Hate Race
By wuyetihan
.............
အမုန်းရဲ့အဆိပ်သင့်သူ !
.........................
တသိမ့်သိမ့် ရှိုက်ငိုနေသော TAO ကိုကြည့်ပြီး LUHAN သက်ပြင်းဘယ်နှကြိမ်မြောက်
ချမိမှန်းပင် မသိတော့ ။
နင် မိုက်လိုက်တာဟယ်ဟုလည်း
အပြစ်မတင်ရက်တော့..။
"နင်မှာခဲ့တဲ့ အမှားတွေကို ခုမှ နောင်တတွေနဲ့ သင်ပုန်းချေဖို့ ကြိုးစားနေလို့ရော ဘာထူးတော့မှာလဲ TAO ရယ် ဒီအချိန်က ဘာလုပ်သင့်တယ်ဆိုတာ အရင်စဉ်းစားဆုံးဖြတ်ရမယ့်အချိန်…..ငါကတော့ ဖြစ်နိုင်ရင် ဒီကိစ္စကို လုံးဝဖွင့်မပြောပဲ လျှို့ဝှက်သွားစေချင်တယ်…..နင်လည်းကိုယ်ဝန်ကရင့်လာပြီဆိုတော့ နင့်စိတ်တွေကို အဖိစီးမခံပါနဲ့ "
"ဒါပေမဲ့ ဒါဟာ SEHUNရဲ့ ကလေးလေ….၊
ဒီကိစ္စကြီးက တစ်သက်လုံး ဖုံးထားလို့ ရမတဲ့လား ။ ရခဲ့တယ်ပဲထား KRISရဲ့မေတ္တာတွေကို
ငါ့အနေနဲ့ ပိုးစိုးပက်စက် စော်ကားသလို ဖြစ်မနေဘူးလား"
"TAOရယ် SEHUNကလေးပါဆိုတာကို
နင်နဲ့ SEHUNရယ် ပြီးတော့ ငါရယ်ပဲ သိတာလေဟယ်………
ငါကတော့ ဘယ်တော့မှ KRIS ကိုဖွင့်ပြောမိမှာ မဟုတ်ဘူး…
နင့်အရေးကိစ္စက ငါ့အရေးကိစ္စပဲလေ…..
နောက်ပြီး SEHUN လည်းရှိတော့တာမှ မဟုတ်တာ…..သူ အိမ်ကထွက်သွားတာကိုက
နင်အတွက် ကံကောင်းတာ….
ဒီတော့ နင်က ဒီကိစ္စကို ဖွင့်ပြောမှ သိမှာပေါ့ …."
"ဟင့်အင်း….. ငါ KRIS အနားမှာ အဲဒီလို မရိုးသားတဲ့စိတ်နဲ့ နေဖို့ စိတ်မရဲတော့ဘူး.."
စိမ့်ခနဲ ထွက်လာသော မျက်ရည်ကြည်တို့ကို လက်ဖမိုးဖြင့် ဆွဲသုတ်လိုက်ပြီး ရင်ထဲက လေးနက်သော ဆန္ဒတစ်ခုက သူငယ်ချင်းရဲ့ အကြ့ပေးချက်ကို ပယ်ချခဲ့သည် …။
LUHAN ခေါင်းမာလွန်းတာ နှစ်ယောက်မရှိသော သူငယ်ချင်းကိုကြည့်ပြီး ဘယ်လို အကြံဥာဏ်မျိုး
ပေးရ မှန်းတောင် မသိတော့ ။
"ဒါနဲ့ နင်ပြောတော့ သူ့ကို ဒီကလေးကို သူ့ကလေးမဟုတ်ဘူးဆိုတဲ့အကြောင်း သူသေအံ့ဆဲဆဲ အချိန်ရောက်မှ ဖွင့်ပြောတော့မယ်ဆို…."
