![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ရည်ညွှန်းဖော်ညွှန်းတာမကောင်းလို့နေမယ်...
ဆုနဲ့လွဲချော်ခဲ့တယ်လေ...ပေးထားတဲ့
ခေါင်းစဉ်အောက်မှာဝင်ပြိုင်ခဲ့တာပါ...
မော်ဒန်ကဗျာသီးသန့်ပြိုင်ပွဲ"စိတ္တဇ အလွမ်းရဲ့ ဝိညာဉ် ရှိုက်သံ"
ညနေဆည်းဆာဟာ တိမ်ညိုတွေကိုအဖော်ပြုရင်း
လေယူရာဆောင်ကြဉ်း မင်းနှလုံးသားရဲ့
အချစ်သဝဏ်လွှာကို သူယူလာခဲ့တယ်။မင်းသဝဏ်လွှာအောက် နှလုံးသားညှိတဲ့ကြိုး
ဆက်ထုံးရယ်ပြေ၊အက်ရာတွေ ကြေမွလို့
ငါ့နှလုံးသားရဲ့ကန့်သတ်နယ်မြေကိုတောင်
ဘောင်ကျဉ်းအောင်ချုံ့ချသွားကြတယ်။
မမြင်ရတဲ့ ငါ့နှလုံးခုန်သံတွေဟာ တိုးလွန်းလှပါတယ်ချစ်သူ..။ရင်ဘတ်မှာ လာလာငြိတဲ့ မင်း ချည်တိုင်ကြိုးကြောင့်
အချစ်စာတမ်းကိုလည်း လက်စမသတ်ခဲ့ရသလို၊
ငုံလွှာဖူး နီထွေးနု နှစ်လွှာနှုတ်ခမ်းကြားက အဆိပ်
စကားပန်းတွေ တလွင့်လွင့်ကျဲချတာကြောင့်
နုနယ်တဲ့ချစ်ခြင်းတွေကြိုးမိန့်ကျ၊အသက်လုချိန်တောင်
မရလိုက်ပါဘူး....တမလွန်ကို ခြေဆန့်လိုက်ရတဲ့ ရင်ဘတ်ကြီးက
စိတ္တဇအလွမ်းတွေကို ထထ ထွေးပိုက် နမ်းရှုပ်ရင်း
အချစ်ရဲ့လှေကားပေါ်မှာ ငါ့မျက်ရည်တွေက
အတက်အဆင်းများခဲ့တာ....။ငါ့နှလုံးအိမ်ပေါက်ပြဲ ၊ ဒဏ်ရာနက်ပုံက....
သွေးစိမ်းရှင်တွေပွင့်ထွက်၊အသက်ရှူနှုန်းတွေ
ကယောက်ကယက်နဲ့၊အပြည့်အဝလင်းလက်ခွင့်
မရတော့တဲ့ ဝိညာဉ်ကြယ်လို လင်းလက်မှုတွေက
အရောင်မှိုင်း၊တောက်ပမှုတွေက အရောင်ထိုင်းကာ
ဘုံပျောက်ခဲ့ရပြီ...။တစ်ပေါက်ပေါက်ကြွေနေတဲ့ မျက်ရည်တွေကိုခူးရင်း၊
တဆစ်ဆစ်နာနေတဲ့ အလွမ်းတွေကိုကြိုးနဲ့သီ၊
အကာရံတွေကင်းတဲ့ လေဟာပြင်မှာ လွင့်နေတဲ့
ငါ့ဝိညာဉ်ဟာ ကံကြမ္မာခြေရင်းမှာမျက်ရည်တွေကျခဲ့တယ်။
ဒါပေမယ့်လေ...ချစ်သူ မင်းခပ်ပြေပြေလေးကြည့်လှည့်ပါ့ငါ့နှလုံးသားကိုဖမ်းယူ၊ ကြိုးကွင်းစွပ်ဒေါက်ဖြုတ်ချလိုက်တာ
ပဲ့နေတဲ့ ငါ့ဝိညာဉ်အနားသတ်မှာ စိတ္တဇအလွမ်းတွေဟာ
ငိုရှိုက်သံနဲ့အတူ အလွမ်းသစ်ပင်ရဲ့အကိုင်းအခက်တွေမှာ တွဲလွဲခိုနေကြတယ်......။နွန်း
![](https://img.wattpad.com/cover/74140467-288-k572881.jpg)
YOU ARE READING
အတွေး၊စိတ်ကူးကဗျာများ
Romanceဘဝဟာ ယားနာပေါက်တဲ့ အရေးပြားလို ကုတ်လေပဲ့လေ ပွတ်လေ ပွန်းလေနဲ့ အုံနာခ လာတောင်းတဲ့ ရာသီပေါ်သီးနှံလို မစိုက်ပါပဲ ကွက်ကျော်မြေမှာ ဒဏ်ရိုက်ခံခဲ့ရ...။ စည်းဘောင်မဲ့ အခွန်ပြေစာဟာ ကတုန်ကရင် လက်နဲ့ မိတ်ဆက် နှစ်တစ်ရာ မြေခွေးရဲ့အ...