ငါ့ရဲ့အချစ်စာတမ်းကို..
သေမင်းထံခွင့်တောင်းပြီး
မင်းအရှေ့မှာအပြီးသတ်ချရေးပြချင်တယ်...အခုတော့.....ငါဟာ
မင်းနှလုံးသားရဲ့ကြယ်တစ်ပွင့်ဖြစ်ပါရက်နဲ့
အပြည့်အဝလင်းလက်ခွင့်မရတဲ့...
တခြမ်းပဲ့ကြယ်ဖြစ်ရပြီ...လင်းလက်မှုတွေက အရိုင်းဆန်တယ်
တောက်ပမှုတွေက အရောင်မှိုင်းတယ်
ဒါပေမယ့်..မင်းခပ်ပြေပြေလေးလှမ်းကြည့်လှည့်။ပဲ့နေတဲ့ကြယ် အနားသတ်မှာ
ငါ့အလွမ်းဟာ ကြိုးတန်းလန်းနဲ့
တွဲလွဲခိုနေတယ်။
.
.
(နွယ်..fic)
.
.
24,9,2014
Kim Suho Love
YOU ARE READING
အတွေး၊စိတ်ကူးကဗျာများ
Romanceဘဝဟာ ယားနာပေါက်တဲ့ အရေးပြားလို ကုတ်လေပဲ့လေ ပွတ်လေ ပွန်းလေနဲ့ အုံနာခ လာတောင်းတဲ့ ရာသီပေါ်သီးနှံလို မစိုက်ပါပဲ ကွက်ကျော်မြေမှာ ဒဏ်ရိုက်ခံခဲ့ရ...။ စည်းဘောင်မဲ့ အခွန်ပြေစာဟာ ကတုန်ကရင် လက်နဲ့ မိတ်ဆက် နှစ်တစ်ရာ မြေခွေးရဲ့အ...