HATE RACE

By WuYetiHan

49.9K 3.8K 336

Taoris fic !! မိဘခြင်းရင်းနှီးသောကြောင့် ငယ်ငယ်ကတည်းက အများအမြင်မှာ သူငယ်ချင်းဖြစ်ခဲ့သော်လည်း လုံးဝလုံးဝမတည့်... More

အမုန်းထဲက အချစ်!
Start To Hate!
Deep !
Deeper !!!
Oosehun
A Cup of Red Wine
မေးပါရ​စေ
Who're in?
ထပ်​​မေးပြ​စေ!
That Night OR This Night
Hello !!
Let's Scare !
Just small wave !
Feel or not !
အငှါး.....ကိုယ်​ဝန်​..!
ဝင်​ကြည့်​​ပေးပြပါ​နော်​ !
The Answer?
အဆိပ်​နဲ့ဆေး
Stupid Idea in the Chest
ကကြိုး​တွေ သွယ်​ကာရစ်​ကာ !
ကြော်​ငြာ for Second Bullet !
အမုန်းသံ​ယောဇဉ်​ကြိုး
TIME FLY WITH ROSES
ကွာရှင်းလက်​မှတ်​?
ကျွန်​မ သူ့ကို ချစ်​တယ်​ !
ည၏ ဖမ်းစားမှု
ချစ်ခြင်း၏လုပ်ကြံခြင်းကြောင့်
We Love KT,however time's stop !
အမုန်းရဲ့အဆိပ်​သင့်​သူ !
နှုတ်​ဆက်​ အနမ်း
အမုန်းဖြင့်​ ​နှောင်​ဖွဲ့သော !
Promotion !

ငါ့ကို ချစ်​ပါ Tao !

1.3K 130 8
By WuYetiHan

Hate Race
By wuyetihan
.............
.......................
သောက​တွေ ခဝါချထားခဲ့ပြီး ငါ့ရဲ့လက်​ကို ရဲရဲသာဆုပ်​ကိုင်​လိုက်​ပါ။ ပြီး​တော့ ငါတို့ ရာဇဝင်​ လိမ္မာ​အောင်​ အမုန်း​တွေကို နှစ်​ဦးသ​ဘောတူ ချန်​လှပ်​ထားခဲ့ကြမယ်​​လေ။
နင်​သ​ဘောတူမယ်​ဆိုရင်​​တော့ ငါတို့ရဲ့ သမိုင်း​တွေကို ပြန်​ပြင်​​ရေးကြ​​ရအောင်​ Taoရာ။

ကန်​​ရေပြင်​ကို ဖြတ်​သန်းတိုက်​ခတ်​လာ​သော ​လေနု​အေးက Kris ၏ စိတ်​​တွေကို ကြည်​လင်​လန်းဆန်းသွား​စေသည်​။ မခံစားဖူး​သော ခံစားမှု​နွေး​နွေး​လေး​တွေပင်​ ​လေ​ပြေနှင့်​အတူ တလှပ်​လှပ်​ တိုးဝင်​​နေကြ၏ ။

Kris မျက်​နှာအရင်​ကလို သုန်​မှုန်​မ​နေဘဲ ကြည်​လင်​​နေသည်​ဟု tao တစ်​​ယောက်​ ခပ်​တိတိတ်​​လေး​တွေးပြီး ​ကျေနပ်​​နေမိ၏ ။

Tao ဘဝမှာ ဒီလို​နေ့မျိုး​ရောက်​လာလိမ့်​မည်​ဟု ဘယ်​တုန်းကမီ မ​တွေးမိခဲ့ ။ ဒီ​နေ့မှ ထူးထူးခြားခြား ကိုယ်​နဲ့ အ​ဖော်​လိုက်​​ပေးတယ်​တဲ့ ။ စိတ်​​တွေ ပုံမှန်ပြန်​ဖြစ်​သွားလို့ ထင်​ပါရဲ့ ။

ဒါမှမဟုတ်​ ဗိုက်​ထဲက က​လေးက သူ့က​လေးလို့ အပြီးတိုင်​ ယူဆလိုက်​လို့များလား။

ဒါဆိုရင်​ Kris ခဗျာ နဖားကြိုးထိုးခံရ​တော့မ​ပေါ့။

အ​တွေးအတူ ခပ်​လွင်​လွင်​​လေး ပြုံးလိုက်​ပြီး စုံတွဲထိုင်​ခုံမှာထိုင်​​နေ​သော kris ဆီသို့​လျောက်​လာပီး ​ဘေးမှာ ဝင်​ထိုင်​လိုက်​သည်​ ။

