ငှက်တောင်မှ ငါဟာ
သင်းကွဲငှက်
မင်းရင်ခွင်နဲ့ဝေးတဲ့အခါ
အတောင်ခတ်တာကစ
ကသုတ်ကရက်နိုင်တယ်။လေပြေ ထိတာကအစ
နှလုံးသားက အက်ကွဲလွယ်တယ်။အနားစတွေဖွာနေတဲ့ ပြဇာတ်ရုံမှာ
ခမ်းခမ်းနားနားဗိသုကာရုပ်ကို
ခမ်းကျင်းပြရသလိုပဲ....ငါ့တောင်ပံနဲ့ငါ့နှလုံးသားဟာ
အခုထိ...သင်းကွဲငှက်တစ်ကောင်ရဲ့
လှောင်ချိုင့်ထဲပိတ်မိနေတုန်း။
.
.
.
.
26.9.2016
နွန်း
YOU ARE READING
အတွေး၊စိတ်ကူးကဗျာများ
Romanceဘဝဟာ ယားနာပေါက်တဲ့ အရေးပြားလို ကုတ်လေပဲ့လေ ပွတ်လေ ပွန်းလေနဲ့ အုံနာခ လာတောင်းတဲ့ ရာသီပေါ်သီးနှံလို မစိုက်ပါပဲ ကွက်ကျော်မြေမှာ ဒဏ်ရိုက်ခံခဲ့ရ...။ စည်းဘောင်မဲ့ အခွန်ပြေစာဟာ ကတုန်ကရင် လက်နဲ့ မိတ်ဆက် နှစ်တစ်ရာ မြေခွေးရဲ့အ...