"ဟုတ်တယ်…..အဲဒီတုန်းက ငါ သူ့ကိုမုန်းနေသေးတယ်လေ ခုတော့ အဲဒီအမုန်းတွေဟာ ငါ့ရင်ထဲမှာ တစိုးတစိမှ မရှိတော့ဘဲ ခု သူ့ဘေးမှာ သူသိပ်ချစ်တဲ့ မိန်းမတစ်ယောက်အဖြစ် နေနေရတာကိုက စိတ်မလုံတော့တာ…"
"စိတ်လုံတာတွေ မလုံတာတွေကို အသာဘေးချိတ်ပြီး အကောင်းဆုံးဖြေရှင်းနိုင်မဲ့ နည်းလမ်းကိုပဲ ရွေးချယ်ပါတော့ TAO ရယ် ….ဒါဆို နင်ရော နင့်ကလေးရော KRIS အနားမှာ တစ်သက်စာ ထာဝရ နေလို့ရပြီပေါ့"
"LUHAN….အကြံပေးချက်တွေက အရင်က ငါ့ရင်ထဲက အမုန်းတရာတွေ ရှိစဉ်ကတော့ ဟုတ်တာပေါ့…ဒါပေမဲ့ အခု ငါ့ရင်ထဲမှာ KRIS ကိုချစ်မိတဲ့အချစ်တွေ ဘယ်အချိန်ကတည်းက ကိန်းအောင်းခိုဝင်နေခဲ့လဲ မသိဘူး….ငါ သတိထားမိတဲ့ အချိန်ရောက်တော့ ငါ..ငါလေ KRIS ကို အရမ်းချစ်မိနေပြီဟယ်…. တစ်ခါတစ်လေ ငါ့ရဲ့စိတ်ကို ငါကိုယ်တိုင် အံ့သြလွန်းလို့ ဘယ်လိုယုံကြည်ရမှန်းတောင် မသိတော့ဘူး…."
တည်ငြိမ်လေးနက်စွာနဲ့ ပြောနေသော TAO၏စကားလုံးတိုင်းက အဓိပွါယ်တွေနဲ့ သက်ဝင်လို့နေ၏..။
"ဒါဆို နင် ဖွင့်ပြောမယ်ပေါ့"
LUHAN ရဲ့ အမေးကို TAO ခပ်ဖြည်းဖြည်း ခေါင်းငြိမ့်လိုက်သည် ။
"ဟုတ်တယ်..ငါ ဖွင့်ပြောလိုက်တော့မယ်"
LUHAN မျက်လုံးအစုံ ပြူးကျယ်ဝိုင်းစက်သွား၏
"ဒါဆို နင်ေ၇ာ နင့်ဗိုက်ထဲက ကလေးရော သူမုန်းသွားမှာပေါ့…နင် ဒါကို ခံနိုင်ရည်ရှိလို့လား…..ငါတော့ နင့်အစား စိတ်ညစ်လွန်းလို့ သေတောင် သေလိုက်ချင်တယ်။"
ကိုယ့်အတွက် ပူပန်ပေးနေသော သူငယ်ချင်းကို ကျေးဇူးတင်သော အပြုံးခပ်ယဲ့ယဲ့ တုံ့ပြန်ရင်း…
"ငါကိုယ်တိုင်ရေးခဲ့တဲ့ သမိုင်းပဲ….ငါ့မှာ ဘာရွေးချယ်ခွင့်များ ရှိဦးမှာလဲ.."
LUHAN အလေးပင်ဆုံး သက်ပြင်းမောကို ချလိုက်ပြီး TAO ၏စိတ်ကို နားအလည်ဆုံးသောသူတစ်ယောက် အနေနဲ့ ဘာမှ မတားဆီးချင်တော့..။
"နင် အတော်လေး ခံနိုင်ရည်ရှိအောင် ကြိုးစားပြီးမှ ဖွင့်ပြောပေါ့…သူ လက်မခံခဲ့ရင် ဘာလုပ်သင့်တယ်ဆိုတာလဲ ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုလိမ့်မယ်.. ။"
"ငါ့ကိုစိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်တယ် LUHAN ရယ်.. ငါဘယ်လို ကံကြမ္မာမျိုးနဲ့ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ ငါနဲ့ အတူ ငါ့ရင်သွေးလေးလဲရှိနေတာပဲ….သူဟာ ငါ့ရဲ့ အင်အားတစ်ရပ်ပဲလေ…."
