သွေးစိမ်းတွေကျတာ အခုရပ်....
နှလုံးသားကအသက်ရူနေတာလား
မေ့မြောနေတာလားရင်ဘတ်တစ်ခုရဲ့အခန်းထဲမှာရှိတဲ့
နှလုံးသားက...
အချစ်မှာ အရှူံးနဲ့ ထိပ်တိုက်တွေ့လာတယ်အိုး.....ငါ့နှလုံးသား တစ်ခုလုံးကပေါက်ပြဲဒဏ်ရာတွေနဲ့...
ဒဏ်ရာနက်ပုံက...ငါ့အသက်ရှူနှုန်းဟာ..
အချစ်ရဲ့အရှူံးလှေကားပေါ်မှာ
အတက်အဆင်းများနေတယ်ပေးစပ်ခဲ့တဲ့ "အရောင်မဆိုးတဲ့ ဖြူစင်ခြင်းတွေ"
သားကောင်တစ်ကောင်လို..
အသုံးချ ဝါးမြို ၊ သောက်သုံးခြင်းခံလိုက်ရတယ်"ငါ့..နှလုံးသားလေးကို လက်လျော့လိုက်ရပြီ
နှလုံးသားဟာ...အရှူံးထဲမှာရင်း
အသက်ရှူရပ်သွားပြီ....။""နှလုံးသားရေ... မင်းကောင်းရာမွန်ရာရောက်ပါစေ..
အချစ်တွက်...သေဆုံးခဲ့ရတဲ့ မင်းရဲ့သေခြင်းတရားကို
ငါ ... မြင့်မြတ်စွာဂုဏ်ယူလိုက်ပါ့မယ်....။"6.11.2016
နွန်း
VOCÊ ESTÁ LENDO
အတွေး၊စိတ်ကူးကဗျာများ
Romanceဘဝဟာ ယားနာပေါက်တဲ့ အရေးပြားလို ကုတ်လေပဲ့လေ ပွတ်လေ ပွန်းလေနဲ့ အုံနာခ လာတောင်းတဲ့ ရာသီပေါ်သီးနှံလို မစိုက်ပါပဲ ကွက်ကျော်မြေမှာ ဒဏ်ရိုက်ခံခဲ့ရ...။ စည်းဘောင်မဲ့ အခွန်ပြေစာဟာ ကတုန်ကရင် လက်နဲ့ မိတ်ဆက် နှစ်တစ်ရာ မြေခွေးရဲ့အ...