ရွက်ကြောစိမ်းစိမ်း
ရွက်သစ်နုနု
ငုံဖူးကလေးစုစု
အစိမ်းကို
အဖြူယှက်ဖြာလို့
ပွင့်ဖတ်ကလေးနုနု
အလှကြွယ်
တလွှာကို တစ်ပွင့်ခြုံလို့
ရနံ့ကြွယ်
အမောပြေ သင်းထုံတဲ့
ပွင့်လိုက်တဲ့
ပန်းခရေရယ်
တခဏလေး
ပင်ယံမှာ
စံ ထိုက်သူမို့
ဝေချင်လည်း
မြေမှာခ
ဆင်းသက် ဝေရတယ်
ပွင့်ချိန်တောင်
အာဏာကုန်
သူပွင့်ရှာလို့
ဝပ် ဆင်းချိန်
ဂုဏ် မကြွ
မြေလွှာခ
အလှမာန် ချရတယ်
ဘယ့်အတွက်ကြောင့်
အကြွေ စောတယ်
ဖွင့်အန်ကာ
ပြောလိုက် ချင်တယ်
နှမြောမိတယ်
ပန်းခရေ ရယ်။
နွန်း
12.6.2017