Ep - 20

20.5K 2.9K 150
                                    

လည်ပင်းနားတွင် ယားကျိကျိ အထိအတွေ့ကြောင့်
Yi Xing မျက်လုံးများက အလိုလို ပွင့်လာသည်
ပြီးပြည့်စုံလှပါပြီဆိုသော မိုးနတ်မင်း၏သားတော်
ဖြစ်သည့် ပြည့်ရှင်မင်း Yi Xing ၏ တစ်ခုတည်းသော
အားနည်းချက်သည်  လည်ပင်းနှင့် ဂုတ်နားအား
အထိ မခံနိုင် … ဘယ်နားထိထိ မယားတတ်သော်လည်း လည်ပင်းနှင့် ဂုတ် အား
ထိပါက … ထွန့်ထွန့်လူးကာ … ကြက်သီးတွေပါ
ထသည်အထိ … ခံစားရသည် …

ယခုတွင် … Yi Xing ၏  နားရွက် နောက်နားအား
တဟူးဟူးနှင့် လေတိုးသံ​ကြောင့်​Yi Xing မျက်​လုံးများ
က အလိုလို ပြူးလာကာ ကြက်သီးးတွေ တဖြန်းဖြန်း
ထလာသည် … တရားခံက Jun

Yi Xing ရင်ဘတ်ပေါ်လက်တစ်ဖက် တင်ကာ
ခြေထောက်တစ်ဖက်က ခါးမှာ ခွထားသည်
Jun မျက်နှာက … Yi Xing လည်ပင်းနား
တိုးဝှေ့ကာ အိပ်နေသည် … သူအိပ်တာက အရေးမကြီး
အသက်ရှုလိုက်တိုင်း … Yi Xing လည်ပင်းကို
လေတွေ လာလာတိုးနေတာက … နေမထိ ထိုင်မသာ
ဖြစ်စေသည် …

Jun အသက်တစ်ခါ ရှုထုတ်လိုက်တိုင်း
Yi Xing ကြက်သီးတခါထသည် …
Jun ကတော့ သူ့ဒုက္ခကို မသိသည့်အလား
သေနေတဲ့အတိုင်း ပါးစပ်ကြီးကပါ …
တဖူးဖူးနဲ့ လေတွေ မှုတ်ထုတ်ပြီး အိပ်နေလေသည်

Jun သည် ထိုကဲ့သို့ Yi Xing အား အိပ်နေသည့်
အချိန်ပါ ဒုက္ခပေးလိုက်ရမှ ကျေနပ်သည့် လူမျိုး

Yi  Xing  ရင်ဘတ်ပေါ်တင်ထားသော လက်ကို
မ လိုက်ကာ ဘေးသို့ ဆောင့်ခနဲ ပစ်ချလိုက်တော့
Jun သည် တအီးအီး တအဲအဲနဲ့ဟိုဘက်လှည့်ကာ ကွေးကွေးလေး ပြန်အိပ်သွားပြန်သည်

အဲ့လိုကျတော့လည်း Yi Xing စိတ်မကောင်း
Jun သနားပါတယ် …  ဟိုဘက်လှည့်အိပ်နေသော
Jun့  ကို  သူ့ဘက် ပြန်ဆွဲလှည့်ကာ … Jun လက်တစ်ဖက်အား … သူ့ရင်ဘတ်ပေါ်သို့ ပြန်တင်
ပေးလိုက်သည် … Jun ခေါင်းလေးကို သူ့ပုခုံးဘက်သို့
ဆွဲကာ… အနည်းငယ် စောင်းခိုင်းလိုက်သည် …

Jun က သူ့နေရာမှန်ပြန်ရောက်သွားသည့်အလား
Yi Xing လည်ပင်းနားသို့ အတင်း တိုးဝှေ့လာသည်
ကလေးစုတ် ချစ်ဖို့ကောင်းချက် …

Yi Xing မျက်နှာတွင် အပြုံးပန်းတို့ဝေဝေဆာဆာ
ဖူးပွင့်နေလေသည်

Never Again { COMPLETE }Where stories live. Discover now