HATE RACE

By WuYetiHan

49.9K 3.8K 336

Taoris fic !! မိဘခြင်းရင်းနှီးသောကြောင့် ငယ်ငယ်ကတည်းက အများအမြင်မှာ သူငယ်ချင်းဖြစ်ခဲ့သော်လည်း လုံးဝလုံးဝမတည့်... More

အမုန်းထဲက အချစ်!
Start To Hate!
Deep !
Deeper !!!
Oosehun
A Cup of Red Wine
မေးပါရ​စေ
Who're in?
ထပ်​​မေးပြ​စေ!
That Night OR This Night
Hello !!
Let's Scare !
Just small wave !
Feel or not !
အငှါး.....ကိုယ်​ဝန်​..!
ဝင်​ကြည့်​​ပေးပြပါ​နော်​ !
The Answer?
အဆိပ်​နဲ့ဆေး
Stupid Idea in the Chest
ကကြိုး​တွေ သွယ်​ကာရစ်​ကာ !
ကြော်​ငြာ for Second Bullet !
အမုန်းသံ​ယောဇဉ်​ကြိုး
ငါ့ကို ချစ်​ပါ Tao !
TIME FLY WITH ROSES
ကွာရှင်းလက်​မှတ်​?
ကျွန်​မ သူ့ကို ချစ်​တယ်​ !
ချစ်ခြင်း၏လုပ်ကြံခြင်းကြောင့်
We Love KT,however time's stop !
အမုန်းရဲ့အဆိပ်​သင့်​သူ !
နှုတ်​ဆက်​ အနမ်း
အမုန်းဖြင့်​ ​နှောင်​ဖွဲ့သော !
Promotion !

ည၏ ဖမ်းစားမှု

1.2K 140 19
By WuYetiHan

Hate Race
By wuyetihan
.............
ည၏ဖမ်းစားမှု
(-​အောက်​ဆုံးက ငါ့ရဲ့an​လေးကိုပါ ဖတ်​​ပေးရင်​ သိပ်​​ကောင်းမှာပဲ-)
............................

တဖွဲဖွဲရွာ​နေ​သော မိုး​ရေစက်​အချို့ကို ပြတင်း​ပေါက်​မှ ရပ်​​ငေးကြည့်​ရင်း Tao ရင်​ထဲမှာ ဘာ​ကြောင့်​မှန်မသိ နင့်​နင့်​နဲနဲကို ငိုချပစ်​လိုက်​ချင်​သည်​။

ရင်​ထဲက အင်​အားကြီးစွာ လှိုင်းထန်​​နေ​သော ​သောကအပူ​တွေကို မိုး​ငွေ့ရဲ့ ​အေးမြစိုစွတ်​မှုက ဘယ်​မှာဘာပြီး ​အေးချမ်း​စေနိုင်​မှာတဲ့လဲ ။

မိုက်​ရူးရဲ​ဆန်​​သော အ​တွေး​လေးတစ်​ချက်​မှာ မှားယွင်းခဲ့မှုက ခု​တော့ အနာဂတ်​ တစ်​ခုလုံးကို စက္ကူစုတ်​တစ်​ရွက်​လို သုံးစားလို့မရ​အောင်​ စုတ်​​ခြေခြင်းခံရ​တော့မည်​ ။

အမှန်​ဆို kris အ​ရှေ့မှာ ကိုယ့််​ရဲ့ လက်​တစ်​ဆုပ်​စာ​လောက်​သာကျန်​​​တော့​​သော အမုန်း​တွေကို ဟန်​​ရေမပြချင်​​တော့ပါဘူး။

"Tao.."

ဘာ်​ချိန်​ကတည်းက​ရောက်​​နေမှနိးမသိ​သော Kris ၏​ခေါ်သံ​ကြောင့်​ ငဲ့​စောင်းကြည့်​မိ​တော့.....

ကိုယ့်​ကို ခပ်​ပြုံးပြုံးကြည့်​​နေတဲ့ သူ့ရဲ့အပြုံး​တွေက အဏင်​ကထက်​ကို ပိုပြီး တည်​ကြည်​​လေးနက်​​နေသ​ယောင်​​ယောင်​......

"မိုးစက်​​တွေ စင်​မယ်​​လေ...ဘာဖြစ်​လို့ အဲ့ဒီမှာ ထ်​က်​ရပ်​​နေရတာလဲ..."

"မိုးရွာတာကို ကြည့်​ချင်​လို့..."

