Ep-8

23.2K 3.2K 158
                                    

ကျောက်စိမ်း လက်စွပ်ကြီးကို  ရှိသမျှ လက်ချောင်း
တွေနှင့် ထိုးစွပ်ကြည့်သော်လည်း  ချောင်ချိကာ
မတော်ပေ    ရှေ့မှ မင်းကြီးဆိုသော
သူက Suho အား မကြည်ကြည့်  ကြည့်နေလေပြီ
သူသာ လက်စွပ်မတော်ရင် ထိုမင်းကြီးဆိုသော
လူက သူ့အား ထို ကျောက်စိမ်း လက်စွပ်အားပေး
မည် မဟုတ်    လက်မကို စွပ်ချ လိုက်သော်လည်း
ကြီးလွန်းနေသော လက်စွပ်သည်   လက်မနှင့်ပင်
တော်တော်လေး ချောင်နေသေးသည်
လက်မအဆစ်လေးကို ရှေ့သို့ နည်းနည်း
ကောက်ထားလိုက်ကာ   ကျွတ်မကျအောင်
ထိန်းထားလိုက်သည် မဆိုးဘူး ဒီလိုဆို ကျွတ်ကျတော့
မှာ မဟုတ်ဘူးး  အိပ်ဆောင်ပြန်ရောက်မှ
အဝတ်စသေချာ ပတ်ဦးမှပါ နို့မို့ဆို
ချောင်ပြီး ကျွတ်ကျသွားမှ Kim Suho
အသည်းကွဲရချေသေးရဲ့ 

သူ့ကျောက်စိမ်းလက်စွပ် အကြီးကြီးကို
မတော် တရော် နှင့် လက်မကို တစ်ဆစ်ကောက်ကာ
ဝတ်ထားသော Jun ကြောင့် Yi Xing
ခေါင်းသာ   ခါရမ်းမိသည်  သြော် 
တတ်လည်း တတ်နိုင်ပါ့ Jun ရယ်
မင်းဟန်ဆောင်နေတာလား ??????
တကယ်ဘဲ  ပြောင်းလဲသွားတာလား ??????

Yi Xing ကတော့ ခေါင်းတခါခါနှင့်သာ
သက်ပြင်းမော ချနေသော်လည်း
ရှေ့မှ အနှီ လူသား Jun ဆိုသော ကြင်ယာတော်
ကတော့  Yi Xing ကို ရှိသည်လို့ပင်
မမှတ်ယူထားသည့်အလား
အချို ပွဲတွေကို ဝတ်ရုံထဲ ထိုးထည့်နေတုန်း
ဒီကြားထဲ မတော်ဘဲ ဝတ်ထားသော
လက်စွပ်ကို ကျွတ်ထွက်သွားမှာဆိုးလို့
ထိန်းနေရတာကလည်း အမော

ဝတ်ရုံထဲတွင် အချို ပွဲ အပြည့်ဖြစ်သွားသော အခါ
Suho တစ်ယောက် ဖင်တကြွကြွ ဖြစ်နေပြီလေ
သူ မနေချင်တော့  အဆောင်ပြန်ကာ
အိပ်ချင်နေပြီ  ပါးစပ်ထဲ အတင်းထိုးသွပ်ထားသော
အချို ပွဲ ရဲ့ အီစိမ့်မှုတွေကြောင့်   လူက
မှိန်းချင်နေပြီ  အိပ်ဆောင်ပြန်ရအောင်
ဘယ်လိုကြံရပါ့

"" အားးးယိုးးး ဗိုက်နာလိုက်တာ အရှင်
ကျနော် ကျနော် ဗိုက်နာလို့ အိပ်ဆောင်ပြန်ပါတော့မယ်
ကျေးဇူးကြီးမြတ်လှပါတယ် မင်းကြီး ""

ရှေးယခင်တိုင်း ထူးမခြားနားစွာပင်
ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ လက်ကြီးမြှောက်ပြီး
အော်နေပြန်သော Jun ကြောင့်
Yi Xing စိတ်လေ သွားမိပြန်သည်

Never Again { COMPLETE }Where stories live. Discover now