Ep-17

21.5K 3.1K 401
                                    

"" အထိန်းတော်ကြီး ...... ""

"" အရှင် ""

Yi Xing လက်ထဲမှ တိုင်စာများအား စားပွဲပေါ်သို့
ပြန်ချရင်း နံဘေး ခပ်လှမ်းလှမ်း ဒူးထောက်ကာ
ထိုင်နေသော အထိန်းတော်ကြီးအား အသံပြုလိုက်
သည်နင့် ချက်ချင်းဆိုသလို တုံ့ပြန်သံ ထွက်ပေါ်လာ
သည်

"" ဒီည ကိုယ်တော့် အိပ်ဆောင်ကို ဘယ်သူ့ကိုမှ
ဝင်ခွင့် မပြု နဲ့ ကြားလား ?? ""

"" အမိန့်တော် အတိုင်းပါ အရှင် ဒါပေမယ့် .........
ကြင်ယာတော် Jun က ...... ""

"" Jun က အဓိကဘဲ ကိုယ်တော့် အဆောင်ကို
မိဖုရားခေါင်ကြီးတောင် ဝင်ချင်တိုင်းဝင်
ထွက်ချင်တိုင်း ထွက်လို့မရဘူး ... သူတစ်ယောက်ဘဲ
ကိုယ်တော့် အဆောင်ကို ဇောက်ထိုးဖြစ်အောင်
လုပ်ချင် လုပ်နေမယ့်သူ ""

"" ဒါပေမယ့် အရှင် ...... ""

"" ဘာဖြစ်ရပြန်တာလဲ အထိန်းတော်ကြီး ""

"" ကျနော်မျိုး ကြင်ယာတော် Jun ကို မတားနိုင်လောက်ဘူး ကျနော်မျိုး ကြင်ယာတော် Jun
ကို ကြောက်တယ် ""

"" အထိန်းတော်ကြီးက ဘာကိုကြောက်နေတာလဲ
အမှန်ဆို Jun က အပယ်ခံ ကြင်ယာတော်ပါ
ဘာအာဏာ ဘာသြဇာမှ သက်ရောက်မှု မရှိဘူး
ဒါကို မောင်မင်းက ဘာကို စိုးရွံ့နေရတာလဲ ""

"" အပယ်ခံ ဆိုပေမယ့် ကြင်ယာတော် Jun က
လုပ်ချင်ရာ လုပ်နေတတ်တဲ့သူ ...... ပြီးတော့
အရှင့် မျက်မြင် ကိုယ်တွေ့ဘဲလေ အရှင့်ကိုတောင်
ပြန်အော်ချင်အော်ပြီး ရန်လုပ်နေတတ်တာ
ကျနော်မျိုးတို့ကိုဆို စိတ်မထင်ရင် ဓားနဲ့ လိုက်ခုတ်လောက်တယ် အရှင် အဲ့ဒါကြောင့် ... ""

"" တော် !! တော်ပြီ အထိန်းတော်ကြီး ခင်ဗျား
ကြောက်ချေးပန်းတိုင်း ကိုယ်တော့်ကို ဘာကြောင့်
ဆွဲထည့်နေရတာတုန်း သွား... သွား အဆောင်အပြင်
ကနေဘဲ စောင့်နေတော့ Jun ကိစ္စ ကိုယ်တော်ဘဲ
စီမံလိုက်မယ် သွား ... ""

အရှင့်အား အရိုအသေပြု ကာ စာဖတ်ဆောင်
အတွင်းမှ ကုတ်ကုတ် ကုတ်ကုတ်နဲ့ ပြန်ထွက်လာသော အထိန်းတော်ကြီး ကတော့
အရှင့် မျက်နှာတော်အား ကြည့်ကာ
ရယ်ချင် ပက်ကျိ ဖြစ်နေမိသည် အရှင်က
ကြင်ယာတော် Jun အား မနိုင်ပါဘဲနှင့်
နိုင်ချင်ယောင်ဆောင်နေသေးသည်

Never Again { COMPLETE }Hikayelerin yaşadığı yer. Şimdi keşfedin