"Kris"

"ဘာလဲ "

တင်းမာ​သော ​လေသံမဟုတ်​​ပေမဲ့ သိပ်​လည်း မ​ပျော့​ပျောင်း ။

"နင်​ ငါ့ကို ​ကြွေ​နေပြီမဟုတ်​လား "

"အဟက်​....နင်​ ဒီ​မေးခွန်းကို ပါးစပ်​အရသာခံပြီး ​မေးကြည့်​တာ​တော့မဟုတ်​ပါဘူး​နော်​.."

ပြန်​ပြီး ခနဲ့လိုက်​​သော Kris အ​မေး​ကြောင့်​ Tao ပခုံး​လေး ကို ဆတ်​ခနဲ တွန့်​လျက်​ ခပ်​တိုးတိုး ရယ်​လိုက်​သည်​ ။

သူမ၏ ရယ်​သံ ခပ်​တိုးတိုးတို့ကို ​လေကြည်​တို့က အ​ဝေးတစ်​​နေရာကို ခပ်​ဖြည်းဖြည်း သယ်​သွားကြ၏ ။

"ဒါဆို နင်​ ငါနဲ့ ဘာလို့ လိုက်​လာတာလဲ "

"ငါ့ရဲ့ ဂုဏ်​သိက္ခာအတွက်​ "

"ဘာရယ်​..."

လေ​ပြေ​ကြောင့်​ ​ဝေ့ဝဲ လှုပ်​ခပ်​​နေ​သော ဆံစတို့ကို သက်​တင်​ရင်း နားမလည်​​သောအကြည့်​ဖြင့်​ ဆတ်​ခနဲ လှည့်​ကြည့်​​မေးလိုက်​သည်​ ။

"ဟုတ်​တယ်​​လေ....နင်​အမြဲတမ်း sehunနဲ့ပဲသွား​နေတာ ပတ်​ဝန်းကျင်​မှာ အမြင်​မသင့်​​တော်​ဘူး​လေ ။ ငါ့အသိုင်းအဝိုင်းက မြင်​ရင်​ ဘယ်​လိုထင်​မလဲ...ငါသိက္ခာကျတာ​ပေါ့ "

Tao မျက်​မှာ ကြည်​လင်​​နေရာမှ ချက်​ချင်း ညို​မှောင်​သွား၏ ။ ဒီစကားဟာ Tao အရှိုက်​တည့်​တည့်​ကို ထိမှန်​သွားသလို....လိပ်​ပြာမလုံဖြစ်​​စေမိတာလဲ အမှန်​။

"ဒါဆို...ဒီဗိုက်​ထဲက က​လေးက နင့်​က​လေးဆိုတာကို ယုံတယ်​​ပေါ့ "

"နင့်​ကို ငါ မုန်း​ပေမယ့်​ နင့်​ကာရိုက်​တာကို ယုံတယ်​...အဲဒီ​တော့ ဒီကိုယ်​ဝန်​ဟာ ငါနဲ့ငြိတဲ့ ကိုယ်​ဝန်​​ပေါ့ "

Tao ဘာစကားမှ မဆိုဘဲ ကန်​​ရေပြင်​ကိုသာ အဓိပ္ပါယ်​ မဲ့ ​ငေး​မော​နေလိုက်​၏ ။

နောင်​တတရား​တွေက ရင်​ဘတ်​ထဲက ရင်​ခုန်​သံအ​တွေးလှိုင်း​တွေထဲမှာ ငုတ်​ချည်​​ပေါ်ချည်​နဲ့....လူကို တဒင်္ဂ​တော့ မိန်း​မော​စေသည်​မို့....။

ကိုယ့်​ရဲ့ အငြိုး​တွေက ကိုယ့်​ကိုယ်​ကို ပြန်​လည်​ အဆိပ်​သင့်​​နေပြီ ထင်​ပါရဲ့ ။

က​လေးဟူ​သော ​မျှော်​လင့်​ချက်​နဲ့ သူက tao အ​ပေါ် တစ်​ထစ်​​လျော့ပြီး ညင်​သာသွားတာက​တော့ အ​တော့်​ကို မယုံနိုင်​စရာ.....။

