တစ်ခါတစ်လေကျ...
ဘဝဟာစစ်မြေပြင် မဟုတ်လို့
လျှောက်နေတဲ့ခရီးလမ်းမှာ
လောကဓံနဲ့ စီးချင်းထိုးခွင့်မရှိဘူးတဲ့စစ်မြေပြင်မဟုတ်တဲ့ လမ်းခရီးမှာ
ခယောင်းလမ်းတွေနဲ့အသားကျဖို့ကျ၊
အလံဖြူပြ အရှူံးပေးနေတာတောင်
ကြိမ်ဖန်များစွာလေ့ကျင့်ပေးနေတယ်ဆိုတဲ့
မျက်ရည်တွေနဲ့ စီးချင်းထိုးနေရတယ်မော့ကြည့်လိုက်တိုင်း
အပေါ်စီးကနေဆွဲတင်ပေးမယ့်
ကံကြမ္မာရဲ့...လက်တစ်စုံကိုတော့
လမ်းခရီးမှာ လိုအပ်ကြတာကြီးပဲလောကဓံကသာ အကျပ်မကိုင်ပဲ
ကံကြမ္မာရဲ့လက်ကို တစ်ခါလောက်သာ
ဖြေလျော့ပေးခဲ့မယ်ဆိုရင်...
မျက်ရည်နဲ့စီးချင်းထိုးသူတွေဟာ
အားမတန်လို့မာန်လျော့စရာမလိုတဲ့အတွက်
တစ်ကြိမ်လောက်တော့ သူတို့ဘဝမှာ
သူရဲကောင်းတွေဖြစ်ခွင့်ရှိခဲ့ကြမှာပါ10.12.2016
Noon
YOU ARE READING
အတွေး၊စိတ်ကူးကဗျာများ
Romanceဘဝဟာ ယားနာပေါက်တဲ့ အရေးပြားလို ကုတ်လေပဲ့လေ ပွတ်လေ ပွန်းလေနဲ့ အုံနာခ လာတောင်းတဲ့ ရာသီပေါ်သီးနှံလို မစိုက်ပါပဲ ကွက်ကျော်မြေမှာ ဒဏ်ရိုက်ခံခဲ့ရ...။ စည်းဘောင်မဲ့ အခွန်ပြေစာဟာ ကတုန်ကရင် လက်နဲ့ မိတ်ဆက် နှစ်တစ်ရာ မြေခွေးရဲ့အ...