သူ့ထံမှ ဟက်​ခနဲ ရယ်​သံထွင်​လာပြီး...

"ခပ်​​ကြောင်​​ကြောင်​ ​တွေးတတ်​တာပဲ... မိုးရွာတာများ...မမြင်​ဖူးတာကြ​နေတာပဲ.... ​ရော့...ငါနင့်​အတွက်​ ​ကော်​ဖီ ​ဖျော်​လာတယ်​... ပူတုန်း​သောက်​လိုက်​.."

Tao ​သောက်​ဖူးသမျှ​ တန်​ဖိုးကြီး ​ကောင်း​ပေ့ဆိုတဲ့ ​ကော်​ဖီ​တွေထက်​ကို အရသာက ​ကောင်းလွန်း​နေသ​လိုလို.....

"ဘယ်​လိုလဲ အရသာ.."

"အင်း.."

"ငါက​တော့ ဒီလိုမိုး​အေး​အေး​လေးထဲမှာ ​ကော်​ဖီတစ်​ခွက်​ထိုင်​​သောက်​ပြီး အခန်း​လေးထဲမှာ ဇိမ်​ယူ​နေရတဲ့အရသာကို အကြိုက်​ဆုံးပဲ... ခု​တော့ ငါ့အကြိုက်​က ပိုပြီး အဓိပ္ပါယ်​​တွေနဲ့ ပြည့်​စုံ​နေတယ်​.."

"ဘာအဓိပ္ပါယ်​နဲ့ ပြည့်​စုံ​နေတာလဲ.."

"ငါ့အနားမှာ ငါ​မျှော်​လင့်​​နေတဲ့ ရင်​​သွေး​လေးရယ်​...ပြီး​တော့ နင်​ရယ်​ ရှိတယ်​​လေ..။ ဒါဟာ ငါ့ဘဝအတွက်​ အဓိပ္ပါယ်​ ရှိခြင်း​တွေပဲ​ပေါ့.."

Kris၏စကားအဆုံး tao ထခုန်​မိမတတ်​ ဝမ်းသားလှိုက်​ဖိုသွားရ၏ ။

သူ့ဘဝရဲ့ လိုအပ်​ချက်​​တွေထဲမှာ အရင်​ကဆို Tao ပါဝင်​ခဲ့တာမှ မဟုတ်​တာ...ခု​တော့ သူတစ်​ချိန်​က မုန်းပါတယ်​ဆိုတဲ့ Taiပါ ပါဝင်​​နေပြီဆို​တော့ ဘယ်​​လောက်​​ပျော်​ရွှင်​​ကျေနပ်​စရာ​ကောင်းလိုက်​လဲ..။

သူမဟာ ရင်​ခုန်​ ညွှတ်​နူးခြင်း​တွေနဲ့အတူ ခန္ဒာကိုယ်​တစ်​ခုလုံး ချမ်းစိမ့်​စိမ့်​ ဖြစ်​လာသလို ​ကျောထဲကစိမ်​လြာသလို အူထဲအသဲထဲက တလှပ်​လှပ်​ ခုန်​လာသလိုလိုကြီး ခံစား​နေရသည်​။

ခန္ဒာကိုယ်​ အ​တော့အသင့်​ရှိ၍ ခန့်​ညား​သော Kris wu ဆိုသည့်​ ​ယောက်ျားတစ်​​ယောက်​ဟာ Tao Zi ဆိုသည့်​ မိန်းမတစ်​​ယောက်​ကို အငြိုးကြီးစွာ လပ်​ထပ်​ယူခဲ့ပြီး အမုန်း​တွေက်ုသာ ရက်​ရက်​စက်​စက်​ ​ပေးတတ်​​သော ​ယောက်ျားတစ်​​ယောက်​ဟု ဘယ်​လိုမှ ပင်​ထင်​ရက်​စရာမရှိ​လောက်​​အောင်​ ​ kris၏ပုံစံက ပြောင်း​လဲ​နေ​သည်​။

" နင်​ မချမ်းဘုးလား tao..အ​နွေးထည်​ဝတ်​မလား ငါယူ​ပေးမယ်​.."

"ဟင့်​အင်း..မချမ်းပါဘူး မယူ​ပေးနဲ့ ရတယ်​.."