"ငါလည်း နင့်အတွက် ၀ိုင်းပြီးဆုတောင်းပေးပါ့မယ်ဟယ်…..နင်နဲ့ KRIS ကြားက ဖျက်ဖို့ မဖြစ်နိုင်တဲ့ အရိပ်မည်းကြီး
သူ့ အလိုလို ပပျောက်သွားပါစေလို့…"
"KRIS ငါ့ကိုချစ်တယ်လို့ သိရတဲ့နောက်ပိုင်း အဲဒီစိတ်လေးတစ်ခုနဲ့တင် ငါအရာရာကို ကျေနပ်ရောင့်ရဲ နိုင်ပါပြီ LUHANရယ်…"
"အင်း……နင်ရော KRIS ရော ဒီကလေးရှိကတည်းက မထင်မှတ်ထားလောက်အောင် ပြောင်းလဲသွားတယ်နော်"
"ဟုတ်တယ်…ငါတို့ရဲ့ ကလေးလေးက ချစ်ချင်းတရားတွေသယ်ဆောင်လာပေးတဲ့ လောကရဲ့ အချစ်စေတမန်လေးပေါ့…."
"ငါထင်ပါတယ် ..ဒီကလေးက နင်တို့ရဲ့ အနာဂတ်ကို လှလှပပ ရေးချယ်ပေးမှာပါ…"
LUHAN ဝေဖန်သုံးသပ်ပေးသော မျှော်လင့်ချက်စကားအချို့ကြောင့် TAO ၏ မျှော်လင့်ချက်ရောင်ချည်လေး ဖြတ်ခနဲ ရှပ်ပြေးသွားသည် ။
ရင်ခုန်သံသည် နေရောင်ထဲမှာ ပွင့်နေသော ပန်းပွင့်တွေလို နွေးထွေးနူးညံ့နေသေးသည်..။
ဝမ်းနည်းငြိမ်သက်နေသောကိုယ့်စိတ်ကို အမျိုးမျိုးလတ်ဆတ်အောင် ကြိုးစားကြည့်သည် ။ သို့သော် ယခုအချိန်ထိတော့ ကြေကွဲ စိုးထိတ်သော ကာလမဲ့ ဇုန်တွေထဲက ရုန်းမထွက်နိုင်သေး……….။
တကယ်တော့ အမုန်းတွေရဲ့ အဆိပ်သင့်ခဲ့ရသူလေ…………..။
~~~~~~~~~~~~HR~~~~~~~~~~
လေညင်းရဲ့ ဝေ့၀ဲတိုက်ခတ်နေသော ရွှေအိုရောင် ညနေခင်းလေးသည် သာယာကြည်နူးစရာ မြင်ကွင်းလေးနှင့် လှပတင့်တယ်နေသလောက် TAO ၏ ခံစားမှုအလိပ်လိုက်ကတော့ အပူသောကတချို့နှင့် လောင်ကျွမ်းဆွေးမြေ့ကာ စုတ်ပြတ်သတ်နေသည်……..။
သောကအပူလုံးတွေနှင့် အာရုံတွေ ရငပ်ထွေးနောက်ကျိနေရတဲ့ကြားထဲ ကိုယ့်ရှေ့မှာ ရန်လာဖြစ်နေသော စုံတွဲတစ်တွဲစီမှ အတိုင်းသားကြားနေရသည့် ပြသနာကြောင့် ကိုယ့်လိပ်ပြာကိုယ်မလုံ….။ပျက်ရွင်းနေသော မျက်နှာအမူအရာဖြင့် ကိုယ့်ဘေးမှာထိုင်နေသော KRIS ကို မသ်မသာ ဝေ့ခနဲ ခိုးကြည့်လိုက်သည်။
"မင်းဟာ သစ္စာမရှိတဲ့ မိန်းမယုတ်ပဲ…….မင်းယောက်ျား ငါတစ်ယောက်လုံးရှိနေရက်နဲ့ တခြားယောက်ျားနဲ့ ဖောက်ပြန်တဲ့ မင်းလိုမိန်းမမျိုးကို ငါနောက်ထပ်မတွေ့ချင်တော့ဘူး……..။ "
"မောင်ရယ်တောင်းပန်ပါတယ် အြ့အမှားက မရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ အမှားပါ……. ခွင့်လွှတ်ပေးပါ…….."
