တကယ်တော့ ခေတ်က မျက်မှောက်ခေတ်
ဒါပေမယ့်သိပ်ဆန်းတယ်
ဗိုက်ဆာလို့ငိုရတယ်
ပြေးရလို့ပန်းလျတယ်။နှင်းခါးတွေဘဝကိုဖျတ်ရိုက်သွားတဲ့နေ့
အဲ့ဒီနေ့....
ငါ့နာမည်ဒုက္ခသည်စာရင်းထဲဝင်သွားတယ်။မိုးမလင်းသေးဘူး
ထစ်ချုန်းငိုကြွေးရပြန်ပြီ
ကြမ္မာအရိုင်းတွေထဲက
ဘဝအရိုင်းတွေ
ငါ့ကိုခေါင်းထောင်ကြည့်ကြပြီး
ဘဝထဲတစ်လှည့်စီဝင်လာကြတယ်။
ပြန်ထွက်သွားတော့
ငါနားခိုတဲ့အရိပ်သစ်ပင်တွေကို
ပုဒ်မတပ် တထစ်ထစ်ခုတ်ဖဲ့သွားကြတယ်ဘဝကို..
ငယ်သံပါအောင်ငိုကြွေးစေပြီး
ညည်းညူသံတွေရှည်လျားစေပြန်တယ်
နောက်တော့ငါက တောမီးဖြစ်
တငွေ့ငွေ့လောင်ကျွမ်းသွားလို့
ငိုချင်းကိုအပေါ်စီးက လှမ်းကြည့်တယ်
ဘဝဆိုတာ ဒုက္ခလျှာဖျားရဲ့
ရသ တစ်ခုဖြစ်မှန်းသိခဲ့တယ်။
.
.
.
.
7.10.2016
နွန်း
YOU ARE READING
အတွေး၊စိတ်ကူးကဗျာများ
Romanceဘဝဟာ ယားနာပေါက်တဲ့ အရေးပြားလို ကုတ်လေပဲ့လေ ပွတ်လေ ပွန်းလေနဲ့ အုံနာခ လာတောင်းတဲ့ ရာသီပေါ်သီးနှံလို မစိုက်ပါပဲ ကွက်ကျော်မြေမှာ ဒဏ်ရိုက်ခံခဲ့ရ...။ စည်းဘောင်မဲ့ အခွန်ပြေစာဟာ ကတုန်ကရင် လက်နဲ့ မိတ်ဆက် နှစ်တစ်ရာ မြေခွေးရဲ့အ...