တကယ်​တမ်း မရိုးခဲ့တာက ကိုယ်​ကိုတိုင်​ပဲ​လေ ။ ဘယ်​​လောက်​လွဲမှားလိုက်​တဲ့ စိတ်​ရူး​စိတ်​မိုက်​လဲလို့။ သို့​​သော်​...ကံကြမ္မာက ပြင်​ဆင်​ ခွင့်​မှ မ​ပေး​တော့တာ..။

ဒီ​တော့ အလိုက်​သင့်​ ​မျောလိုက်​ရုံ​ပေါ့ ။

~~~~~~~~ HR ~~~~~~~~

"ဟင်​...များလှချည်​လား Kris "

Tao ထိုင်​​နေ​သော ဆိုဖာခုံ​ပေါ်သို့ တစ်​ပုံတစ်​ပင်​ချလိုက်​​သော ပစ္စည်းပစ္စယ​တွေ​ကြောင့်​ tao တအံတသြ ဖြင့်​ ​ပြောလိုက်​သည်​ ။

ဒီလို ရက်​​ရောမှုမျိုးကို Kris ဆီမှာ ​တွေ့ရတာ ဒါဟာ ပထမဦးဆုံး အကြိမ်​ပဲုဖြစ်​သည်​ ။

"ငါ့ က​လေး ကျန်းမာ​စေဖို့အတွက်​ နင်​ ဒါ​တွေစား​ပေးရမယ်​ ...​ရော့ ဒီမှာလည်း ကိုယ်​ဝန်​​ဆောင်​ အား​ဆေး​တွေ ဝယ်​လာတယ်​ ။ "

အားဆေးပုလင်း​တွေက အများကြီး ။

"ဟင်​..ငါ့မှာ ဝယ်​ထားပီးသားရှိတယ်​​လေ ။ ဘာလို့ အများကြီး ထပ်​ဝယ်​လာရတာလဲ "

"အများကြီးရှိတော့ လဲ ​မွေးပြီးတဲ့အထိ ဆက်​​သောက်​​ပေါ့ "

ဝယ်​ချင်​ရာ​တွေကို အချိန်​အဆ မရှိဘဲ ဝယ်​လာမိ​သော Kris၏ ​စေတနာ​တွေထဲမှာ tao အတွက်​ မြူတစ်​မှုန်​စာပင်​ မပါဘူး​ဆိုတာသိ​နေ​ပေမဲ့ ရင်​ထဲမှာ ဘာ​ကြောင့်​မှန်းမသိ ​နွေး​တော့ ​နွေး​နေသည်​မို...။

"မာမီက​ပြောတယ်​...ဒီက​လေးက ငါနဲ့တူမှာတဲ့ "

"ဟင်​...ဘာ​ကြောင့်​ နင်​နဲ့ တူရမှာလဲ။ ငါ့ဗိုက်​ထဲကထုတ်​ပြီး​မွေးရမှာ ..ငါနဲ့ပဲတူရမှာ​ပေါ့ "

"မာမီ​ပြော​တော့ နင်​ကိုယ်​ဝန်​ရှိစ ချဉ်​ချင်းတက်​တာ မာမီ ငါ့ကိုယ်​ဝန်​​ဆောင်​တုန်းကနဲ့ တူတူပဲတဲ့။ ဒါ​ကြောင့်​ နင်​စားချင်​တာမှန်​သမျှ ဝယ်​လာတာ။ ​ရော့..ဒီပန်းသီး​လေးစားကြည့်​...ဒါ အီတလီကအသီး​တွေ...ငါ့သူငယ်​ချင်းတစ်​​ယောက်​ ပြန်​လာတာနဲ့ ကြုံလို့ ငါကြိုမှာလိုက်​တာ "

"......"

"..​ထောပတ်​တို့ ဒိန်​ခဲတို့လဲ အ​ကောင်းဆုံးကို​ဈေးကြီး​ပေးဝယ်​ခဲ့တာ....တစ်​ပတ်​အတွင်းကုန်​​အောင်​စား​နော်​....ဒါမှ က​လေး အားရှိမှာ "

ပန်းသီးစိုစိုကို တစ်​ရှုးနဲ့ အလျင်​အမြန်​သုတ်​လို့...

"​ရော့...အလုံးလိုက်​သာ ကိုက်​စား​တော့."

ဇွတ်​အတင်းလှမ်း​ပေး​သော ပန်းသီးကိုယူကာ တစ်​ကိုက်​ကိုက်​လိုက်​သည်​။သူ​ပြောသလို အရည်​အ​သွေး​ကောင်း၍လားမသိ အရမ်းချို၍ အရသာ​တော်​​တော်​ထူး၏ ။

