(ဆုလေးတစ်ဆုချိတ်လာခဲ့ပြီ...
ပြည်ပမှာအလုပ်သွားလုပ်သူတွေရဲ့အကြောင်း
ရေးခိုင်းတဲ့ကဗျာလေးပါ.....။
မောင်မျိုးမင်း၏ ကလောင်တံ စာပေ Group ၏
ဒုတိယ အကြိမ် မော်ဒန် သီးသန့် ကဗျာ ပြိုင်ပွဲ )....................................................
"လွမ်းတယ်...အမေ"အသိုက်မြုံတစ်ခုရဲ့သန်းခေါင်စာရင်းကို
ဝမ်းဆာဖောင်းပွမှုလို့ ခေါင်းစဉ်တပ်
နွားခြေရာခွက်မှာ တစ်ဝမ်းတစ်ခါး တွေက
မျက်တွင်းဟောက်ပက်...။မျက်ရည်တွဲလဲ အစာငတ် နှုတ်ခမ်းတွေကြောင့်
ခွံ့ကျွေးမယ့်လက်တစ်စုံဟာ
အရောင်မတူ ဘာသာစကားရဲ့မြို့မှာ ဘဝကို...စ...။မနက်လင်းတိုင်း
လမ်းလျှောက်ရင်း ပန်းမကောက်နိုင်
မောလာတဲ့ ထွက်လေကြားမှာ
ချွေးစို့တဲ့ ဝင်လေတွေက ပြန်လက်ပန်းကျ....။ဆက်သွယ်မှုမဲ့ဇုန်မှာ
အညှီအဟောက်နဲ့ ပေါင်းရသူမို့
ညညတွေ..... ပင်လယ်ပြာရဲ့ခန္ဓာပေါ်
ပိုက်ကွန်တွေ လွှားလွှားခြုံပေးခဲ့ရတယ်...။လောင်းသလောက်မပြည့်တဲ့ လောဘတွင်းမှာ
ချွေးတွေဟာ....ရေညှိတက်
ဆားငံတဲ့ ပင်လယ်ထဲ
ခွန်အားတွေ အရေညှစ်ခံရတိုင်း
လွမ်းအားတွေ ယူပစ်သလို ပျောက်လိုက်ချင်တာက
အမေ့အိမ်ကိုလေ............။မနူးမညံ့၊မလှမပနဲ့ ဂျုံးဂျုံးကြ အိမ်လွမ်းစိတ်က
ခန္ဓာရဲ့ရှိသမျှ ဂလိုင်ပေါက်ကနေ
မျက်ရည်အဖြစ် သန္ဓေတည်...
ဘဝသေနေတဲ့ စက်ခန်းထဲ
အစွယ်ငေါငေါ ရမ္မက်သခင်တွေရှေ့မှာ
အလွမ်းတွေကို ကားလိပ်ချခဲ့ရတာချည်း........။ဧည့်သာရှိ ဧည့်ကြိုမရှိတဲ့ ပင်လယ်မှာ
သဘောင်္ဝမ်းဗိုက်ဟာ ကျွန်တော့် အကျဉ်းထောင်
လူလုံးမလှလို့ ကိုယ်လွတ်ရုန်းချင်ပေမယ့်
အသိုက်အမြုံလေး မတ်ဖို့အရေး
အဝေးကနေ တာဝန်ကျေပေးချင်မိတယ်...ရုပ်နာမ်နှစ်ပါးကို နားချ
အိမ်လွမ်းစိတ်ကို ရိုက်ချ
အောင့်သက်သက် ရင်နာမှုကြားကျွန်တော်လေ......
အမေ့အိမ်ပေါ်ကို စိတ်နဲ့ ခြေလှမ်းလှမ်းတင်နေမိတယ်
ခြေကျိုးနေတဲ့ လိပ်လို အမေ့အိမ် ရှိရာကို
စိတ်နဲ့ အပြေးအလွှား သွားနေမိတယ်
မျက်ရည်ကို သိမ်းယူ
ချွေးစကို သုတ်ယူ ပေးမယ့်
မွေးရပ်မြေက ပုဝါပါး တစ်ထည်ကို
သဘောင်္ဝမ်းဗိုက် အကျဉ်းထောင်ထဲကနေ
ကျွန်တော် လှမ်းလှမ်းယူနေမိတယ်............။နွန်း
YOU ARE READING
အတွေး၊စိတ်ကူးကဗျာများ
Romanceဘဝဟာ ယားနာပေါက်တဲ့ အရေးပြားလို ကုတ်လေပဲ့လေ ပွတ်လေ ပွန်းလေနဲ့ အုံနာခ လာတောင်းတဲ့ ရာသီပေါ်သီးနှံလို မစိုက်ပါပဲ ကွက်ကျော်မြေမှာ ဒဏ်ရိုက်ခံခဲ့ရ...။ စည်းဘောင်မဲ့ အခွန်ပြေစာဟာ ကတုန်ကရင် လက်နဲ့ မိတ်ဆက် နှစ်တစ်ရာ မြေခွေးရဲ့အ...