Ep-10

24.3K 3.4K 235
                                    

တဖြေးဖြေးနှင့် ပူပြင်းစ ပြုလာသော ရာသီဥတု
ကြောင့် တစ်ခုခု လုပ်လျှင် ချွေးတစိုစိုနှင့်
ဖြစ်နေသည်ကို Yi Xing သဘောမကျပါလေ
ဝတ်ထားသော ပိုးထည် နဂါးဝတ်ရုံကြောင့်
ရာသီဥတုနှင့် အပြိုင် ထိုဝတ်ရုံသည် YiXing
အား မီးလောင်တိုက် သွင်းနေသလိုပင်

ဘေးဘက် တစ်ဖက် တစ်ချက်စီမှ ယပ်တော်
ခပ်နေသော အပျိုတော်နှစ်ယောက်အား
YiXing စိတ်မရှည်နိုင်ပါလေ ကြီးမားလှသော
အရိုးရှည် ယပ်တောင်ဖားဖားကြီးတွေနှင့်
ခပ်နေသောလည်း လေတိုးဖို့နေနေသာသာ
ကြီးမားလှသည့် ယပ်တောင် အရွက်ကြီးသည်
အိပဲ့ အိပဲ့နှင့် လေးကန်နေသည်

ကိုင်ထားသော အစီရင်ခံ စာရွက်ကို
စားပွဲပေါ်သို့ ဆောင့်ကာ ချလိုက်ရင်း ထိုင်နေရာမှ
ထကာ နန်းဆောင်အပြင်သို့ ခပ်သုတ်သုတ်
ထွက်သွားလိုက်မိသည် နန်းဆောင်အပြင်ဘက်တွင်
လေတိုးကောင်း တိုးနိုင်ပါရဲ့

လေတဖြူးဖြူးနှင့် အေးမြနေသော ဥယျာဉ်တော်
ဆီသို့သာ ဦးတည်သွားလိုက်မိသည်
အနောက်မှ ပြေးလိုက်လာသော အထိန်းတော်ကြီး
လက်ထဲမှ ခေါက်ယပ်တောင်ကို ဆွဲလုလိုက်ရင်း
ကိုယ့်လက်နှင့်ကိုယ်သာ ခပ်မြန်မြန် ခပ်နေလိုက်မိသည် စိတ်မရှည်လွန်းလို့

နဖူးမှ စီးကျနေသော ချွေးတို့သည်
YiXing ၏ စိတ်အစဉ်ကို တဖြေးဖြေး တိုက်စားနေသလို ပူလာလျှင် လူက
အလိုလို ဒေါသထွက်လာသည်

"" အပွင့်ကြီး ..................... အပွင့်သေး............
အပွင့်ကြီး .................. အပွင့်သေး """

နန်းဆောင်ထောင့်ချိုး တစ်နေရာမှ ထွက်ပေါ်လာသော ဆူဆူညံညံ အသံတို့ကြောင့်
Yi Xing ခြေလှမ်းတို့ကို ရပ်တန်းလိုက်ရင်း
မျက်မှောင်ကုတ်ထားလိုက်မိသည်

"" ဝေးးးးး ဟေးးးး ကျနော်န်ိုင်ပြီ ဟားးး """

ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံကြောင့်
Yi xing ၏ မျက်ခုံးတို့သည် တစ်ခုနှင့် တစ်ခု
ထိစပ်မတတ် တွန့်ချိုး နေသည်

ဒါဟာ Jun ၏ အသံ ပျော်ရွှင်မြူးတူးစွာ
ထွက်ပေါ်လာသော Jun ၏ အသံနှင့်အတူ
စိတ်ပျက်လက်ပျက်ဖြစ်နေသော ယောကျာ်းသားအချို့
၏ ငြီးတွား သံတို့ကြောင့် Yi Xing ပို၍ပင်
သိချင်စိတ်များပြားလာသည် Jun ဘာတွေ လုပ်နေပြန်တာလဲ

Never Again { COMPLETE }Where stories live. Discover now