" Tao...."

ပန်းသီးကိုက်​​နေရင်းမှ ​ခေါ်သံ​ကြောင့်​ kris အား ဘာလဲဟူ​သောအကြည့်​ဖြင့်​ မျက်​လုံး​လေး ​ဝေ့ကြည့်​လိုက်​သည်​ ။

"ငါ့က​လေးကို ငါနဲ့တူ​အောင်​​ မွေး​ပေးမယ်​မဟုတ်​လား.."

က​လေးတစ်​​ယောက်​လို သူလိုချင်​ သူဖြစ်​ချင်​တာကို ဇွတ်​အတင်းပူဆာ​နေ​သော Kris ကိုကြည့်​ပြီး Tao စိတ်​ပျက်​စွာပြုံးလိုက်​မိသည်​။

" ငါ​မွေးလိုက်​တဲ့ က​လေးက နင်​နဲ့ တူ​အောင်​​မွေးဖို့ဆိုတာ ငါက နင့်​ကို ချစ်​ခင်​စွဲလမ်း​နေမှသာ က​လေးက နင်​နဲ့တူမ​ပေါ့။
ခု ငါက နင့်​ကိုချစ်​မှ မချစ်​တာ အဲ​တော့ ငါချစ်​တဲ့သူနဲ့ပဲတူ​တော့မှာ​ပေါ့ ဒီက​လေးက ။ ဒါသဘာဝပဲ မယုံရင်​ ​နင့်​အ​မေ​မေးကြည့်​ "

"သွားစမ်းပါဟာ...အဓိပ္ပါယ်​မရှိတဲ့ စကား​တွေ..."

Kris မျက်​နဗာမှာ အလိုမကျဟန်​​တွေဖြင့်​ ပုတ်​သိုးသွား၏ ။ Taoက သူ့ကို မုန်း​နေမှ​တော့ ​မွေးလာတဲ့က​လေးက သူနဲလ ဘယ်​လိုလုပ်​ပြီး တူနိုင်​​တော့မလဲ ။

"ဟဲ...ငါတကယ်​​ပြောတာ..ဘယ်​သူမှ မကြည့်​နဲ့ နင့်​ပဲကြည့်​​လေ နင့်​မာမီက နင့်​ဒယ်​ဒီကို သိပ်​ချစ်​တာမဟုတ်​လား ​မွေးလာ​တော့ နင့်​ရုပ်​က နင့်​ဒယ်​ဒီနဲ့ ချွတ်​စွတ်​​လေ...ပုံ​လောင်းထားသလိုပဲ..ကြီးလာ​တော့ ရုပ်​ချင်းအရမ်းဆင်​​နေတာ လက်​​တွေပဲမဟုတ်​လား။ ဒါခိုင်​လုံတဲ့ သက်​​သေ​လေ.."

"ဒါဆို နင်​က​ရော.ဘာလို့ နင့်​အ​ဖေနဲ့ မတူတာလဲ.."

"မတူဆို ငါ့အ​မေက အ​ဖေ့ကို မိဘ​ပေးစားလို့ အတင်းယူလိုက်​ရတာ​လေ..ငါ့အ​ဖေက​တော့ အ​မေ့ကို ငုံထားမတတ်​ချစ်​တာ...ဒါ​ကြောင့်​​မွေးလာ​တော့ ငါ့အ​ဖေရဲ့ အသည်းစွဲဖြစ်​​အောင်​ ငါက ငါ့အ​မေနဲ့ သွားတာတာပေါ့ ။ "

ဟုတ်​တာ​ရော..မဟုတ်​တာ​ရော..​ပေါကကရ​တွေ ပုံကြီးချဲ့ပြီး ​ပြော​သော tao၏ စကား​တွေ​ကြောင့်​ Kris အနည်းငယ်​ ​တွေ​ဝေသွား၏ ။

သူတို့နှစ်​​ယောက်​ တစ်​​ယောက်​ကို တစ်​​ယောက်​ မကြည့်​ချင်​​လောက်​​အောင်​ မုန်းပြီး လက်​ထပ်​လိုက်​ကြတဲ့အတွက်​ ​မွေးလာတဲ့က​လေးက ဘယ်​သူနဲ့များ တူလာမလဲ ဆိုတာ kris အပြင်းအထန်​စဉ်းစား​နေပုံ...။

ကိုယ်​(kris)က သူ့(tao)ကို မချစ်​တဲ့အတွက်​ သူနဲ့တူစရာအ​ကြောင်းမရှိဘူးဆိုသလို...သူကလည်းလုံးဝမချစ်​တဲ့အတွက်​ ကိုယ်​နဲ့လည်းတူစရာ​အ​ကြောင်းမရှိ ။

"ဒါဆို နင်​ချစ်​တာ ဘယ်​သူလဲ.."

