ရက်စက်မှုဟူသော ခေါင်းစဉ်အောက်သို့
ဆွဲခေါ်ခဲ့တာ အရှင်ကိုယ်တိုင်ပင် မဟုတ်လား

အရှင့်ကို တကယ်ချစ်မြတ်နိုးခဲ့တာပါ 

အပယ်ခံ အဆောင်မှ ခြေတစ်လှမ်းအပြင်သို့
စလှမ်းသည်နှင့်  ကြင်ယာတော် Jun ၏
မျက်ဝန်းမှ မျက်ရည် စက် တစ်စက်သည်
ပေါက်ကနဲ ကျဆင်းသွားသည်

အရှင်  Jun ကို စွန့်ပစ်ခဲ့တဲ့အတွက်
တစ်ဘဝလုံးစာ စိတ်ထဲမှာ မကောင်းမှုလို
ဖြစ်နေစေရမယ်  Jun ရဲ့ အချစ်တွေက
အရှင့်ရဲ့ ဘဝကို လောင်မြိုက်နေစေရမယ်

ဒါဟာ ကြင်ယာတော် Jun ၏ နောက်ဆုံးသော
အတ္တ

တရွေ့ရွေ့နှင့် အဖြူ ရောင် အရိပ်လေးသည်
နန်းမြို့ရိုးကို ဦးတည်နေသည်   မြင့်မားလှသော
နန်းမြို့ရိုးကြီးသည်  ဝါးနှစ်ပြန်စာ မက မြင့်မားလွန်းသည်

နောက်မှ ကပ်လျက်ပါလာသော အပျိုတော်နှစ်ယောက်
သည်လည်း ကြင်ယာတော် Jun အား
မတား ဝံ့ကြ  ကြင်ယာတော် Jun ၏
စိတ်ထားသည် ကြမ်းတမ်းလွန်းလှသည်မဟုတ်လား

နန်းမြို့ရိုးပေါ်သို့ လှေကားထစ် တစ်ထစ်ခြင်းတက်သွားရင်း
ထိပ်ဦးပိုင်းသို့ ရောက်သည်နှင့်  အနောက်မှပါလာသော
အပျိုတော်တွေဘက် လှည့်ကာ

"" အရှင့်ကို လျှောက်တင်လိုက်ကြ
ကျန်ရှိနေတဲ့ အရှင့်ဘဝ တစ်ခုလုံးကို
ကြင်ယာတော် Jun က ကပ်တွယ်နေဦးမှာလို့ ""

ထိုသို့ပြောပြီးသည်နှင့်  နန်းမြို့ရိုးမှ ခုန်ချလိုက်သော
ကြင်ယာတော် Jun 

နောက်မှ အပျိုတော်နှစ်ယောက်သည် တားဆီးချိန်ပင်
မရလိုက်ကြ  ထိန့်လန့်ကာ  ဆွံ့အနေကြသည်

