Ep-15

23.3K 2.8K 226
                                    

"" ကြင်ယာတော် Jun စိုးရွံ့မိပါတယ် ကျနော်မျိုးက
ကြင်ယာတော် Jun ရေကန်ထဲ ပြုတ်ကျမှာစိုးတာ
ကြောင့် လှမ်းဆွဲလိုက်ရုံပါ ""

အကြည့်ချင်းဆုံနေရာမှ သတိဝင်လာဟန်တူသော
ထိုသူက ရုတ်ချည်း ဒူးထောက်ကာ တောင်းပန်စကား
ဆိုလာသည်

"" ရတယ် ရတယ် ထ ... ထ ခင်ဗျားသာ မကယ်ရင်
ကျနော် ရေကန်ထဲ ပြုတ်ကျပြီ ခင်ဗျားအမှား မဟုတ်ဘူး
""

ဒူးထောက်နေသော ထိုသူ၏ လက်မောင်းကို ဆွဲကိုင်ကာ ထူပေးလိုက်မှ ထိုသူက ထလာသည်

"" ဒါနဲ့ ...... ကျနော် ခင်ဗျား ကို တွေ့ဖူးသလိုဘဲ ""

ပါးသိုင်းမွှေး နှုတ်ခမ်းမွှေး တို့ဖြင့် ထိုသူ၏ ပုံပန်းသဏ္ဌာန်
သည် ကြမ်းတမ်းဟန် ရှိသော်လည်း မျက်ဝန်းတို့က
ရင်းနှီးကာ နွေးထွေးနေသည် ထိုမျက်ဝန်းတို့အား
Suho ရင်းနှီးပါ၏

"" ဟာ ... ခင်ဗျား ဟို ...... သစ်သီး ချို ချဉ် မဟုတ်လား ""

မျက်လုံးကြီးအပြူးသားနှင့် လက်ညိုး ကြီးထိုးကာ
အံသြနေဟန် ဖြစ်နေသော ကြင်ယာတော် Jun
ကြောင့် သူ ခေါင်းသာ ငြိမ့်ပြလိုက်သည်

"" ကျနော် ခင်ဗျားကို သတိရနေတာ ""

သတိရနေတာ ဟူသော စကားတစ်ခွန်းကြောင့်
သူ့ ရင်ဘတ်အား တစ်စုံ တစ်ခု အလုံးအရင်းနှင့်
ဝင်တိုက်လိုက်သလို အသက်ရှု ပင် ရပ်တန့်သွား
မတတ် ဖြစ်ရသည် ကြင်ယာတော် Jun သည်
သူ့အပေါ် ထိုမျှလောက် စိုးမိုးထားနိုင်မှန်း
သူ မသိခဲ့ပါ ကြင်ယာတော် Jun ၏
သတိရ နေတာ ဆိုသော စကားသည်
သူ့အား ကောင်းကင်ဘုံအထိ ခေါ်ဆောင်သွားသလို
တိမ်တိုက်တွေအပေါ်တွင် လွင့်မျောသွားရသည်
သို့သော် ဆက်ပြောလာသော စကားသည်ကား
သူ့အား ငရဲဘုံသို့ ဇောက်ထိုး ဆွဲချသွားပါ၏

ပြောလိုက်သည်က

"" ကျနော် သစ်သီးချို ချဉ်စားချင်နေတာကြာပြီ
ခင်ဗျားကို ဝယ်ခိုင်းချင်လို့ ""

တဲ့လေ ကြင်ယာတော် Jun သည် သူ့အား
သတိရခြင်းမဟုတ် ဝယ်ကျွေးခဲ့သော
သစ်သီးချို ချဉ်ကိုသာ သတိရနေခြင်းဖြစ်၏
သူ၏ အဖြစ်သည်ကား ဆိုးလှပေစွ

Never Again { COMPLETE }Where stories live. Discover now