Ep -31

16.3K 2.2K 68
                                    

ဘဝမှာ ပထမဆုံး အချစ်ကို စတင်ခံစားဖူးတာက
သူ့အသက် ၁၆ နှစ်မှာ … အမြဲလိုလို လိုတိုင်းတ
လိုတိုင်းရနေတဲ့ သူ့လို လူအတွက် … မဖြစ်နိုင်
မရနိုင်ဘူးဆိုတာ … သူ့အတွက် မရှိစေရပါ

ဒါပေမယ့် သူ့အတွက် မရနိုင်တဲ့ … အရာတစ်ခုကို
တစ်ဘဝလုံးစာအတွက် ဖက်တွယ် စွဲလမ်းသွားရမယ်
ဆိုတာ သူမသိခဲ့ပါ …

သူပထမဆုံးနဲ့ မရနိုင်တဲ့အရာတစ်ခုက
ယောကျာ်းတစ်ယောက် ဖြစ်တဲ့ …  သူ့ညီမအတွက်
စေ့စပ်ကြောင်းလမ်းထားသော သူ့ရဲ့ ယောက်ဖလောင်း ရဲ့ မေတ္တာကိုပါဘဲ

"" အကိုတော် … ဒီနေ့ … ဟန်နိုင်ငံက အိမ်ရှေ့စံ
ရောက်လာမယ်တဲ့ … ညီမတော် ကြားဖူးတာကတော့
အဲ့ ဟန် နိုင်ငံ အိမ်ရှေ့စံက ရုပ်ရည်လည်း ချောမော
သလို … လက်ရုံးရည် နှလုံးရည်နဲ့လည်း ပြည့်စုံ
တယ်လို့  တိုင်းပြည်အသီးသီးမှာ သတင်းမွှေးတယ် ""

သူ့ရဲ့ ညီမတော် Hansoo က ရေနွေးကရားအိုးထဲမှ
ရေနွေးကို … သူ့အတွက် ငှဲ့ပေးရင်း ပြောလာသည်

Hansoo က ထန် နိုင်ငံရဲ့ မင်းသမီးတစ်ပါး
သူ နဲ့ တစ်ဝမ်းထဲ မွေးဖွားလာတဲ့ ညီမတော်
နန်းတော်တွင်းမှာ … အိမ်ရှေ့စံ Junmyeon
ဂရုစိုက်သည့် မင်းသမီးသည် … Hansoo
တစ်ယောက်သာ ရှိသည် …

"" အဲ့ဒီတော့ … ""

"" အကိုတော်ကလည်း ကိုယ့်ညီမတော်နဲ့
လက်ဆက်မယ့် သူကို နည်းနည်းပါးပါးတော့
စိတ်ဝင်စားပေးပါဦး ""

Junmyeon လက်ထဲမှ ရေနွေးခွက်ကို …
စားပွဲပေါ်သို့ ပြန်ချလိုက်ရင်း … Hansoo အား
စိတ်ပျက်သလို ကြည့်လိုက်သည်

"" ငါ နဲ့ဘာဆိုင်လို့လဲ  … သူ့ဘာသာသူ
ဟန် နိုင်ငံရဲ့ အိမ်ရှေ့စံ ဖြစ်နေပါစေ … ငါကလည်း
ထန် နိုင်ငံရဲ့ အိမ်ရှေ့စံ … ဘာကို အထူးတလည်
စိတ်ဝင်စားနေရမှာလဲ ""

Junmyeon ရဲ့ စကားကြောင့် Hansoo
က ဆူပုတ်ပုတ်နဲ့ မျက်စောင်းလှမ်းထိုးသည် …

""ပြီးတာဘဲ … သွားမယ် … ဟန် အိမ်ရှေ့စံကို
ကြို ဆိုဖို့အတွက် အလှသွားပြင်ရဦးမယ် ""

Junmyeon မြန်မြန်သွားအေးရော ဆိုသည့်သဘောနဲ့
လက်ဖြင့် နှင်လွတ်လိုက်သည်

Never Again { COMPLETE }Nơi câu chuyện tồn tại. Hãy khám phá bây giờ