Ep-16

21.4K 3K 271
                                    

အေးသလိုလို ရှိနေတာကြောင့် Yi Xing နဖူးနဲ့
ဒူးထိအောင်ကွေးကာ ဆက်အိပ်ဖို့ ကြိုးစားနေသည်
သို့သော် ကွေးလေ အေးလေ  ဖြစ်လာတာကြောင့်
Yi Xing နွေးလို နွေးငြား Jun ဘက်သို့ လက်ကို
လှမ်းကာ ဖက်လိုက်သည်  သို့သော် လေဟာနယ်
တစ်ခုလိုလက်က လေထဲတွင်သာ ဝေ့ယမ်းသွားပြီး
ကြမ်းပြင်သို့ ထိမိသော အထိအတွေ့ကြောင့်
မျက်လုံးတို့ကို မဖွင့်ချင် ဖွင့်ချင်နှင့် တွန်းဖွင့်လိုက်တော့
သူ့ရှေ့ တွင် Jun မရှိတော့ Jun မှ မဟုတ်
ညက အိပ်ခဲ့သော Jun ၏ အိပ်ရာ ပင်မရှိတော့ပေ

တော်ဝင် အိပ်ဆောင် အလယ်ရှိ ကြမ်းပြင်တွင်
တစ်ယောက်တည်း ပုဇွန်တုတ်ကွေး အိပ်နေရသည်က
Yi Xing တစ်ယောက်တည်းသာ 

Jun ကတော့ ဘယ်ချိန်ထဲက သူ့ရဲ့ပါလာသမျှသော
အိပ်ရာခင်းတွေကို သိမ်းကာ ထပြန်သွားမှန်းမသိ
Yi Xing  ရင်ဘတ်နားထိ ကပ်နေသော
ဒူးလေးနှစ်လုံးကို လက်လေးဖြင့် ပိုက်ကာ
ကြောင်တောင်တောင် နှင့် စဉ်းစားနေမိသည်

သူ့အဖြစ်က အေးစက်စက်
အချုပ်ခန်းထဲမှာ  ဖြစ်ချင်ရာဖြစ် မသေရင်ပြီးရော
ဆိုတဲ့သဘောနဲ့ ပစ်ထားခံရသော
အပြစ်သား တစ်ယောက်လို ပုံစံမျိုး

တခါမှ ကြမ်းပြင်မှာ အိပ်ဖို့နေနေသာသာ
ဘဲမွှေးနဲ့ သားမွှေးတို့နှင့်  အနူးညံ့ဆုံးသော
ပိုးသားတို့ဖြင့်  ရက်လုပ်ထားသော အိပ်ရာခင်းကို
သာ အသုံးပြု ခဲ့သော Yi Xing သည်
ယခုတော့  သူ့၏ အပယ်ခံ ကြင်ယာတော်
တစ်ပါးဖြစ်သော Jun ၏ စောင်မ မှုဖြင့်
ကြမ်းပြင် မာကျောကျော တွင်  ဘယ်ချိန်
လောက်ထိ အိပ်စက်ခဲ့ရသည် မသိ

Jun  သည် အပယ်ခံ လား???
Yi Xing သာလျှင် အပယ်ခံလား ဆိုတာကိုတော့
မတွေးတတ်တော့ချေ

~~~~~~~~~NEVER AGAIN ~~~~~~~~~~~~~~

"" Shixun ခင်ဗျား အရမ်းချစ်ဖို့ကောင်းတယ် ""

နှုတ်ခမ်းမွှေး ပါးသိုင်းမွှေး ထူလပျစ်နှင့်
ကြမ်းတမ်းလှသော တပ်မှူးတစ်ယောက်ကို
ချစ်ဖို့ ကောင်းသည်ဟု ဆိုလာသည်က
ကြင်ယာတော် Jun

ကြင်ယာတော် Jun ၏ အပြောကြောင့် ShiXun
နှုတ်ခမ်းတို့ကို တွန့်ကွေးယုံမျှသာ ပြုံးလိုက်မိသည်

Never Again { COMPLETE }Where stories live. Discover now