မိုး​ရေစက်​​တွေသာ ​ငေးရင်း အ​တွေး​ချော်​​နေ​သော Taoကို krisအကဲခတ်​​နေမည်​ဆိုတာ မှန်းစမိ၍ အကြည့်​ချင်းမဆုံ​စေရန်​ ပို၌တိုးလို့သာ အပြင်​သို့ ​ငေးကြည့်​​နေမိ၏ ။

Tao ၏ အနားမှာ သူ့ကို အမြဲ မြင်​ချင်​ရှိ​စေချင်​​နေတာဟာ krisကို တန်​ပြန်​အမုန်းကြီးလွန်း​သော သူမအဖို့ ဘယ်​​လောက်​ ဆန်းကျယ်​အံ့သြစရာ​ကောင်းလိုက်​လဲ..။

ဒါကိုပင်​ လိုရာပုံ​ဖေယ်​ ​ကောက်​ချက်​ချမည်​ဆိုလျင်​.....
Tao က သူ့ကို.....
အ​သေအချာပါပဲ....
TAO သူ့ကို ချစ်​မိ​နေပါပြီ။

......
"နင်​ မအိပ်​​သေးဘူးလား tao"

နောက်​ထပ်​တစ်​ဖန်​ အနားမှကပ်​ပြီး အသံထွက်​လာပြန်​သဖြင့်​ Tao အ​တွေး​တွေမှ လွန့်​လူးကာ....

" ဟင့်​အင်း.. မအိပ်​ချင်​​သေးဘူး.."

"...amm..?..."

"နင်​ ငါ့ကို ​ပြောစရာရှိလို့လား Kris.."

အနားမှာ အချိန်​​အ​တော်​ကြာ ​ပေကပ်​ကပ်​လုပ်​​နေ​သော Krisကို Tao သိပ်​မသင်္ကာချင်​​တော့ ။

"ငါ့မှာ ဆန္ဒတစ်​ခုရှိ​နေလို့​ပေါ့ Tao "

Kris၏ အ​ဖြေစကား​ကြောင့်​ Tao အဆန်းတကြယ်​ အလန့်​တကြား ​မော့ကြည့်​မိ​တော့....
လျှို့ဝှက်​ခြင်း​တွေနဲ့ အိပ်​မက်​မက်​​နေသူတစ်​​ယောက်​၏ က​ယောက်​ကတမ်း နိုင်​​သော မျက်​နှာမျိုးနဲ့ သူက....

" ငါ နင့်​​ဘေးနားမှာ အိပ်​ချင်​တယ်​.. tao.."

"...ဟင်​..."

Tao၏ ရင်​ခုန်​သံ​တွေက ဗုံးဆန်​ထိမှန်​သလို တစစီ ဖွာလန်​ကြဲသွားရ၏ ...။

"ငါ တကယ်​​ပြော​နေတာ Tao ya..."

ခပ်​သဲ့သဲ့ ​တောင်းဆိုသံနှင့်​အတူ Tao၏ ခန္ဒာကိုယ်​​လေးကို ရင်​ခွင်​ထဲ ဆွဲသွင်းပစ်​လိုက်​သည်​မှာ သူ့ပိုင်​ အရုပ်​​လေးလို...။

တင်းကြပ်​စွာ ဆုက်​ကိုင်​ ​ထွေး​ပွေ့ထားတဲ့ သူ့လက်​အစုံမှ အားအင်​ဖြစ်​​စေ​သော စွမိးအား​တွေ Taoကိုယ်​ထဲ စိမ့်​ဝင်​စီး​မျော​နေသလို ရှိန်းမြ​နွေး​ထွေး​နေသည်​။

ထိုအထိအ​တွေ့ ​နွေး​နွေးကို ဘယ်​အရာနဲ့မှ မလဲနိုင်​​အောင်​ သာယာမိန်း​မောမိပါ၏..။ ထို့​ကြောင့်​ ရုန်းထွက်​ဖို့လဲ မကြိုးစားမိ..။

ထိုည၏ ဖမ်းစားမှုဖြင့်​ Taoသည်​ သူ့ရင်​ခွင်​ထဲမှာ ခိုဝင်​ဖို့ ​လောဘတကြီး ​တွေး​တောမိပြန်​၏ ..။

သို့​သော်​... သာယာမှု မိနစ်​ ပိုင်းမှာတင်​ အသိစိတ်​တချို့က အာရုံကို လာ​ရောက်​ပုတ်​နိုး​သော​ကြောင့်​ အိမ်​မက်​မှ လန့်​နိုးလာသူတစ်​​ယောက်​လို သူ့ရင်​ခွင်​ထဲမှ အတင်းကို ရုန်းထွက်​လိုက်​မိသည်​။

"ဘာဖြစ်​လို့လဲ..."

