Ep - 28

18.9K 2.7K 250
                                    

နေ့ခင်းကြောင်တောင်ကြီး နန်းဆောင်ထဲမှာ
စောင်ကြီးခေါင်းမြီးခြုံ ပြီး လှုပ်စိလှုပ်စိ နှင့်
တအီးအီး အော်ငိုနေသော … Jun ကြောင့်
Yi Xing သက်ပြင်းချရတာ အခါခါ …

ဘယ်လိုချော့ချော့ ငိုမြဲ ငိုဆဲ ……

"" Jun ထကွာ… မငိုနဲ့တော့ … နှာခေါင်းတွေ
ပိတ်ကုန်လိမ့်မယ်…  ငိုချင်ရင် …  ခေါင်းထုတ်ပြီး
ိငို ဟုတ်ပြီလား … Jun အသက်ရှု ကျပ်နေလိမ့်မယ် ""

Yi Xing စကားကြောင့် လှုပ်စိ လှုပ်စိ ဖြစ်နေသော
စောင်လုံးကြီးက ငြိမ်ကျသွားကာ ရှိုက်သံ တအင့်အင့်
သာ ထွက်ပေါ်လာသည် …

တဖြေးဖြေးနဲ့ ခေါင်းလေးထွက်လာကာ
Yi Xing ကို ငိုမဲ့မဲ့ လှမ်းကြည့်နေသော Jun ကြောင့်
ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်

"" ကြည့်ပါဦး … မျက်လုံးတွေတောင် နီနေပြီ …
စောင်ကြီး ခြုံ ပြီး ငိုတော့ အသက်ရှုရခက်ပြီး
နှာခေါင်းတွေ ပိတ်ကုန်မှာပေါ့ … လာ ကိုယ်တော့်
ဆီမှာ လာငို ""

စောင်ပုံထဲက ထွက်ကာ Yi Xing ရင်ခွင်ထဲ တိုးဝင်
လိုက်ရင်း ခါးကို ဖက်ထားလေသည် …
Jun့ ကျောပြင်ကို ပြန်ဖက်တွယ်ပေးလိုက်ရင်း

"" ကဲ … မငိုပါနဲ့တော့ဆို … Jun ဆုလိုချင်လို့လား
ကိုယ်တော် ပေးမှာပေါ့ မငိုနဲ့တော့ ""

"" အရှင်က ကျနော့်ကို ဘယ်လိုထင်လို့လဲ
ကျနော်က ကိုယ့်အား ကိုယ်ကိုးပြီး … ဆုကိုလိုချင်တာ
ဟင့် ခုတော့ … ကျနော့်မှာ လက်တွေ အနာခံပြီး
ကျင့်ထားရတာ  ပစ်မှတ်ကို ထိတာတောင်
ကျနော့်ကို ဆုမပေးဘူး  ကျနော့်ကို အပယ်ခံ
ကြင်ယာတော်  ဆိုပြီး နှိမ်ပြီး မပေးတာ ကျနော်သိတာ
ပေါ့ ""

ပစ်မှတ်ကို ထိတာ … တစ်ချောင်းတည်းလေ Jun ရယ်
လို့လည်း ပြောမထွက်

"" အဲ့ဒါ အရှင့်ကြောင့် … အရှင်က သူ့မိန်းမတွေကျတော့ ဟင့် ရွှေတွေ ငွေတွေနဲ့
နည်းတာ မဟုတ်ဘူးး … ဟို ဝတုတ်ကလည်း
ဘာလို့ အရှင့်နား အရမ်းကပ်နေရတာလဲ …
ကျန်တဲ့မင်းသားတွေ အကုန်အနောက်မှာ .
သူတစ်ယောက်တည်း အရှင့်လက်ကိုဆွဲထားးတာ
အဲ့ထဲက ကျနော်စိတ်အနှောင့်အယှက် ဖြစ်သွားတာ
အဲ့ဒါကြောင့် ပစ်မှတ်ကို မထိနိုင်တာ
နောက်မို့ဆိုထိတာပေါ့ …… အဲ့ဝတုတ်က … 
အရှင့် ရဲ့ အချစ်တော် မိဖုရားက မွေးတာမိုလို့
အဲ့လောက်ချစ်နေတာ မဟုတ်လား ကျနော့်ကိုကျတော့
ဟင့် … ""

Never Again { COMPLETE }Where stories live. Discover now