ရက်စက်တက်တဲ့နေရာမှာ
အရှင်သခင်မရယ်လို့
ငါ့နှလုံးသားကနေ မင်းကို
သရဖူဆောင်းပေးလိုက်ပါပြီ
ငါဟာ လည်း
လူသားတစ်ယောက်ပေမို့..
မင်းကနာကျင်စရာတွေ
ရက်ရက်ရောရောပေးလာတဲ့အခါ
ငါ့မှာလည်းရင်နာစရာတွေက
ပိုပိုသာသာ ဖြစ်ခဲ့တာပေါ့
ငါငိုချင်တယ် ဒါပေမယ့်
မင်းကိုတော့ကြိုးစားပြီးပြုံးပြမယ်...
ငါနာကျင်နေတယ် ဒါပေမယ့်
ကြိုးစားပြီး ဖုံးဖိထားမယ်...
ခုတော့အရာအားလုံးက
မင်းစိတ်ကြိုက်ဖြစ်မှာမို့
အမုန်းဘုရင်မရဲ့
ကွေးညွတ်ညွတ်အပြုံးထက်မှာ
ငါ့နှလုံးသားကိုလိုသလိုသာပြုပါ..
လဲကျလည်းပြန်ထပေးမှာမို့...
ငါ့နှလုံးသားကိုစိတ်ကြိုက်ကစားစမ်း
အမျက်အမုန်းတွေသင်ပုန်းကြေမယ်ဆို..
မင်းလက်ထဲမှာ
ပျော်ပျော်ကြီးစတေးလို့ပေးတယ်..
အမုန်းဘုရင်မရယ်...
ပြုံးတော်မူ...
(နွယ်..fic)