သေရမယ်လို့အမိန့်ချခဲ့ပြီးကာမှ
မွေးဖွားခြင်းဆိုတဲ့ပြစ်ဒဏ်ကို
ထပ်မပေးပါနဲ့တော့လား.....ဆုံစည်းခွင့်တွေပေးပြီးကာမှ
ခွဲခွာခြင်းဆိုတဲ့ကြိုးမိန့်ထပ်မချနဲ့တော့လေ။ငါတို့ဟာ...
ခံစားချက်နဲ့ သက်ရှိလူသားတွေပါ......။ခင်ဗျားကြောင့်....
ဘုမသိဘမသိ လူ့လောကထဲ
ရောက်လာတဲ့ကျွန်တော်တို့မှာ
ဘဝအတွက်ရုန်းကန်ရင်း
သေဆုံးတဲ့အချိန်ထိ
သောကတစ်ပွေ့တစ်ပိုက်နဲ့
ကိုယ့်မျက်ရည်ကိုယ်ပြန်ထမ်းရင်း
နောက်ဆုံးခရီးကို
ခင်ဗျားအလိုကျသွားပေးနေရတယ်။ဘာအငြိုးတွေကြောင့်...
ဒီလောက်ထိရက်စက်တာလည်း
ခင်ဗျားမှာ...ပါးစပ်သာပါခဲ့ရင်
အဖြေလေးတော့မသေခင်ကြားချင်မိတယ်..."ဖြေသွားပါလား...လောကကြီးရယ်.."
Noon
12.1.2017
YOU ARE READING
အတွေး၊စိတ်ကူးကဗျာများ
Romanceဘဝဟာ ယားနာပေါက်တဲ့ အရေးပြားလို ကုတ်လေပဲ့လေ ပွတ်လေ ပွန်းလေနဲ့ အုံနာခ လာတောင်းတဲ့ ရာသီပေါ်သီးနှံလို မစိုက်ပါပဲ ကွက်ကျော်မြေမှာ ဒဏ်ရိုက်ခံခဲ့ရ...။ စည်းဘောင်မဲ့ အခွန်ပြေစာဟာ ကတုန်ကရင် လက်နဲ့ မိတ်ဆက် နှစ်တစ်ရာ မြေခွေးရဲ့အ...