Ep-6

23.8K 3.3K 190
                                    

အပယ်ခံ နန်းဆောင်အလယ်ရှိ ကျွန်းစားပွဲကြီးပေါ်တွင်
ငုတ်တုတ် တက်ထိုင်နေသော ကြင်ယာတော် Jun

လက်ထဲတွင် စုတ်တံကို အားရပါးရ ဆုပ်ကိုင်ကာ
စာရွက်ပေါ်တွင် ရေးခြစ်နေသည်တဲ့လေ
ဒီကြားထဲ နှုတ်ခမ်းကို ထော်ထားကာ
လက်ထဲက ငွေဒင်္ဂါးကို တစ်စေ့ချင်းစီ ရေတွက်နေသည်

"" ဟိုလူကြောင့် ငါ့ ငွေဒင်္ဂါး တစ်ပြားကိုတောင်
ပြန်မကောက်ခဲ့ရဘူး ဟွန်းး ""

ဒူးတစ်ဖက်ကို ထောင်ထားကာ ထောင်ထားသော
ဒူးပေါ်သို့ လက်တစ်ဖက်ကို တင်ကာ သူ့ငွေဒင်္ဂါးလေး
တွေကို ထပ်မံ ရေတွက်နေပြန်သည်

ရှောင်မိန် နဲ့ ရှောင်ယွဲ့ နှစ်ယောက်ကတော့
အခန်းထောင့်မှာ မတ်တပ်ရပ်နေကာ
သူတို့ရဲ့ ကြင်ယာတော်ကို အံသြတကြီး
ကြည့်နေကြလေသည် ကြင်ယာတော် Jun
ဤမျှလောက် ငွေဒင်္ဂါးတွေကို မက်မောခဲ့သည်ကို
မတွေ့ဖူးခဲ့ပါလေ အရှင်မင်းကြီး ပေးသနားခဲ့သော
အကောင်းစား ပိုးထည် လက်ဝတ်ရတနာတွေကိုပင်
တစ်ချက်လှည့်မကြည့်ခဲ့သော ကြင်ယာတော် Jun
သည် ယခုတွင်မူ ဒင်္ဂါးပြားလေး တစ်ပြားအတွက်တောင် အမှားအယွင်း မခံဖြစ်နေသည်တဲ့လေ

ဒီကြားထဲ အရှင်မင်းကြီးကိုပင် မမှတ်မိနိုင်ခဲ့သည့်
အပြင် မယ်တော်၏ ပန်းများကိုပင် ခူးကာ
ရောင်းစားခဲ့သည် မဟုတ်လား ကြင်ယာတော်
Jun ဟာ အရှင်မင်းကြီး၏ စွန့်ပစ်ခံရမှုကြောင့်
စိတ်ထိခိုက်ကာ ထိုသို့ ဖြစ်သွားခဲ့သည် ဖြစ်နိုင်ပေလိမ့်မည်

""ကြင်ယာတော် Jun အရှင်မင်းကြီးက ဒီနေ့ညနေ
စားသောက်ပွဲကို တက်ရောက်လာခဲ့ဖို့ အမိန့်တော်
ပါးလိုက်ပါတယ် ""

အခန်းအပြင်ဘက်မှ မိန်းမစိုးတစ်ယောက်၏
အသံကြောင့် Suho ပိုက်ဆံတွေ ရေတွက်နေရာမှ
ပိတ်ထားသော တံခါးရွက်ကို ငေးကြည့်လိုက်မိသည်

"" အော် အေး အေး လာခဲ့မယ်လို့ပြောလိုက် ""

ဒါလေးဘဲ ဒီတစ်ခွန်းသာပြောပြီး အရေးမစိုက်သလို
သူ့လက်ထဲက ဒင်္ဂါးပြားတွေကိုသာ ပြန်လည်
ရေတွက်နေသည် ကြင်ယာတော် Jun ဟာ
အမှန်တကယ် ပြောင်းလဲသွားခဲ့ပြီလေ

Never Again { COMPLETE }Where stories live. Discover now