စာမျက်နှာပေါ်မှာ
တိုက်ပွဲကျသွားတဲ့ ကဗျာတွေ
ထိလိုက်တိုင်း ဒဏ်ရာတွေနဲ့
အကျွတ်အလွတ် မရသေးတဲ့
ခေါင်းစဉ်တွေ အတွက်
ကဗျာဆရာတွေရဲ့ဝိညာဉ်တွေကို
အသက်ရှူဝဖို့ ပြုစုပေးကြပါ
ကဗျာဟာ မွေးကတည်းက
သွေးစွန်းပြီးသားမို့
ကဗျာ့ရင်ဖွင့်သံတိုင်းဟာ
ရောက်ရာအရပ်မှာ သွေးမြေကျရစမြဲလေ.....။18.7.2017
နွန်း
YOU ARE READING
အတွေး၊စိတ်ကူးကဗျာများ
Romanceဘဝဟာ ယားနာပေါက်တဲ့ အရေးပြားလို ကုတ်လေပဲ့လေ ပွတ်လေ ပွန်းလေနဲ့ အုံနာခ လာတောင်းတဲ့ ရာသီပေါ်သီးနှံလို မစိုက်ပါပဲ ကွက်ကျော်မြေမှာ ဒဏ်ရိုက်ခံခဲ့ရ...။ စည်းဘောင်မဲ့ အခွန်ပြေစာဟာ ကတုန်ကရင် လက်နဲ့ မိတ်ဆက် နှစ်တစ်ရာ မြေခွေးရဲ့အ...