အမျိုးသမီး၏ ငိုကြီးချက်မ တောင်းပန်တိုးလျှိုးနေသောအသံကို အတိုင်းသားကြားနေရသည် ။
တိုက်ဆိုင်လိုက်တာ……ဘာဖြစ်လို့များ ကိုယ့်အဖြစ်နဲ့ လာတူနေရသလဲ……တစ်ထပ်တည်းနီးပါးတူနေရတာလဲ.။
ကံကြမ္မာက တစ်ဖက်လှည့်နဲ့ KRIS ကို တိုးတိုးတိတ်တိတ် သတိပေးနေတာများလား …..မလုံလဲစွာဖြင့် KRIS ကို ကြည့်လိုက်သည် …။
KRIS မျက်နှာမှာ စိတ်ပျက်သော အမူအရာဖြင့် ထိုအတွဲကို ကြည့်နေသဖြင့် TAO မှာ အားအင်တွေ စုပ်ယူခြင်းခံလိုက်ရသလို မျှော်လင့်ချက်မဲ့ကာ လူမှာ အရုပ်ကြိုးပြတ်အလား…………။
"KRIS ငါလည်း အဲ့လိုမျိုး တခြားသူနဲ့ ရတဲ့ ကိုယ်ဝန်ကို နင်နဲ့ ရတဲ့ ကိုယ်ဝန်ပါလို့ ညာပြောရင် နင် ဘယ်လိုလုပ်မလဲ.။"
ထူဆန်းသောအမေးကြောင့်…….
"နင် ငါ့ကိုဘာတွေလာမေးနေတာလဲ TAO"
"ငါမေးတာဖြေစမ်းပါဟာ……."
"ဖြေစရာလား……..နင်ဆိုတဲ့ ငါ့မိန်းမက အဲ့လိုအတန်းစားထဲကမှ မဟုတ်တာ…… ငါ့ကို အဲ့လိုလာမေးတာနဲ့တင် တော်တော် တရားလွန်နေပြီ … စိတ်ထဲမှာ မရိုးမယွ ဖြစ်ပြီး ဆွဲတောင်ထိုးချင်လာပြီ…."
KRIS ၏ မာန်ပါသော စကားကြောင့် TAO ရင်ထဲ ဖျင်းခနဲ ကျင်တက်သွားသည်….။
ပျက်ယွင်းလုဆဲဆဲ မျက်နှာကို အပြုံးဖြင့် ကာကွယ်ရင်း…….
"ဖြေပါ ငါသိချင်လို့ ဘာရယ်တော့ မဟုတ်ပါဘူး……….နင် ငါ့ကို ဘယ်လောက်ချစ်လဲ သိချင်လို့….။"
"အချစ်စမ်းချင်ရင်လည်းတခြားနည်းနဲ့စမ်းပါဟာ……မဦးမချွတ် ဒီလိုကိစ္စကြီးနဲ့ လာစမ်းရလား…………. အဟား……ငါ့မိန်းမသာ ဒီလိုမိန်းမမျိုးဆိုရင် အဲဒီကောင်ေ၇ာ နင့်ကိုရော တစ်ခါတည်းသတ်ပြိး ငါကကြိုးစင်ပေါ် အပြုံးတစ်ချက်မပျက်ပဲ တက်သွားလိုက်မှာ ရှင်းပြီလား……..။"
KRIS ထံမှ စကားလုံးတွေက TAO အဖို့ အရှင် လတ်လတ် အသတ်ခံရတော့မည့်သူလို ဆောက်တည်ရာမရ ဖြစ်သွားသည်…..။
ဒီစကားလုံးတွေဟာ TAO ၏မျှော်လင့်ချက်တွေနှင့်အတူ ရင်ထဲက နက်နဲသော အချစ်တွေကိုပါ အပိုင်းပိုင်း ဖြစ်အောင် တစ်စစီ ချွေလိုက်သလို မွစာကြဲခဲ့ရ၏ .။
တဒိန်းဒိန်းဖြင့် အခုန်မြန်လာသော စိုးရိမ်ထိတ်လန့်မှုတွေက မျက်နှာပေါ်သို့ အလုအယက် တိုးဝှေ့လျက်………။
"TAO နင်ဘာဖြစ်သွားတာလဲ….."
