Ep-7

22.9K 3.2K 249
                                    

"" ဗြစ် !!! ""

"" အေ့  ကုန်ပြီ  ငါ့စပျစ်သီးတွေ လားမသိဘူး အေ့ ""

အိပ်ဆောင်ပြန်ရောက်သည့်တိုင်
အမူးမပြေသေးဘဲ  ယိုင်တိုင်တိုင်နှင့်
လုပ်ချင်ရာ လုပ်နေသော ကြင်ယာတော် Jun
ကြောင့် အပျိုတော် နှစ်ယောက် ခေါင်းကုတ်ရချေပြီ
ခုလည်းကြည့် သူ့ဝတ်ရုံထဲက စပျစ်သီးတွေကို
သူ့ဘာသာသူ တက်ထိုင်မိပြီးး    အော်ငိုနေသည်တဲ့

ဖြူ နုနေသော မျက်နှာလေးသည် ယမကာ အရှိန်နှင့်
အတူ အော်ငိုနေသော ဒဏ်ကြောင့်  နီရဲနေကာ
ချစ်ဖို့ကောင်းလွန်းနေတာကိုတော့ အပျိုတော်နှစ်ယောက်  လက်ခံမိသည်

ဒီလောက်ချစ်ဖို့ ကောင်းလွန်းသော ကြင်ယာတော်
Jun သည်   ရက်စက် ကြမ်းကြု တ်ခဲ့သည်
ဟူသော ဂုဏ်ပုဒ် နှင့်ပင် မလိုက်ဖက်ပါချေ

"" ရှောင် ယွဲ့   ရှောင် မိန်  အေ့    ကျ ကျနော်ကလေ
အေ့   PSY ရဲ့  အေ့ New  face လေးကို
အဲ့ ကချေသည်တွေ  အေ့ ကတတ်အောင် သင်ပေးတဲ့ဟာကို  အေ့ ဟို မင်းကြီးဆိုတဲ့
ဂျင်းကောင်က   ကျနော့်ကို မောင်းထုတ်လိုက်တာ
ခွေးလေးတွေ ကြောင် လေးတွေ မောင်းထုတ်သလိုလေ  သိတယ် မဟုတ်လား
ရှုး  ရှုး ဆိုပြီးတော့လေ  အေ့  အဲ့လို အဲ့လို
မောင်းထုတ်ခဲ့တာ အီးးးးဟီးးးးးးးး ""

ငိုယိုကာ ကလေးပြန်တိုင်သလို ပြန်တိုင်နေသော
ကြင်ယာတော် Jun ကြောင့် အပျို တော် နှစ်ယောက်
ဘာလုပ်ရမှန်းမသိ  ဒီကြားထဲ ဘာစကားတွေ
ပြောလုိ့ ပြောမှန်းလည်း မသိ သူတို့တော့
ကြင်ယာတော် Jun ၏ စကားတွေကို နားမလည်နိုင်တာတော့ အမှန်ပင်

"" ပြီးတော့  ကျနော့် သစ်သီးလေးတွေ အေ့
ကျန်ခဲ့တယ်  ဟင့်  ငွေ ပန်းကန်ပြားတွေ ရော အေ့
ဟင့်  တော်သေးတာပေါ့ ပန်းကန်တစ်ချက်တော့
ပါလာလို့ ""

နှာရည်တွေ မျက်ရည်တွေနှင့်  ပေပွနေသော
မျက်နှာကို  ဝတ်ရုံ လက်ဖြင့် ပွတ်သုတ်နေသော
ကြင်ယာတော် Jun  

ထို့နောက် ရင်ဘတ်ထဲမှ ဆွဲထုတ်လာသော
ပန်းကန်ပြားကြောင့်  အပျို တော် နှစ်ယောက်
မျက်လုံး ပြူးသွားမိသည်   အရှင့် စားပွဲတော်က
ပန်းကန်တွေ

Never Again { COMPLETE }Where stories live. Discover now