အရှင့် ဘဝ တစ်ခုလုံး Jun အတွက် နောင်တတွေနဲ့
ဆက်ပြီး ရှင်သန်နေစေရမယ်

~~~~~~~~~~~~~NEVER AGAIN~~~~~~~~~~~~

သက္ကရာဇ်​၂၀၁၈ , ကိုရီးယားနိုင်ငံ

လက်ထဲမှ လိပ်စာကတ်ကို  မျက်မှန်အောက်မှ
မျက်လုံးဝိုင်းဝိုင်းတို့နှင့် ပြူးကြည့်ရင်း

"" ဟက် ငါ့အကြွေးကို ယူပြီး ဒီလိုထွက်ပြေးလို့ရမယ်ထင်နေလား  ဟွန့် ""

ချိုင်းကြားမှ သားရေ ပိုက်ဆံအိတ်ကြီးကို
ညှပ်ထားရင်း   လက်တွင် အနက်ရောင်
ထီးကောက်မည်းမည်းကြီးကို ချိတ်ထားကာ
ကော့တော့ကော့တော့နှင့် သုံးထပ် တိုက်ပေါ်
တက်သွားသော Kim Suho

အပေါ်ဆုံးထပ်ရဲ့ အပေါ်ဘက်တွင် ခေါင်မိုးအိမ်
ကလေးရှိနေသည်  အဝတ်များက ခေါင်မိုးပေါ်တွင်
တို့လို့ တန်းလန်းနှင့် လှမ်းထားသည်များကို
နာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း

"" ငါ့အကြွေးကျတော့ မပေးဘူး ဒီလို အဝတ်အစားတွေ ကျ ဝယ်ဝတ်နေကြတယ် တော်တော်တရားတဲ့ ဟာတွေ   ""

မျက်မှန်ကိုင်းကြီးကို လက်ညိုးနှင့်ပင့်တင်ကာ
အဝတ်အစားများကို မျက်စောင်းထိုးလိုက်ရင်း
တံခါးကို လက်ထဲမှ ထီးကောက်ကြီးနှင့် သုံးလေး
ချက်ခေါက်လိုက်သည်

ပိုက်ဆံ အိတ်ကို ဟန်ပါပါနှင့် သေချာ ချိုင်းကြားထဲ
ညှပ်လိုက်ရင်း  ထီးကောက်ကို လက်တွင်
ပြန်ချိတ်လိုက်ကာ ခေါင်းကိုမော့ရင်း
ဟန်ပါပါနှင့် တံခါးလာဖွင့်တာကို စောင့်နေလိုက်သည်
မျက်နှာကတော့ ထုံးစံအတိုင်း ကြွေးတောင်းခါနီး
ရှစ်ခေါက်ချိုး ပုံစံနှင့်

"" ဘယ်သူလဲကွာ မနက်စောစောစီးစီး   လူမှုရေးနားမလည်ဘူးလား ""

အခန်းတံခါးကိုဖွင့်ကာ ဆံပင်ငှက်သိုက်ခေါင်းနှင့်
မျက်​လုံးက မဖွင့်ဘဲ အော်ချင်ရာနေသော
ထိုကောင်၏ ခေါင်းကို  လက်ထဲမှ ထီးကောက်နှင့်
တစ်ချက်လှမ်းခေါက်လိုက်သည်

ထိုနောက် မျက်နှာကို ခပ်တင်းတင်းထားကာ
ခေါင်းကို မော့ရင်း ခပ်ချေချေနှင့် နေလိုက်တော့
ခုမှ မျက်လုံးပွင့်လာဟန်  ထိုကောင်သည်

"" အာ  suho hyung !!!!!""

အခန်းထဲပြန်ပြေးဝင်ကာ တံခါးကို ပိတ်မယ်လုပ်နေသော  Baek hyun ဆိုသော
ထိုကောင်လောက်ကတော့ Kim Suho တို့က
သနားတယ်  ထီးကောက်နှင့် တံခါးရွက်ကို
ပြန်ဆွဲထားလိုက်ရင်း

"" ဘယ်ပြေးဦးမှာလဲ Byun baek  hyun ""

"" အယ် ဟီးး suho hyung ""

အိပ်မှုံစဝါးနှင့် အသည်းအသန် ဖြီးပြနေသော
baekhyun ကို လျစ်လျူ ရှုလိုက်ရင်း

"" မင်းငါ့အတိုးကို မပေးတာ ဒီနေ့နဲ့ဆို  ငါးရက်ရှိနေပြီ
တစ်နေ့ကို အတိုးက ၅၀၀၀ ဆိုတော့
၅ × ၅ = ၃၀ ဆိုတော့ ၃၀၀၀၀ ဘဲ အခုပေး ""

