Ep - 33 ( Ending )

36K 3.3K 432
                                    

ဖြေးညှင်းစွာ ပွင့်လာ Suho ၏ မျက်ဝန်းတို့ကြောင့်
Yi Xing လက်ထဲက ရေပတ်ဝတ်လေးကို ...
ဘေးသို့ချရင်း .

"" Suho ကြားလား ... ကိုယ်တော်ပြောတာကြား
လား ...ဟင် အခုရော ဘယ်လိုနေသေးလဲ ""

သူ့လက်ကို ခပ်ဖွဖွကိုင်ကာ စိုးရိမ်တကြီး မေးလောသော အရှင့်ရဲ့လက်တွေကြားထဲမှ
စောင့်ရုန်း ထွက်လိုက်သည် ... သူ အရှင့် အိပ်ဆောင်
ပြန်ရောက်နေတာဘဲ ...

မူးဝေနေသေးသော ခေါင်းကို လက်ဖဝါးနဲ့ အသာဖိရင်း
အခန်းပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သည်
အထိန်းတော် အပျို တော်တွေကို မတွေ့ရ
ရေဇလုံလေးတစ်ခုနှင့် ပိတ်စဖြူ တစ်ခုကြောင့်
အရှင် သူ့အား ရေပတ်ဝတ် တိုက်ပေးနေကြောင်းကို
သိလိုက်ရသည် ...

"" ဘာစားချင်လဲ ... Suho မင်း သတိမေ့နေတာ
သုံးရက်လောက်ရှိနေပြီ ... ကိုယ်တော် ပြင်ခိုင်းလိုက်မယ် ""

"" မလိုဘူး ... ""

ခန္ဓာကိုယ်က အားနည်းနေသေးတာကြောင့်
ဆက်မထိုင်နိုင် ... အိပ်ရာပေါ်သို့ ပြန်လှဲချလိုက်ရင်း
မျကိလုံးတွေကို စုံမှိတ်ထားလိုက်သည်

အရှင့်ရဲ့ သက်ပြင်းချသံ ခပ်လေးလေးကို
ကြားရသော်လည်း သူမသိချင်ယောင်ဆောင်လိုက်သည်

ဒီအချိန်မှာ အရှင့်မျက်နှာကို သူမမြင်ချင်ပါ

နှလုံးသားက နာကျင်သလို ခံစားရတာကြောင့်
တစ်ဖက်သို့လှည့်ကာ ... နှလုံးကို လက်နဲ့ဖိထားမိသည်

"" နင်းတွေ ကျနေတယ် Suho ... လာကြည့်ကြည့် ""

နန်းဆောင် ပြတင်းပေါက်လေးအား တွန်းဖွင့်ကာ
ကလေးတစ်ယောက်လို သူ့အား တိုင်တည်ပြောလာ
သော အရှင်သည် ... အရင်ကလို ကြည်နူးဖွယ်
မဖြစ်တော့ ပူလောင်လာသည် ...

အိပ်ရာမှ ထလိုက်ရင်း ... အရှင်ရပ်နေသော
ပြတင်းပေါက်နားတွင် ယှဉ်ရပ်လိုက်သည် တဖွဲဖွဲ ကျနေသော နှင်းဖြူ ဖြူ တို့က နေရာအနှံ

""' ဒါ ပထမဆုံးနှင်းဘဲ ""

"" အရှင်ဘာဆုတောင်းလဲ ""

"" အင်း မင်းနဲ့ တစ်သက်လုံး နေနိုင်ပါစေလို့ ""

ပါးချိုင့်လေး ခွက်ဝင်အောင် ပြုံးရင်း ... ပြောလာသော
အရှင့် ရဲ့စကားကို သူ မသိချင်ယောင် ဆောင်ကာ
လှည့်ထွက်ရင်း ... အိပ်ရာပေါ်တွင်သာ
ပြန်ဝင်အိပ်နေလိုက်သည် ...

Never Again { COMPLETE }Where stories live. Discover now