ညအမှောင်မှာ
လရောင်ကြိုးနဲ့ရှုပ်နေတဲ့
ကြယ်တစ်လုံးက
အချစ်ဆာနေတဲ့
ကောင်မလေးဆီ
ကြွေဆင်းခွင့်မရခဲ့ဘူး
အခွင့်အခါမသာခဲ့ပေမယ့်
လေသင့်ရာမှာ
ငါ့သတိရခြင်းတွေက
မွှေးလို့နေပါတယ်
တရွေ့ရွေ့ စောင့်မျှော်ခဲ့ရတဲ့
ရက်ရှည်တွေက...
တရိရိနဲ့လွမ်းဆွတ်နာကျလေတော
တသဲသဲ ရွာနေတဲ့မိုးရေစက်ထဲမှာ
ကြယ်လေးတစ်ပွင့်ကတော့
ပြန်မလာနိုင် လမ်းပျောက်နေရှာသည်(နွယ်..fic)
VOCÊ ESTÁ LENDO
အတွေး၊စိတ်ကူးကဗျာများ
Romanceဘဝဟာ ယားနာပေါက်တဲ့ အရေးပြားလို ကုတ်လေပဲ့လေ ပွတ်လေ ပွန်းလေနဲ့ အုံနာခ လာတောင်းတဲ့ ရာသီပေါ်သီးနှံလို မစိုက်ပါပဲ ကွက်ကျော်မြေမှာ ဒဏ်ရိုက်ခံခဲ့ရ...။ စည်းဘောင်မဲ့ အခွန်ပြေစာဟာ ကတုန်ကရင် လက်နဲ့ မိတ်ဆက် နှစ်တစ်ရာ မြေခွေးရဲ့အ...