Ep -30

18.7K 2.7K 157
                                    

အရှင့်ရဲ့ … ဝတ်လဲတော်တွေထဲက … ဝတ်ရုံတွေ
တစ်ထည်ပြီးတစ်ထည် ဝတ်ကြည့်လိုက် ပစ်ထုတ်လိုက်
နဲ့  လုပ်နေသော ကြင်ယာတော် Jun ကို …
အရှင်မင်းကြီးက စားပွဲပေါ်မှာ လက်ဖက်ရည်ကြမ်း
သောက်နေရင်းနဲ့သာ … အေးအေးလူလူ ငေးကြည့်နေလေသည် …

ကြားထဲက ဘာမဆိုင် ညာမဆိုင် မျက်နှာတွေပျက်နေတာက အထိန်းတော်ကြီး …

"" ဝါးး  ဒီဝတ်ရုံမှာ ထိုးထားတဲ့ ချည်တွေက
ရွှေအစစ်တွေလား ဟုတ်လား ""

ဘေးနားမှာ  အထိန်းတော်ကြီးကို ဝတ်ရုံကြီးကိုင်ကာ
ထိုးမေးနေသော ကြင်ယာတော် Jun …
တော်ဝင်နန်းဆောင် တစ်ခုလုံး အရှင့်ရဲ့ ဝတ်ရုံတော်
တွေနဲ့ … ပြည့်နှက်နေသည်

"" ဟုတ်ပါတယ် … ဒီရွှေချည်မျှည်တွေက …
မြောက်ပိုင်းနယ်က ထွက်တဲ့ အကောင်းဆုံး ရွှေသားတွေနဲ့လုပ်ထားပြီး … မြောက်နန်းစံ မယ်မယ်ကိုယ်တိုင် ဒီနဂါးဝတ်ရုံလွှာကို ထိုးပေးထားတာပါ ""

ခုဏက ဝမ်းသာ အားရ နှင့် ဝတ်ရုံကို လောဘတကြီး
ဖြစ်နေသော ကြင်ယာတော် Jun က သူမဟုတ်တဲ့
အတိုင်း ဝတ်ရုံကို … နှာခေါင်းရှုံ့ကာ ကြည့်ရင်း
ခပ်ဝေးဝေးသို့ လွှတ်ပစ်လိုက်လေသည် …

ထို့နောက် ဝတ်ရုံတွေ တစ်ထည်ပြီး တစ်ထည်
ဆက်ထုတ်ကြည့်နေသည်

"" အာ အထိန်းတော်ကြီး ခုဏက … ဝတ်ရုံကို
ပြန်ကောက်ခဲ့ပေးဦး … ကတ်ကြေးလေးတစ်ချောင်းပါ
ယူခဲ့ ""

ကြမ်းပြင်ပေါ်ကို ဆူပုတ်ပုတ်နဲ့  ထိုင်ချလိုက်ရင်း
အထိန်းတော်ကြီးကို လှမ်းခိုင်းနေသည် …

"" ကြင်ယာတော် Jun ဒီမှာပါ ""

အထိန်းတော်ကြီး ကမ်းပေးလာသော … ဝတ်ရုံနဲ့
ကတ်ကြေးကို ဆတ်ခနဲ ဆွဲယူလိုက်ရင်း
စားပွဲပေါ်မှာ ရေနွေးကြမ်းသောက်နေတဲ့
အရှင့်ကို တစ်ချက် လှမ်းကြည့်လိုက်သည်

"" အရှင် … ဒီ ဝတ်ရုံကို ရွှေချည်တွေ ကျနော်လိုချင်
တယ် … ပေးမှာလား ""

ကြမ်းပြင်ပေါ်မှာ ကတ်ကြီး ကိုင်ပြီး ဆူပုတ်ပုတ်နဲ့
လှမ်းမေးသော Suho

"" အင်း … မင်းသဘော ""

"" အရှင် … ဒါ ဒါပေမယ့် ဒီဝတ်ရုံက မြောက်
မြောက်နန်းစံ မယ် … မယ် … က  …… ""

Never Again { COMPLETE }Where stories live. Discover now