ကျေကျေနပ်နပ်နဲ့ချကျွေးမိခဲ့တဲ့စေတနာတွေကို
ဇွန်းကြီးကြီးနဲ့ခပ်ပြီးပါးစပ်ကြီးကြီးထဲသိမ်းကျုံးကာ
ထည့်သွားကြတယ်...ပြီးရင်တော့..
"ဝေါ့"
မင်းစေတနာတွေကစေတနားအခါးကြီးလို့ပြောပြီး
အန်ထုတ်သွားကြတယ်"အား"
မင်းစေတနာတွေကိုငါ့ကျေးဇူးတရားတွေနဲ့လဲလှယ်
ပေးရမယ်မှန်းမသိခဲ့ဘူးဆိုပြီးအသံနက်နက်ကြီးတွေ
နဲ့အော်..အနားကနေရှောင်ဖယ်သွားကြတယ်"ထွီ"
အသုံးမတည့်တော့တဲ့မင်းစေတနာတွေငါ့အတွက်
မလိုတော့ဘူးဆိုပြီး..တံတွေးလှည့်ထွေးသွားကြတယ်အရောင်အမျိုးမျိုးဆိုးပြီး..စေတနာကိုခြေရာနဲ့တိုင်းသွား
ကြတာခုတော့...
နွားခြေရာခွက်မှာနှာခေါင်းပေါ်ရုံလေးပဲကျန်တော့တယ်
.
.
.
26.8.2016
YOU ARE READING
အတွေး၊စိတ်ကူးကဗျာများ
Romanceဘဝဟာ ယားနာပေါက်တဲ့ အရေးပြားလို ကုတ်လေပဲ့လေ ပွတ်လေ ပွန်းလေနဲ့ အုံနာခ လာတောင်းတဲ့ ရာသီပေါ်သီးနှံလို မစိုက်ပါပဲ ကွက်ကျော်မြေမှာ ဒဏ်ရိုက်ခံခဲ့ရ...။ စည်းဘောင်မဲ့ အခွန်ပြေစာဟာ ကတုန်ကရင် လက်နဲ့ မိတ်ဆက် နှစ်တစ်ရာ မြေခွေးရဲ့အ...