ဘဝဆိုတာ
လွင့်မျောပါတဲ့
တိမ်တစ်စလို
သွားသာသွားသည်
စိုက်ထူပန်းတိုင်ရှာရသည်။
ကြာသည်အမျှ
ကံကြမ္မာက
လေပြင်းထန်ထန်
လေဆန်ရိုင်းရိုင်း
သူ့စိတ်ရိုင်းနှင့်ကျိန်သေးသည်။
လေပြင်းစေရာ
လွင့်ရပါသော
လေဆန်မတွေ့
တိမ်စိုင်ငယ်သည်
ရုန်းကာအားစိုက်
ပျံတက်သော်လည်း
နက်ရှိုင်းကျယ်ပြော
လောကဓံကြောင့်
စိတ်နာငိုကြွေး
ရှိုက်သံပြု၍
မျက်ရည်တေးကိုသီခဲ့သည်။
အရွယ်စုံခြေရာ
မျောပါခဲ့သော
ဘဝပင်လယ်မှာ
ငါ၏ခြေရာငါပြန်ကောက်လို့
ထွန်းညှိမှိုင်းညို
ဖယောင်းတိုင်လို
ချုပ်ငြိမ်းချိန်ကလာခဲ့ပြီ။
ကံကြမ္မာအမျက်မုန်း
ကျိန်စာစုန်းကြောင့်
ငါ့ပန်းတိုင်လည်း
ပျောက်ခဲ့ပြီ။
18.1.2017
နွန်း