" ဟင့်​အင်း.... နင်​..ဒါ..ဒါ..နင့်​စိတ်​ရင်းနဲ့ မဟုတ်​ဘူး...ငါ့အ​ပေါ်ဟန်​​ဆောင်​ပြ​နေတာ.."

Tao၏ ​သွေးရူး​သွေးတန်းနိုင်​​သော အ​မေး​ကြောင့်​ kris ကျစ်​ခနဲ စုတ်​သတ်​ပြီး...

" ကျစ်​.. မလိုအပ်​ပဲ ဘာလို့......ကျစ်​....
taoရာ..နင်​နဲ့ငါနဲ့က လင်​မယား​တွေ​လေ... ဒီအချိန်​မှာ ဒါ​တွေ ​မေးစရာလို​သေးလို့လား..အရူး​လေးရဲ့.."

Krisက ​ပြောရင်း tao၏​ခေါင်းကို မနာ​အောင်​ ခပ်​ဖွဖွထုပြီး taoကိုယ်​​လေးကို ရင်​ခွင်​ထဲ ပြန်​ဆွဲသွင်းဖို့ ထပ်​မံကြိုးစား​နေသည်​။

မဖြစ်​ဘူး...ဒီချိန်​မှာ taoရဲ့စိတ်​​တွေ​ပျော့ညံ့လို့မဖြစ်​ဘူး... taoရင်​ထဲက ပုန်းလျှိုးကွယ်​လျှိုး အချစ်​​တွေ သူမမြင်​​စေရဘူး...။

" ....."

"Tao မဆိုးနဲ့ကွာ...လာပါ..ငါ နင်​တို့သားအမိ​ဘေးမှာ အိပ်​လျင်​လို့ပါ...နင့်​ကို ငါ ဘာမှမလုပ်​ဘူး စိတ်​ချ... ငါတစ်​​ယောက်​တည်း အိပ်​ရတာ အထီးကျန်​လို့ပါ..."

"ဟင့်​အင်း..မရဘူး..နင့်​ကုတင်​မှာ နင်​သွားအိပ်​..."

အတင်းကို ညင်းဆန်​​နေ​သော taoကိုကြည့်​ပြီး...

"မအိပ်​ဘူးဟာ...နင်​က​ ငါ့မိန်းမပဲ....နင့်​​ဘေးမှာ လာအိပ်​​တော့​ရော..နင့်​အသားပဲ့ပါသွားမှာဆိုးလို့လား....နင်​ဆီကဒီလိုအခွင့်​အ​ရေး ကြည်​ကြည်​ဖြူဖြူ​ တောင်းဖို့ ကြိုးစား​နေတာကြာပြီ...ဒီညမှ နင့်​ဆီက ခွင့်​​တောင်းမိတာကို..."

"ဟင့်​အင်း....ငါ...ငါလက်မခံရဲဘူး နင်​..နင်​လည်း ဖခင်​​လောင်းပဲ ဗိုက်​ထဲက က​လေးကိုလည်း ငဲ့ကွက်​ဦးမှ​ပေါ့..."
(ခ်​ခ်​...မိtao​တော့ ဘာ​တွေ​တွေး​နေယဲမတိ....readers​လေး​တွေ​တော့ သိကြမယ်​ထင်​ပါ့... :P )

Taoစကားဆုံး​တော့ krisက ခွက်​ထိုးခွက်​လန်​ ထရယ်​​၏ ။ krisကိုကြည့်​ပြီး taoပင်​ အဝိုင်းသား ပါးစပ်​​ဟောင်း​လောင်း​လေး ဖြစ်​သွားရ၏ ။

"ဟဲ့...နင်​ ဘာရယ်​တာလဲ....ငါ​ပြောတဲ့အထဲမှာ ရယ်​စရာတစ်​ခုမှ မပါဘူး.."

"ရယ်​မှာ​ပေါ့...နင်​က လိုရာဆွဲ​တွေး​နေတာကိုး... နငိ့အုမင်​မှာ ငါက နှာဘူးတစ်​​ကောင်​ ဖြစ်​​နေပြီလား.."

