Ep-21

19.5K 2.8K 132
                                    

Suho နန်း​ဆောင်​ထဲ ဝင်လာတာ တွေ့သည်နှင့်
အထိန်းတော်များသည် ...နန်းဆောင်အတွင်း
ဟိုပြေးဒီလွှားနှင့် နေရာမရကြရှာ ... အမှန်က
သူတို့ ကြင်ယာတော် Jun ကို ပတ်ရှောင်နေတာ
သုံးလေး ရက် ရှိပြီ ... ကြင်ယာတော် Jun ကတော့
သူတို့ကို တွေ့သည်နှင့် ပြုံးဖြီးကာ ခြေကားယား
လက်ကားယားနှင့် လှမ်းနှုတ်ဆက်ရှာသည်

သို့သော် ကြင်ယာတော် Jun ဟူသော အသံကြားသည် နှင့် သူတို့မှာ သေမင်းခေါ်သံအလား
ပုန်းလျှိုး နေကြရသည် ... ကြင်ယာတော် Jun က
တော့ ... သူတို့ ပတ်ရှောင်နေတာ သိသော်လည်း
သွားဖြဲ ကြီးနှင့် နှုတ်ဆက်မြဲ နှုတ်ဆက်ဆဲပင်

ဟိုတလောက ... ကြင်ယာတော် Jun ကောင်းမှုနှင့်
သူတို့အကုန် ကြိမ်ဒဏ်ဆယ်ချက်တောင် အရိုက်ခံ
လိုက်ရသည်ကို မမေ့ပျောက်နိုင်သေး

Suho တစ်ယောက် ခပ်လှမ်းလှမ်းမှ အထိန်းတော်ကြီး
တွေ ပျာပျာ သလဲဖြစ်နေကြသည်ကို တွေ့ရသည်
နှင့် သူ ခေါင်းကုတ်လိုက်မိသည် ...

အဲ့လူကြီးတွေ ဘာလို့ သူ့ကို ဒီလောက်တောင်
ကြောက်နေကြသလဲ စဉ်းစားမရပါ သူလည်း
ဘာမှမလုပ်ရပါဘဲ သူတို့က ... မကောင်းဆိုးဝါး
တစ်ကောင်လို အဝေးက တွေ့တာနဲ့ ပြေးပုန်းနေကြ
သည် ... သူ့မှာတော့ တွေ့တာနဲ့ လှမ်းနှုတ်ဆက်
ရတာ အမော... ဒါကို သူတို့က ကြီးကြီးကျယ်ကျယ်
အဖတ်ပင် မလုပ်ကြ ...

ဟိုတလောက သူတို့ကို ... ကံကောင်းစေတဲ့
လာဘ်ခေါ်အဆောင် ရောင်းပေးခဲ့တာဘဲလေ ...
သူတို့လက်ထဲ ရောက်မှ ကံဆိုးသွားတာတော့
Suho နဲ့ မှ မဆိုင်တာ ဟုတ်တယ် မို့လား

သူတို့ဘာသာ သူတို့ ကံမကောင်းတာကို
သူ့အား လွှဲချကြသည် ဟွန့် ... Suho နာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ... နန်းဆောင်
တံခါးကို ဆွဲဖွင့်လိုက်သည် ... ခါးနာသက်သာ
သွားသော်လည်း ... သူဟို ဂျင်းကောင် မင်းကြီးရဲ့
အိပ်ရာမှာ အိပ်တုန်း ... ဒါ့ကြောင့် အိပ်ရာခင်းတောငိ
သယ်လာစရာ မလိုတော့

ညအိပ်ဝတ်စုံ ...အဖြူ လေးနှင့် ဆံပင်တွေ ဖြေချထား
သော ဂျင်းကောင်မင်းကြီးရဲ့ ပုံက လုံးဝကို အကြွေဆင်
Suho ဒီနန်းဆောင်မှာ လာအိပ်တာ တစ်ပတ်
ကျော်ကျော်လောက်ရှိနေပြီ ... ဒါပေမယ့် အဲ့ဂျင်းကောင် မင်းကြီးက တခြား သူ့မိဖုရား
နန်းဆောင်တွေကို သွားအိပ်တာ မတွေ့ဘူး ...

Never Again { COMPLETE }Unde poveștirile trăiesc. Descoperă acum