ပြိုင်ပွဲဝင် ဆုမရ ကဗျာလေးတစ်ပုဒ်...
ပေးထားတဲ့ခေါင်းစဉ်အောက်မှာဝင်ပြိုင်ခဲ့တာပါ
...................။...................။................."ရွှေရောင် အနာဂတ်သို့"
အို..!! ကမ္ဘာမြေ
အင်းဆက်သတ္တဝါတွေရဲ့ဆာလောင်မှုကို
ပျော်ပျော်ပါးပါး ချစ်ရည်လူး မြူးစေခဲ့တာလား
နေမကွယ် နယ်ပယ်မှာ
ကိုင်းယံထက်ဖွေးတက်လာမဲ့ အသက်ကလေးတွေကစီစီရီ
အချိန်မှီ မပွင့်ဖူးနိုင်အောင်
အန်ဖို့ထားတဲ့ ဖက်ခွက်ထဲ
ပန်းတစ်ပွင့်စီရဲ့ ရှင်သန်မှုတွေကို
အရေခွံခွာချ ပစ်လိုက်ကြတယ်
သွေးရောင်စို ကိုယ်လုံးတီးနဲ့
ပန်းလေးတွေရဲ့ရင်ကွဲမိုးတွေ
အခုထိ မတိတ်သေးဘူး ကမ္ဘာမြေ....။
မနက်ခင်းတိုင်း အိမ်မက်က ရွေ့ပြောင်း ဘဝမို့
အိုး အိမ်မဲ့ ဘဝတွေကို မြေစမ်း ခရမ်းပျိုး
ညနေခင်းတိုင်း မြစ်ရေလျှံ ဘဝမို့
ဆွေ မျိုးမဲ့ ဘဝတွေကို တစ်ပြိုင်တည်းမွေးဖွားစေခဲ့တာ
ညစ်ထေးထေးရေထုထဲ
အနာဂတ်တွေ ဂျီးထူစေခဲ့တယ်လေ.....။အို..!! ကမ္ဘာမြေ
မြေစာ အရိုင်းပန်းတွေက ကြမ္မာ အရိုင်းတောထဲကနေ
ဆာလောင်မှု မျက်ရည်ဆက်လက်နဲ့ အော်နေကြတယ်
တောက်ပတဲ့ အနာဂတ်ဆိုတာ...."အကျီင်္ီ မဝတ်တဲ့နေ့တွေလားတဲ့"
ဗိုက်ဆာလို့ ငိုရပြန်ပြီ ပြေးရလို့ ပန်းလျပြန်ပြီ
မော့ကြည့်လိုက်တိုင်း
အပေါ်စီးက ဆွဲတင်မယ့်
ကံကြမ္မာရဲ့လက်တစ်စုံဟာ
လောဘတက် မျက်နှာဖုံး သားကောင်ရဲ့
တစ်သွေး တစ်သံ တစ်မိန့် ကြောင့်
ပန်းရိုင်းလေးတွေ အနာဂတ်က
ဗုံးခိုကျင်းထက်မှာ တွဲလွဲချိတ်ဆွဲ ခံနေရတယ်.....။အို..!! ကမ္ဘာမြေ
ယောက်ယက်ခတ် ကျည်ဖူးတွေကြား
အပြေးအလွှား ဆော့ကစား နေကြတဲ့
ပုံပြောကောင်း အဆွယ် အဟော တွေကြောင့်
လမ်းချော်သွားရတဲ့ ပြေးလမ်းပေါ်က ပန်းလေးတွေ
ဘယ်နှစ်ပွင့်တောင် ကြွေပြီးပြီလည်း
ရွှေချထားတဲ့ အနာဂတ်တွေ အမောဖောက်
မနက်ဖြန်တိုင်း ကိုယ့်ခြေရာတွေ ကိုယ်ပြန်ကောက်
တောက်ပတဲ့ ရွှေရောင်အနာဂတ်ဆိုတာ
သူတို့တွေအတွက် ချိုမြတဲ့ ဒုက္ခလျှာဖျားတဲ့လား .....။ပန်းတွေ ကောက်တဲ့ ခြေရာတိုင်းအတွက်
ဖောက်နေတဲ့ ပြေးလမ်းထက်မှာ
ပျောက်နေတဲ့ အနာဂတ်တွေအတွက်
အိမ်မက်ကို ဖယာင်းသွပ်သွင်း
ပုံဖော်လို့ ထုဆစ်
လှပတဲ့ အနာဂတ်တိုင်းမှာ
တဖျန်းဖျန်း တောင်ပံခတ်သံတွေနဲ့အတူ
ပန်းလေးတွေ ထာဝရဖူး ဝေနေအောင်
တွဲထူလို့ ဖေးကူကြမယ်...
အနာဂတ်အတွက် ပန်းကောင်းတွေ
ရွှေရောင် အနာဂတ်များ ဆီသို့..........။နွန်း
YOU ARE READING
အတွေး၊စိတ်ကူးကဗျာများ
Romanceဘဝဟာ ယားနာပေါက်တဲ့ အရေးပြားလို ကုတ်လေပဲ့လေ ပွတ်လေ ပွန်းလေနဲ့ အုံနာခ လာတောင်းတဲ့ ရာသီပေါ်သီးနှံလို မစိုက်ပါပဲ ကွက်ကျော်မြေမှာ ဒဏ်ရိုက်ခံခဲ့ရ...။ စည်းဘောင်မဲ့ အခွန်ပြေစာဟာ ကတုန်ကရင် လက်နဲ့ မိတ်ဆက် နှစ်တစ်ရာ မြေခွေးရဲ့အ...