Kris Tao၏ပခုံးနှစ်​ဖက်​ကို အားမလိုအားမရ ဖြစ်​လွန်းစွာဖြင့်​ ဆွဲကိုင်​လှုပ်​ရမ်းပြီး ​မေးလိုက်​၏ ။

"ငါ့ကိုငါပဲ "
Tao နှုတ်​ခမ်းအစုံကို တွန့်​​ကွေးကာ ခပ်​မဲ့မဲ့ပြုံးကာ ​ဖြေလိုက်​၏ ။

"ဟင်​...ဒါဆို က​လေးက နင်​နဲ့တူမယ်​ဆိုတဲ့ သ​ဘောလား..."

"ဒါ​ပေါ့..."

Kris လုံးဝလင်​မခံနိုင်​သလိုဖြစ်​ကာ..

" မတူရဘူး ငါ့က​လေးက သူ့အ​ဖေဖြစ်​တဲ့ ငါနဲ့ပဲတူရမယ်​...ဒီ​တော့ နင်​ ငါ့ကိုချစ်​ပါ Tao ...နင့်​အချစ်​ကို ငါ ခံချင်​တယ်​ဟာ..​နော်​....Tao...​နော်​...."

က​လေးတစ်​​ယောက်​လို ဘုမသိကိုးမသိ ပုံစံဖြင့်​ ရင်​ထဲက ခံစားချက်​မပါပဲ အတင်းချစ်​ခိုင်း​နေ​သော Kris ကိုကြည့်​ပြီး Tao အ​တော်​​လေးစိတ်​ပျက်​မိ၏။

"သွားစမ်းပါ...krisရယ်​ နင်​​တော်​​တော်​အတ္တကြီးပါလား။ နင့်​က​လေးကို နင်​နဲ့တူဖို့ ငါက နင့်​ကို ချစ်​ရဦးမယ်​..ဟုတ်​လား "

"ငါ့က​လေး ငါနဲ့တူဖို့ ဒီနည်းတစ်​လမ်းပဲ ရှိ​တော့တာ​လေ...ဒီအတွက်​ စိတ်​​ကောင်း​လေး​မွေးပြီး ငါ့​တောင်းဆိုမှုကို လက်​ခံလိုက်​ပြီး..ငါကို ချစ်​ပါ​နော်​... "

အရူးတစ်​​ယောက်​လို တတွတ်​တွတ်​ ​တောင်းဆို​နေ​သော Kris၏ပုံစံကိုကြည့်​ပြီး Taoရင်​ထဲမှာ တဆစ်​ဆစ်​နာကျင်​လာသည်​ ။ စိတ်​ထဲရှိတဲ့အတိုင်းသာဆို လက်​ထဲမှာရှိတဲ့ တစ်​ကိုက်​သာကိုက်​ရ​သေး​သော ပန်းသီးဖြင့်​ သူ့​ခေါင်းကို တိန်​ခနဲ​နေ​အောင်​ ထုထည့်​လိုက်​ပြီး​လောက်​ပီ....ခု​တော့ Tao စိတ်​​တွေကိုမနည်း ​အောင့်​အီးမျိုသိပ်​ထားလိုက်​ရ၏ ။

" ​ပြော​လေ Tao ..နင်​ငါ့ကို ချစ်​တယ်​မလား "

"ငါ့ကိုမုန်း​နေတဲ့ ​ယောက်ျားတစ်​​ယောက်​ကို ငါက သာတယ်​နာတယ်​ သ​ဘောမထားပဲချစ်​ရမယ်​​ပေါ့ ဟုတ်​လား။ နင်​​တော်​​တော်​ တကိုယ်​​ကောင်းဆန်​ပြီး နင့်​အတွက်​ပဲကြည့်​တာပဲ Kris ,။ ငါက နင့်​က​လေးကိုလဲ ​​မွေး​ပေးရဦးမယ်​...နင်​နဲ့ရုပ်​ချင်း​ဆင်​​အောင်​ နင့်​ကိုလည်း တစ်​ဖက်​သတ်​ ချစ်​ရဦးမယိ...ဟုတ်​လား တန်​ရာတန်​ရာပဲ ​တောင်းဆိုစမ်းပါ Kris ရယ်​ "

Tao စိတ်​အချဉ်​​ပေါက်စွာဖြင့်​ ​ပြောလိုက်​၏ ။ Kris က​တော့ အရင်​လို ဆတ်​ဆတ်​ထိမခံ ပြန်​မ​လေပ​တော့ပဲ သူလိုချင်​တာကို မရရ​အောင်​ ဇွတ်​ကြိုးစားယူမယ့်​ပုံစံဖြင့်​ Tao ကို ပြုံးပြုံးကြီး ကြည့်​​လိုက်​ကာ...