ခပ်တိုးတိုးမေးလိုက်သော KRIS၏ အသံကြောင့် TAO အထိတ်တလန့်ဖြင့် ခေါင်းခါရင်း……..
"ဟင့် အင်း…….ဘာမှ မဖြစ်ပါဘူး…နင်ပြောတဲံပုံစံကိုကြည့်ပြီး အရမ်းလန့်သွားလို့…."
"အဟား.ဟားးး…….ငါ က နင်ဘာဖြစ်သွားတာလဲလို့…..စိတ်ပူသွားတာပဲ…….ငါက အဖြစ်ပြောတာပါ..နင်နဲ့ ငါ့ကြားမှာ ဒီလို ဖြစ်လာစရာ ဘာအကြောင်းမှ မရှိတာ ..အလကား……အဓိပါယ်မရှိတာတွေမေးပြီး သူပဲ သွေးကြောင်နေတယ်……..ဘယ်လိုကောင်မလေးလဲ မသိဘူး.။"
TAO ပါးပြင်ကို မနာအောင် ခပ်ဖွဖွ လိမ်ဆွဲလိုက်သော KRIS ၏မျက်နှာမှာ TAO ၏အမူအရာ ပျက်ယွင်းမှုကို နည်းနည်းလေးမှ မရိပ်မိ…….သောကငြိမ်းသော သူတစ်ယောက်နှယ်……..။
အနာဂတ်မှာ စောင့် ကြိုနေသော ပြသနာတစ်ရပ်ကို နည်းနည်းလေးမှ ရိပ်မိပုံမပေါ်…..။
TAO မှာသာ အပြစ်ရှိသူတစ်ယောက်လို မထွေးနိုင် မအန်နိုင်နဲ့ နေ့စဉ်နှင့်အမျှ စိတ်နှင့်လူနဲ့မကပ်….။
သူရဲ့ အသက်ရှုနှုန်းနှင့်အပြိုင် အရိပ်မည်းကြီးက အချိန်နဲ့ တပြေးညီ လိုက်ပါတွယ်ငြိနေ၏…။
KRIS အပေါ်မှာ သူမဟာ ကြောက်မက်ဖွယ်ကောင်းသော အမှားတစ်ခုကျူးလွန်ခဲ့တယ်ဆိုတာကို KRIS သာ သိခဲ့ရင် သူ့ရဲ့ မေတ္တာတရားနှင့် မာနကို ရိုက်ချိုးတယ်ဆိုပြီး အပြစ်ပြောကာ သူမ၏အသက်ဝိဥာဉ်တွေကိုတောင် အငြိုးနဲ့သုတ်သင်ပစ်မလား မသ်တော့…….။
တွေးကြည့်ရုံနဲ့တင် ရင်ဘတ်တစ်နေရာက တဆစ်ဆစ် နာကျင်ခဲ့သည်မို့………။
"ပြန်ရအောင် KRIS "
"အင်း…….ပြန်တော့မလို့လား။"
"အင်း…အဲ့အတွဲ ရှေ့ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ်လိုတွေပြောကြမယ်ဆိုတာ င်မကြည့်ရဲဘူး……."
"ဘာဆိုင်လဲဟာ.ကိုယ့်ဟာကိုယ် လေကောင်းလေသန့် ရှုတာပဲ.ပတ်ဝန်းကျင်ကို အာရုံမစိုက်စမ်းပါနဲ့..။ ပြီးရင် ငါတို့ မာမီအိမ်ဝင်ကြမယ်လေဟာ…………..။"
"နောက်နေ့မှသွားပါလား KRIS ရယ်….."