"" ဟာ suho hyung ကလည်းဗျာ ၅ × ၅  = ၂၅  ပါဗျ
၂၅၀၀၀ ဘဲရှိသေးတယ် ""

"" မရှည်နဲ့ အဲ့ဒါ မင်းအတိုးလာမသတ်ဘဲ
ရှောင်ပြေးနေလို့ အတိုးပေါ် အတိုးဆင့်ထားတာ
မကျေနပ်ရင်  မင်းအိမ်ထဲက ရှိတာ သိမ်းမယ် ""

တံခါးပေါက်ရှိ Byun baekhyun ကို တွန်းတိုက်ကာ
အခန်းထဲ ဝင်သွားသော ချစ်တီး suho

"" မင်းဘယ်လို နေတာပါလိမ့် ဘာမှလည်းမရှိဘူး
ရပါတယ် မရှိရှိတာ ယူတာပေါ့  အင်း ဒီပေါင်းအိုးက
အကောင်းကြီးမဟုတ်လား  ဒါယူမယ် ပြီးတော့
ဒီမီးပူက  ဂျပန်ထုတ် မဟုတ်လား  ဒါလည်းယူမယ်
ဒါရော  ဒါ ဟိုတစ်လောကမှ TV မှာကြေညာတဲ့
အပူပေးစက်မဟုတ်လား  ဟမ် ငါ့အကြွေးကျတော့
မဆပ်ဘူး ဒါတွေကျ ဝယ်တယ်ပေါ့ မသိဘူး သိမ်းမယ် ""

ပစ္စည်းတွေကို မနိုင်မနင်းနှင့်  မကာ အခန်းအပြင်ထွက်မယ် လုပ်နေသော suho ကို

"" Hyung မလုပ်ပါနဲ့ဗျာ ဒီလောက်အေးနေတဲ့
ဆောင်းတွင်းကြီးမှာ  ခေါင်းမိုးထပ်က အရမ်းအေးတာဗျ  ဒီအပူပေးစက်လေးမရှိရင် ကျနော် အေးပြီး သေသွားလိမ့်မယ် မရက်စက်ပါနဲ့ ဗျာ  ""

"" မသိဘူး ဒါမင်းကိစ္စ  မင်းပစ္စည်းတွေ ပြန်လိုချင်ရင်
ပိုက်ဆံရအောင်ရှာခဲ့  မဟုတ်ရင် အကုန်ရောင်းစားပစ်မှာ နေဦး ငါ့ထီးကောက်ကျန်ခဲ့ပြီ
လက်မှာ ချိတ်ပေးဦး ""

သနားစရာ baekhyun မှာတော့ suho ခိုင်းသည့်
အတိုင်း  ထီးကောက်လေးကို ကုတ်ကုတ်ကုတ်ကုတ်နှင့် သွားပြန်ယူကာ
လက်တွင် ချိတ်ပေးလိုက်သည်

နှုတ်ခမ်းကို ထော်ကာ မေးကိုမော့ရင်း မနိုင်မနင်းနှင့်
ပစ္စည်းတွေကို သယ်ကာ  ခေါင်းမိုးထပ်မှ ဆင်းသွားသော suho ကို baekhyun
မျက်နှာငယ်လေးနှင့် ငေးကြည့်မိသည်

ဆောင်းတွင်းဘက် မနက်စောစောဖြစ်တာကြောင့်
ခေါင်မိုးထပ် ကြမ်းပြင်သည် နှင်းတွေနှင့်
ချောနေသည်ကို suho သတိမမူမိခဲ့

လှေကားထစ်ကို စနင်းလိုက်သည်နှင့်
ချောနေသော ကြမ်းပြင်သည်  လူချည်းဘဲ တက်လာတုန်းက မသိသာသော်လည်း
ပစ္စည်းတွေပါလာသောအခါ   ထိန်းလို့မနိုင်တော့
ပထမဆုံးလှေကားထစ်ကပင်
တစ်လိမ့်ကောက်ကွေး ကျသွားတော့ သည်

နောက်မှ baekhyun ၏ hyung ဆိုသော အသံကို
suho နောက်ဆုံးကြားလိုက်ရခြင်း

TBC

Ok Ok ဘယ်သူမှလည်း မဖတ်ကြဘူး

Continue Reading

You'll Also Like

54.6K 5.2K 29
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
602K 103K 91
මා දන්නා ප්‍රේමනීයම යක්ශපරානය අග්නි!!
433K 68.5K 70
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
954K 88.3K 36
𝘑𝘑𝘒 × 𝘒𝘛𝘏 ᵂᵃʳⁿⁱⁿᵍ⁻ ᴹᵃˡᵉᵖʳᵉᵍⁿᵃⁿᶜʸ [Burmese Language]