" ခုမှ ငါအ​သေအချာကြည့်​မိတယ်​... နင်​​တော်​​တော်​ ချစ်​ဖို့​ကောင်းလာတာပဲ Tao ya...."

Kris tao မျက်​နှာနား ထိလုမတတ်​ တိုးကပ်​ပြီး မျက်​လုံးရွဲကြီးဖြင့်​ စိုက်​ကြည့်​လိုက်​သည်

" ငါ့ကို ဒီလို​ပေါ်တင်​ ​ဒိုင်​​တွေလာမထည့်​နဲ့ kris နင်​ဒီစကား​ပြောလို့ ငါရင်​ခုန်​မယ်​ထင်​​နေလား....​ဆောရီးပဲ ...နင်​ကို ငါချစ်​လာဖို့ ဘယ်​ဗျူဟာပဲ သုံးသုံး ငါ့အ​တွက်​က​တော့ နင်​ဟာ နှစ်​ငါးရာ ကျက်​သ​ရေမရှိတဲ့ ​​ယောက်ျားတစ်​​ယောက်​ပဲ Krisရဲ့. "

အနိုင်​နှင့်​ ပိုင်းကာ ​ပြောချင်​ရာ​ပြောပြီး krisရင်​ဘတ်​ကို တွန်းကာ tao ထထွက်​လာခဲ့သည်​ ။

Kris မ​ကျေမနပ် မျက်​နှာဖြင့် ခပ်​တိတ်​တိတ်​ဆဲကာ ​နေရာမှာ ကျန်​ခဲ့၏ ။ ..။

စိတ်​ချ နင်​ငါ့ကို အရူးအမူးချစ်​လာ​အောင်​ ငါကြိုးစားပြမယ်​ tao။

ဒါမှ ငါ့က​လေးက ငါနဲ့တူလာမှာ​လေ..။

ဒါဟာ ငါ့ရဲ့ အကြီးမားဆုံး ဆန္ဒပဲ ။....။
.
.
.
.
.
.
.
.
.

..........next ​မျှော်​ .........

V Day လက်​​ဆောင်​မ​ပေးနိုင်​တာ sorry ပါ !
ဒါကို လက်​​ဆောင်​​ပေးတယ်​ သ​ဘောထားလိုက်​​နော်​...!

အ​နော်​ ​နောက်​ပိုင်း ဒိတ်​ဖို့ကြာပါမည်​။
စာ​မေးပွဲ​တွေ​ဖြေရ​တော့မယ်​။
ခုထိ design ထွက်​​သေးဘူး။
ဗြဲ.....!

But.....
Readers ​တွေရဲ့ support မှု​ပေါ်မူတည်​ပြီး တင်​မတင်​က​တော့.....

အား​ပေးကြပါ​နော့

Continue Reading

You'll Also Like

3.3K 759 149
Park Jimin- a.k.a- Jess/jass Min Yoongi- a.k.a- Red Kim taehyung- a.k.a- Fatima Jeon Jungkook-a.k.a- Luigi Kim Namjoon- a.k.a- Neil Kim Seokjin- a.k...
170K 5.3K 97
Two opposite worlds come together. How will they establish harmony after their initial encounter was unfavorable? Would you be open to befriending so...
221K 13.3K 10
Athena wants to be an architect to fulfill her late father's dream, but she secretly loves music and wants to be a composer. At West Town University...
1.4K 108 56
"Kapag ba hindi tayo nagkita ulit, hahayaan mo ba ako na hanapin ka?"