"ဘာလဲ နင် စိတ်မကြည်ဘူးလား…ဒါဆိုလဲ နောက်မှသွားမယ်လေ…အိမ်ပြန်ပြီးအနားယူကြတာပေါ့……..။"
TAO ကျေးဇူးတင်သော အကြည့်ဖြင့် KRIS ကိုမော့ကြည့်ကာ ခေါင်းလေးဆတ်ပြသည်..။
ဒီအချိန်မှာ ငါ ခပ်တိတ်တိတ်လေး ကြေကွဲနေချင်လို့ပါ….ငါ့ကိုခွင့်လွှတ်ပါ…နင့်ဘ၀ထဲက ငါ့က်ု ထွက်သွားခွင်ပြုပါတော့….ငါ့ရဲ့ အပြစ်တွေကို နင့်ရှေ့မှာ ၀န်မခံရဲတဲ့ ငါ့ရဲ့ အားနည်းချက်တွေကြောင့်…နင်နဲ့ ငါ ဒီတစ်သက် သက်ဆုံးတိုင် မပေါင်းဖက်ရတော့ဘူး…။
နောင်ဘ၀ဆိုတာ ရှိခဲ့ရင်တော့ နင်နဲ့ ပြန်ဆုံဖို့အတွက် ငါမျှော်လင့်ချင်သေးတယ်…ဒါဟာ..ငါ့ရဲ့ နောက်ဆုံးသော မျှော်လင့်ချက်ပဲ ဖြစ်လိမ့်မယ်..။
နင့်ကို ငါအရမ်းချစ်မိသွးပြီ KRIS ရယ်…..။ ငါသိပ်ချစ်တဲ့ နင့်ကို ခပ်တိတ်တိတ် ကျောခိုင်းရမယ့် ငါ့အဖြစ်က ဘယ်လောက် ရင်နာစရာကောင်းလိုက်သလဲလို့…….. ..။
"ဟေ့ ကောင်မလေး……..ဘာတွေ ဒီလောက် တွေးနေတာလဲ….ထ ပြန်မယ်ဆိုလဲ သွားကြရအောင်..။"
"အင်း သွားကြ၇အောင်….။"
လက်မောင်းကို ဖေးကူထစေသော KRIS ဆွဲထူရာ အလိုက်သင့်လေး ထလိုက်သည်..။
ဖြတ်တိုက်လာသော လေနုအေးကို တစိဝကြီး ရှုရှိုက်လိုက်ပြီး ပြာလွင်နေသော မိုးသားပြာပြာက်ု အားကိုးတကြီး မော့ကြည့်လိုက်သည်..။
ကောင်းကင်ကြီး ကိုယ့်ကို ပြုံးပြနေသလားပဲ…….။
~~~~~~~~~~~~HR~~~~~~~~~~
Hello…..
…..
ငါ့ကိုတစ်ခု ကူညီပါ LUHAN….
……
……………….
~~~~~~~~~~~~HR~~~~~~~~~~
……
KRIS နဲ့တွေ့ချင်လို့ပါ..
………….
ကျွန်တော်ကတော့ OH SEHUN ပါ
…………..
………………………………
~~~~~~~~~~~~HR~~~~~~~~~~
By wuyetihan
မupတာကြာနေပါပြီ...နေလည်းမကောင်းဘူး...ခုလည်း ဆေးရုံခဏခဏပြနေရတယ်.....ပြီးတော့ အနော့FIC တစ်ခုကို အကြီးအကျယ်မကောင်းပြောရင်း အနော့်ကြောင့်နာမည်ကြီးအာသာတွေထိခိုက်သွားတော့ ရပ်ပစ်ချင်စိတ်တွေပေါက်လာတာလဲပါပါတယ်...!
အာ့လေးတွေကြောင့်ကြာနေတာပါ...!
KT Dayမှာ ပူဆာခဲ့တဲ့ ချစ်လေးကို ကျေးဇူးတင်တယ်...ပြောရမယ်ဆိုရင် သူ့ကြောင့်လဲ အားရှိပြီးဒိတ်မိတာ....
အော်...ငါ့ကိုမှတ်မိတဲ့သူ အကောင်းမြင်တဲ့သူ တစ်ယောက်ကြီးများတောင် ရှိသေးတယ်ဆိုပြီးပေါ့...!
ကျန်တဲ့ ficတွေလဲ အပ်ဖို့အစီအစဉ်ရှိပါတယ်...ဘာအရင်စအပ်ရမလဲတော့မသိသေးဘူး...ဟိ..ဟိ.!
New တွေလည်းတင်ဖို့ရှိပါတယ်...!
အားပေးဖို့မျှော်လင့်ရင်း....!
Love you..!
Vote များများ cmt များများမျှော်လင့်မိကြောင်း...!