"ကဗျာလူ"

57 0 0
                                    

ဆုလွဲကဗျာလေးပါ။"ကဗျာလူ"ဆိုတဲ့ခေါင်းစဉ်
အောက်မှာပြိုင်ခဲ့တဲ့ကဗျာလေးပါ...

          "ကဗျာလူ"

ည​ရေးနက်​ လ​ကွေးခက်​ချိန်​မှာ
မျက်​နှာများတဲ့ ဝါကျ​ပေါ် ဂုတ်​ခွစီး
ကိုယ့်​​ခြေ​ထောက်​ကိုယ်​ ပြန်​ဖက်​တွယ်​​နေတာ
သူဟာ.....ကဗျာလူ လားကွ

ဟိုး.....အတုအ​ယောင်​​တွေ
လူ့​ဘောင်​မှာ အခုအ​မှောင်​ချ ရှင်းချင်​တယ်
အခမ်းနားဆုံး တံ​တွေးတစ်​ခွက်​နဲ့
ထုဆစ်​တဲ့ အ​တွေးမှန်​သမျှ
မုသား​တွေ​ဝေငှ၊ ပြည်​ကိုဖျက်​မဲ့အ​တွေး

လာလာရှုပ်​တဲ့​ နေ့နဲ့ညထဲ
အမှားတစ်​ရာကို အလံတင်
မျှတခြင်း​ကျော​ပေါ်ကျ
အမာရွတ်​အစင်းလိုက်​နဲ့
အမှန်​တရား သီးကင်းတစ်​ခုကို ထမ်းရင်း
ထွက်​​ပြေး​နေသူဟာ...ကဗျာ တဲ့လားကွ

တဂျုံးဂျုံးခုတ်​ ထမ်းထားမရတဲ့ အ​တွေး
ဆာ​လောင်​လို့ ခရီးတစ်​​ထောက်​ နားခိုက်​မှာ
မရိုးသားမှုက ပဲ့ကျတဲ့ရုပ်​ကြွင်း
လူ​ယောင်​​ဆောင်​ ကဗျာ​တွေ​ကြောင့်
ကဗျာဟာဒုက္ခသည်​ တန်းဝင်
တစ်​ချို့ပိန်​ တစ်​ချို့ချိုင့်​နဲ့
အကျည်းတန်​ ဝါကျ​တွေကြား
ကဗျာတံခွန်​ ကျိုးကျခဲ့တာ

သက္ကရာဇ်​ကိုအာခံ တိုက်​​ဆွေးတဲ့အခန်းထဲ
လောကဓံ ကျည်​ မီးအိမ်​​ထဲက
အသားမာတက်​​နေတဲ့ စာရွက်​​တွေဟာ
နှစ်​​ဆွေး​​​တဲ့ ငါ့ဘဝရဲ့ သစ္စာခံ​တွေ​လေ
ယုံကြည်​ရာကို​ရှေ့ရှု
မယုံကြည်​ရာကိုအပြစ်​ပြုရင်း
အက်​ကွဲသွားတဲ့​ နေရာထိုင်​ခင်း​​​တွေမှာ
အ​ရောင်​မရှိ​​တဲ့ ငါ့က​လောင်​တွေက
ပိုမာလာခဲ့တယ်

အ​မှောင်​ဖုံး​နေတဲ့အသံ​တွေ အတွက်
ချွေးဒီးဒီးကျပါ​စေ...ငါ့ကဗျာ၊ ငါ့ဝါကျ​တွေက
အမှန်​တရားရဲ့ဟစ်​တိုင်ထိပ်​မှာ
သိပ်​ကို ခမ်းနား​​စေရမယ်

အနာဂတ်​၊ ရာဇဝင်​ထဲ
အမှန်​တရားသီးကင်းကို ရဲ​ဆေးတင်​ တွယ်​ဖက်
အ​မှောင်​ထုအတွက်
အ​ရောင်​နုတဲ့ အလင်းကိုတည်
ငါဆိုတဲ့သူဟာ
ခေတ်​အဆက်​ဆက်​ ဂန္ထဝင်​​တွေထဲက
ကဗျာလူ​သားပေါ့....။

နွန်း
9.6.2017

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now