သဘာဝရဲ့ အလှအပတွေလည်း နွမ်းစောကြ
ပြန်မရတဲ့ ဘဝတွေကိုလည်း လွမ်းမောကြ
ရင်ဘတ်က အချိန်နာရီရဲ့ စောင့်သံက
ဦးနှောက် နံရံကိုလာမှန်လို့
သဘာဝတရားကြီးက
အချက်ပေးခေါင်းလောင်းထိုးလိုက်ပြီလူတွေ...လူတွေ
သွားတယ်...လာတယ်
ပေးတယ်...ယူတယ်
တစ်ချို့ကသမင်လည်ပြန်နဲ့
အကြည့်တွေကနူးညံ့တယ်
တချို့ကခြင်္သေ့လည်ပြန်နဲ့
အကြည့်တွေကကြမ်းတမ်းတယ်သဘာဝတရားရဲ့
ပြက္ခဒိန်ကိန်းဂဏန်းတွေပေါ်
အတူတကွလျှောက်ကြရင်း
ဘယ်သူကမေတ္တာတရားကို
သွန်ချခဲ့ပြီးပြီလည်း
အစည်းပြေနေတဲ့အတ္တတွေကိုရော
ဘယ်သူကစီးနှောင်ခဲ့ပြီးပြီလည်းလူ လူချင်း...
အရောင်သွေးစုံနေတဲ့စိတ်ပေါ်
တစ်ရောင်ထဲပန်းချီကား
ဘယ်သူရေးဆွဲခဲ့ပြီးပြီလည်း...
သိက္ခာတရား၊မေတ္တာတရားတွေ
တတောလုံးကိုဖူးပွင့်လိုက်စမ်းပါအပြန်ခရီးမှာဘာမှယူမသွားနိုင်တဲ့
ငါကတော့...ချစ်ခင် မြတ်နိုး
နှစ်သက်ရတဲ့သူတွေတွက်
တရောင်တည်းနှလုံးသားကို
ထာဝရပေးဆပ်နှင်းအပ်ခဲ့သည်သာ..........Leader kim suho
21.6.2016
ŞİMDİ OKUDUĞUN
အတွေး၊စိတ်ကူးကဗျာများ
Romantizmဘဝဟာ ယားနာပေါက်တဲ့ အရေးပြားလို ကုတ်လေပဲ့လေ ပွတ်လေ ပွန်းလေနဲ့ အုံနာခ လာတောင်းတဲ့ ရာသီပေါ်သီးနှံလို မစိုက်ပါပဲ ကွက်ကျော်မြေမှာ ဒဏ်ရိုက်ခံခဲ့ရ...။ စည်းဘောင်မဲ့ အခွန်ပြေစာဟာ ကတုန်ကရင် လက်နဲ့ မိတ်ဆက် နှစ်တစ်ရာ မြေခွေးရဲ့အ...