Kri​s​ပေါ်တင်​ကြီး ဒဲ့​မေးလိုက်​သဖြင့်​ Tao အ​ကြောင်းမဲ့ အားနာသွားမိ၏ ။

" ငါ့ရင်​ထဲက ဆန္ဒက နင့်​ကို ဟို ဟိုဒင်း ဟိုဟာ အီစီကလီ လုပ်​ဖို့ မဟုတ်​ဘူးဟ...နင်​ရယ်​ ငါရယ်​ ပြီး​တော့ ​ဟောဒီဗိုက်​ထဲက က​လေးရယ်​ မိသားစုသုံး​ယောက်​ ဒီခုတင်​မှာ တူတူ အိပ်​ချင်​ရုံသက်​သက်​ပဲ...ပြီးရင်​​လေ...ပြီးရင်​......."

Kris ​ရှေ့သို့စကားမဆက်​ပဲ အခက်​​တွေ့​နေဟန်​ဖြင့်​ နားထင်​စပ်​ကို လက်​ညှိုးနှင့်​ အဓိပ္ပါယ်​မဲ့ ကုတ်​ချစ်​​နေပြီး taoကို ဖျတ်​ခနဲ လှမ်းအကဲခတ်​လိုက်​သည်​။ Tao က
......

" ပြီးရင်​ ဘာဖြစ်​လဲ..."

"ပြီးရင်​ နင့်​ဗိုက်​က​လေးကို လှန်​ပြီး ဗိုက်​ထဲက က​လေးရဲ့လှုပ်ရှားမှုကို ဗိုက်​​လေးနားကပ်​ပြီး နား​ထောင်​ချင်​တယ်​...ပြီးရင်​ သူ​လေးနဲ့ ငါ အနီးကပ်​စကား​တွေ​ပြောချင်​တယ်​... ​နောက်​ပြီး ငါကြားဖူးတာတစ်​ခုရှိတယ်​... ဗိုက်​ထဲက က​လေးက ညဘက်​ဆိုရင်​ သာမန်​အချိန်​ထက်​ ပိုပြီး လှုပ်​ရှားမှုရှိသတဲ့...အဟဲ...ဒါ​ကြောင့်​ သူတို့ရဲ့ ဒူး​ခေါင်း​လေး​တွေ တံတောင်​ဆစ်​​လေး​တွေ ထိုးထွက်​လာတာကို ငါကြည့်​ချင်​တယ်​.."

Kris၏​တောင်းဆိုမှု​ကြောင့်​ Tao၏ ရင်​​ခုန်​လှုပ်​ရှား​နေ​သောစိတ်​​တွေ ခု​တော့ ဘယ်​ဆီသို့ လွင့်​ပျယ်​မှန်းပင်​မသိ​တော့....။

အံ့​သြောလွန်း ဝမ်းသာလွန်းဆို့ရသည်​အထိပင်​။ ဒီ​လောက်​​တောင်​ပဲ အနုစိတ်​ဆန်​ပြီး က​လေးကို ချစ်​ရသလား ​တွေးကြည့်​မြင်​ကြည့်​ရုံနဲ့တင်​ ဖခင်​​ကောင်းတစ်​​ယောက်​၏ ​မေတ္တာအတိမ်​အနက်​ကို Tao ခန်​မှန်းမိ၏..။

ကျေလည်း..​ကျေနပ်​မိ၏...။

" အဲ..အဲဒါဆိုရင်​လည်း ​ဝေ့လည်​​ကြောင်​ပတ်​လုပ်​မ​နေပဲ ဒဲ့​ပြောချလိုက်​ပါလား krisရယ်​.."

"နင်​ ခွင့်​ပြုတယ်​​ပေါ့..."

"...အန်​...ဟင်​.....မဟုတ်​..."

"ဟာ...ဝမ်းသာလိုက်​တာ Taoရယ်​...ဒါ..ဒါဆိုရင်​ နင်​တို့သားအမိနဲ့ ငါ့ကို ညတိုင်း အိပ်​ခွင့်​ပြုလိုက်​ပြီ​ပေါ့...."

"..အင်​..."

ငြင်းကာမှပိုဆိုး...စကား​တောင်​မဆုံးလိုက်​....သူလိုချင်​ရာပဲ တရစပ်​​ပြောသွား​သော krisကို မတားမိတာ​တော့ အမှန်​ပဲ​လေ...။

"​ဟေး.....ဝိုး....."

Kris အခန်းထဲမှာ လက်​သီးလက်​​မောင်းတန်းလို့ ဝမ်းသာအားရ ထခုန်​ပြီး ​လေထဲကို လက်​သီးတစ်​လုံးပြီး တစ်​လုံးပစ်​သွင်း​နေပုံကိုကြည့်​ကာ tao၏ ရင်​ထဲပါအ​ပျော်​​တွေကူးစက်​လာရသည်​...။

"ဒါဆို လာ​လေ ခုတင်​​ပေါ်သွားကြမယ်​.."

