Ep-4

23.9K 3.2K 240
                                    

ရဲမက်တွေ ထမ်းထားသော ထမ်းစင်ပေါ်တွင်
ခွေခေါက်ကာ   ကျွဲ သတ် နွားသတ်  သလိုအော်နေ
သော Kim Suho

"" ဟေ့လူတွေ နေကြဦးး  ဟိုမှာ ကျနော့်
အထုတ်ကြီးကျန်ခဲ့လို့ သွားယူပေးကြပါဦး
ကျွန်း စားပွဲကြီးရော ကျွန်းစားပွဲကြီး  ကျိုးသွားပြီလား
ကြည့်ကြပါဦး ""

ကိုယ့်ခန္ဓာကိုယ်က ကျိုးသွားမှန်း ပဲ့သွားမှန်းတောင်
ဂရု မစိုက်အား ထမ်းစင်ပေါ်မှ နေကာ    သူ့အထုတ်တွေကို ယူခိုင်းနေသော Kim suho

အဆောင်ကို ပြန်ရောက်တော့  ကုတင်ပေါ်တွင်
တင်ထားခဲ့ကာ ရဲမက်များက ထွက်သွားကြသည်
အပျိုတော်လေးများက လည်း Suho ၏
အသံနက်ကြီးကြောင့် ဘာမှ မလုပ်ရဲ မကိုင်ရဲကြ
တုတ်တုတ်ပင် မလှုပ်ရဲရှာ

"" အမလေး သေပါပြီအမေရဲ့  ခြေထောက်တွေ
ကျိုးကုန်ပြီလား မသိဘူး ခြေထောက်ကျိုးတာက
တော်သေးတယ် စတီးရိုးတို့ ကျောက်ပတ်တီးတို့
ကိုင်ရမယ်ဆို ဈေးကအရမ်းကြီးတာ အခု ငါ့လက်ထဲမှာက  ပိုက်ဆံက မရှိပါဘူးဆို
အပိုတွေ ကုန်ရဦးမှာ  ဟေ့ ဟိုနားက နှစ်ယောက် '"

အခန်းထောင့်လေးမှာ ကုတ်ကုတ်လေး ရပ်နေသော
အပျိုတော် နှစ်ယောက်ကို လက်ယက်ခေါ်လိုက်ရင်း

"" သမားတော် ပင့်ရင် ဈေးချိုတဲ့ သမားတော်ဘဲ
ပင့်ခဲ့ကြားလား  တအားဈေးကြီးတဲ့ သမားတော်တွေ မပင့်နဲ့ ""

"" ရှင် !!!!! ""

"" ကြားလားလို့ """

"" ဟုတ် ဟုတ်ကဲ့ ""

အပျိုတော်လေးတွေခင်မျာ သူတို့ရဲ့ ကြင်ယာတော် Jun
ဘာတွေပြောနေမှန်းမသိသော်လည်း   ယောင်တောင်တောင်နှင့်သာ  ခေါင်းငြိမ့်နေရသည်
မတော်လို့ ကြင်ယာတော် Jun ဒေါသထွက်လျှင်
ကြောက်စရာ ကောင်းလွန်းသည် မဟုတ်ပါလား

"" အားး ယိုး  နာလိုက်တာ  သေတော့မှာလား မသိဘူး
သေလို့မဖြစ်သေးဘူး ငါ့အကြွေးတွေကို
မြောင်ဒုံးဈေးထဲက မိန်းမကြီးတွေက အကျေ ဆပ်သေးတာ မဟုတ်ဘူး  ငါ့ပိုက်ဆံလေးတွေ
ငါ့ပိုက်ဆံလေးတွေ ……… ¡¡¡¡ ""

ပေါက်ကရတွေအော်ကြီး ဟစ်ကျယ်ပြောနေသော
ကြင်ယာတော် Jun အား အပျိုတော်လေး နှစ်ယောက်
ခင်မျာ  မျက်လုံးအဝိုင်းသားနင့်သာ ငေးကြည့်နေကြလေသည်     သမားတော်ကြီးကို
ကြင်ယာတော် Jun အတွက် ဆေးနည်းတောင်းပေးဦးမှ

Never Again { COMPLETE }Where stories live. Discover now