Ep -24 ( Part -1 )

19.2K 2.9K 276
                                    

"" shixun အသက်ဘယ်လောက်ရှိပြီလဲ ""

နန်းမြို့ ရိုးပေါ်မှ  နန်းတွင်းအပြင်ဘက်ကို
ငေးကြည့်နေသော ကြင်ယာတော် Jun သည်
နံဘေးမှ ချပ်ဝတ်တန်ဆာ အပြည့်နှင့် … ဓားတစ်ချောင်း
ကို ကိုင်ဆောင်ထားကာ မတ်တပ်ရပ်နေသော
Shixun ကို မေးလာသည်

"" ကျနော်မျိုးအသက်က 23 ပါ ""

"" တကယ် !! """

နန်းတွင်းအပြင်ဘက်ကို ငေးကြည့်နေသော
ကြင်ယာတော် Jun က Shixun ၏ အဖြေကြောင့်
တအံတသြနှင့် ပါးစပ်လေးဟကာ …
လှည့်ကြည့်လာသည်

"" Shixun က တကယ် 23 ဘဲ ရှိသေးတာလား ""

Shixun ခေါင်းငြိမ့်ပြလိုက်သည်

"" ကျနော်က 26 ရှိပြီ … ကျနော်က Shixun ကို
ကျနော့်ထက် အသက်ကြီးတယ် ထင်နေတာ ""

နန်းမြို့ရိုး နံရံကို ကျောမှီကာ Shixun ဘက်လို့
လက်လေးပိုက်ပြီး လူကြီးလေးလို ပြောလာသော
ကြင်ယာတော် Jun ကြောင့် Shixun
ပြုံးမိသည်

အမြဲတမ်း စစ်ရေး လေ့ကျင့်မှုတွေနဲ့
စစ်မြေပြင်မှာ ကြီးပြင်းလာရတဲ့ Shixun ရဲ့
ရုပ်ရည်က တပါးသူတို့ထက် ရင့်နေမှာကိုတော့
မငြင်းလိုပါ

Shixun အား မျက်လုံးမှေးကျဉ်းကာ လက်ပိုက်ပြီး
စူးစိုက်ကြည့်နေသော ကြင်ယာတော် Jun ၏
အကြည့်တွေကြောင့် လူက အလိုလို နေရခက်လာသည်

"" Shixun က ဘာလို့ နှုတ်ခမ်းမွှေးတွေ
ထူလပစ်ကြီးထားတာလဲဟင် ""

ကြင်ယာတော် Jun ၏ အမေးကို သူဖြေရခက်သွားသည်  နှုတ်ခမ်းမွှေးဘာလို့ထားလဲဆိုတဲ့ အကြောင်းပြချက်ကို
Shixun ဘယ်လိုဖြေရမလဲ မသိ

"" Shixun က ဘာလို့ အဲ့သံချပ်ကာ ဝတ်စုံကြီးကို
အလေးခံပြီးဝတ်ထားတာလဲဟင် ""

ပထမ မေးခွန်းတောင် စဉ်းစားလို့မရသေး
နောက်မေးခွန်းတခုက ထွက်လာပြန်သည်

"" Shixun က ဘာလို့  နန်းတွင်းတပ်ထဲ ရောက်လာတာလဲဟင် ""

"" Shixun ရဲ့ မိသားစုတွေကရော ""

"" Shixun အသက်ဘယ်လောက်ထဲက …
နန်းတော်ထဲ ရောက်တာလဲဟင် ""

"" Shixun မှာ မိန်းမရှိလား ""

Never Again { COMPLETE }Where stories live. Discover now