Tao မျက်​နှာ ရှက်​စိတ်​​ကြောင့်​ ရဲခနဲ ဖြစ်​သွားရ၏။ သူက ရိုးရိုး​ပြော​ပေမဲ့ ကိုယ်​က ဘာ​ကြောင့်​ရယ်​မသိ ထပ်​မံရင်​ခုန့၍ လာပြန်​သည်​။

Taoလည်း ဒီလိုအ​နေအထားကို တိတ်​တဆိတ်​ မက်​​မောမိတာ​တော့ အမှန်​​ပဲ​လေ..။

ကိုယ့်​လက်​ကို ညင်​သာစွာ ဆွဲ​ခေါ်ရာသို့ အသာတကြည်​လိုက်​ခဲ့မိ​လေ၏ ။

သူရဲ့ပီတိ​တွေနှင့်​ ပြုံး​ပျော်​​နေပုံမှာ သူ့မျက်​နှာ​ပေါ်တွင်​ အထင်းသား​.....။ ကိုယ်​လဲ သူ့နဲ့အတူ လိုက်​၍ ရင်​မှာ ပီတိဖျာ​နေတာ​တော့ မငြင်း​တော့ပါဘူး...။

တကယ်​ဆို Tao​လေ ထိုတဒင်္ဂ​လေးကို ဘယ်​တော့မှ မကုန်​ဆုံး​စေချင်​ဘူး​လေ....။

အပြင်​မှာ မိုး​တွေက​တော့ ရွာ​နေဆဲပဲ........။....။

~~~~~~~~~~~~~HR~~~~~~~~~~~

By wuyetihan

မ​ဝေး.....examပီးပီကွ....​အောင်​တယ်​ကွ !

အဖွားလည်း ​ဆေးရုံကဆင်းရပီကွယ်​...!

ဝမ်းသာစရာ​တွေထပ်​​နေလို့ examပီးပီးချက်း​နေ့ပဲ typingပြီးတင်​​ပေးလိုက်​တာပါ....typing hour 2hours​တောင်​ကြာ​တယ်​....!

အင်း...အ​နော်​ ဒီ part​လေးကို vote 100​ကျော်​ချင်​လိုက်​တာ....!
အားငယ်​လို့ပါ !
အ​နော်​က ​ခေတ်​အလိုက်​ ​ခေတ်​အကြိုက်​မ​ရေးတတ်​​တော့ voteသိပ်​မရတာနဲ့တူတယ်​....cmt ဆို ​ဝေးလို့....cmt ​ပေါ်တယ်​ချိယုံပဲ ဒါcmtပါလားလို့ပဲ သိ​အောင်​ရ​နေတာနဲ့တူတယ်​...!

အမြဲ cmt​ပေးတဲ့ ချစ်​readers ​လေး​တွေ(10 ​ယောက်​​တောင်​ မ​ကျော်​) ကို အရမ်းအရမ်းချစ်​ပါတယ်​...!
Voteပဲ​ပေးတဲ့သူ​တွေက်ုလဲ ချစ်​ပါတယ်​​နော်​...!

အ​နော်​ ​နောက်​အပိုင်းကို vote ၁၀၀​ကျော်​မှတင်​မယ်​.....
အဲ့လိုမျိုး​ပြောချင်​လိုက်​တာ(နာမည်​ကြီးအာသာ​တွေရို​ပေါ့​ယေ)

But.... ကွကိုယ်​ပဲ​ဖြေသိမ့်​ပါတယ်​လို့ :)
ရရင်​​တော့​ကောင်းတာ​ပေါ့​နော်​ !
I miss you , all of readers !
And finally I'm back!




Continue Reading

You'll Also Like

342K 7.7K 33
Bored ako
115K 3.7K 57
There's one person who are meant for us ... One person that will let us feel how perfectly imperfect we are. When Mikha met Aiah's eyes she knew at t...
19.1K 1K 23
Yndrah Alaianth Xanther- a respected professor and successful doctor in medicine. Known for her sharp mind and distant manner. Her cold demeanor echo...
15.1K 1.6K 26
Why can't Travis love Stacey even if Stacey loves him? Why do they agree in arranged marriage if there's only one-sided love occured? Does it have a...