HATE RACE

By WuYetiHan

49.9K 3.8K 336

Taoris fic !! မိဘခြင်းရင်းနှီးသောကြောင့် ငယ်ငယ်ကတည်းက အများအမြင်မှာ သူငယ်ချင်းဖြစ်ခဲ့သော်လည်း လုံးဝလုံးဝမတည့်... More

အမုန်းထဲက အချစ်!
Start To Hate!
Deep !
Deeper !!!
Oosehun
A Cup of Red Wine
မေးပါရ​စေ
Who're in?
ထပ်​​မေးပြ​စေ!
That Night OR This Night
Hello !!
Let's Scare !
Just small wave !
Feel or not !
အငှါး.....ကိုယ်​ဝန်​..!
ဝင်​ကြည့်​​ပေးပြပါ​နော်​ !
The Answer?
အဆိပ်​နဲ့ဆေး
Stupid Idea in the Chest
ကြော်​ငြာ for Second Bullet !
အမုန်းသံ​ယောဇဉ်​ကြိုး
ငါ့ကို ချစ်​ပါ Tao !
TIME FLY WITH ROSES
ကွာရှင်းလက်​မှတ်​?
ကျွန်​မ သူ့ကို ချစ်​တယ်​ !
ည၏ ဖမ်းစားမှု
ချစ်ခြင်း၏လုပ်ကြံခြင်းကြောင့်
We Love KT,however time's stop !
အမုန်းရဲ့အဆိပ်​သင့်​သူ !
နှုတ်​ဆက်​ အနမ်း
အမုန်းဖြင့်​ ​နှောင်​ဖွဲ့သော !
Promotion !

ကကြိုး​တွေ သွယ်​ကာရစ်​ကာ !

1.2K 125 14
By WuYetiHan

Hate Race
By wuyetihan
.............
.......................

လောက၏ ​နေ​ရောင်​ခြည်​က စိမ့်​ထွက်​လာတဲ့ ခပ်​​နွေး​နွေး အပူ​ငွေ့က kris၏မျက်​နှာ​ပေါ်ကို တိုက်​ရိုက်​ဖြာဆင်းကြ​နေ၏ ။

မျက်​လုံးကို ဖျတ်​ခနဲ ဖွင့်​ကြည့်​လိုက်​​တော့ အရာအားလုံး သူ့အားငုံ့မိုးကြည့်​​နေကြသည်​ ။ ​ဘေးဘီကို​ဝေ့ဝဲကြည့်​လိုက်​​တော့ ဒါဟာသူ၏အိမ်​ကို ပြန်​​ရောက်​​နေပြီဆိုတဲ့အသိက အာရုံထဲကို ဖျတ်​ကနဲတိုးဝင်​လာသည်​ ။

သူဆတ်​ကနဲ ထထိုင်​လိုက်​သည်​ ။

"နင်​နိုးပြီလား kris "

အသံနှင့်​အတူ ​ကော်​ဖီကြမ်း​ဖျော်​ထည့်​ထားသည့်​ မတ်​ခွက်​ကိုင်​ပြီး အခန်းထဲဝင်​လာ​သော Tao ကိုမြင်​​တော့ သူ ဆတ်​ခနဲ တွန့်​သွားသည်​ ။ ယခု သူ​ရောက်​​နေတာက tao ၏ ခုတင်​​ပေါ်မှာ​လေ ။

"​ရော့.... နင့်​စိတ်​​တွေ ကြည်​သွား​အောင်​ ​ကော်​ဖီကြမ်း​လေး ​သောက်​လိုက်​ "

ထူးခြားစွာ​ပြောင်းလဲ​နေ​သော tao၏ အမူအရာကို ကြည့်​ပြီး kris ​ကြောင်​စီစီ ဖြစ်​​နေရှာ၏ ။

ဒါဟာ..အိမ်​မက်​မဟုတ်​တာ​တော့ ကျိန်း​သေ၏ ။

"ညက ငါ့ကို ဒီအ​ပေါ် ဘယ်​သူပို့​ပေးတာလဲ "

Kris အ​မေး​ကြောင့်​ tao.... krisအား ဖျတ်​ခနဲ ​မော့ကြည့်​လိုက်​သည်​ ။

" ဘာလဲ ငါက နင့်​ကို ဇွတ်​အတင်း ဆွဲ​ခေါ်ပြီး ငါ့ခုတင်​​ပေါ်မှာ အိပ်​ခိုင်းတယ်​ ထင်​လို့လား ?"

"ဟာာ..."

သွယ်​ဝိုက်​ခြင်း အလျဉ်းမရှိ​သော ပြန်​ချက်​ စကား​ကြောင့်​ Kris ဘာ​ဖြေရမှန်း မသိ​အောင်​ ​ကြောင်​စီစီဖြစ်​သွားသည်​ ။

ကိုယ်​​မေးလိုက်​တဲ့​မေးခွန်းကို ဒီလိုပြန်​​မေးရ​လောက်​​အောင်​ အ​ကြောင်းအကျိုး ဆီ​လျော်​​နေလို့လား ။

"ငါ့ကို ညက ဘယ်​သူလာပို့တာလဲ နင်​ထင်​ရာ​တွေ စွတ်​ပြီး ​တွေးမ​နေနဲ့ tao ၊ ငါ​စော​စောစီးစီး ရန်​မဖြစ်​ချင်​ဘူး "

Tao လက်​ထဲမှ ​ကော်​ဖီကြမ်းခွက်​ကို လှမ်းယူရင်း ​ဒေါသသံမပါ​အောင်​ သတိထား ထိန်း​​​ပြောလိုက်​သည်​ ။

"ငါကလည်း နင်​နဲ့ ရန်​ ဖြစ်​ရတာ ​အော်​ဂလီဆန်​လွန်းလို့ မဖြစ်​ချင်​ပါဘူး "

လေ​ကြောကို တစ်​စက်​​လေးမှ မ​လျော့​သော tao ကို kris စိတ်​ပျက်​​သောရယ်​ချင်းမျိုးဖြင့်​ ဟတ်​ခနဲ တစ်​ချက်​ရယ်​လိုက်​ခါ ​ခေါင်းကို ခပ်​​လေး​လေးခါပြီး ​ကော်​ဖီ ကို ဂွပ်​ခနဲ ​မော့ချလိုက်​သည်​ ။

ပြီး​နောက်​ tao ကိုကြည့်​ကာ...

"​ကျေးဇူးတင်​တယ်​ အဲ့လို အလိုက်​သိ​ပေးလို့ "

ပြော​ပြေး​ပြေးသည့်​ အ​နေဖြင့်​ ခုတင်​ထက်​မှထကာ ​ရေချိုးခန်းဆီသို့ ထွက်​လာခဲ့လိုက်​သည်​ ။ ​ရေချိုးခန်းထဲမှ သွားတိုက်​ မျက်​နှာသစ်​ ​ရေကို တဝကြီးချိုးကာ ​ထွက်​လာပြီး taoအား....

"နင်​ဘယ်​သွားမလို့လဲ Tao "

"​ဆေးခန်း.."

ကိုယ့်​ကို​ကောင်း​ကောင်း ​မေး​တော့လည်း tao ​ကောင်း​ကောင်းပြန်​​ဖြေလိုက်​သည်​ ။

"ဘာဖြစ်​လို့လဲ...နင်​ ​နေမ​ကောင်းဘူးလား "

"​နေ​ကောင်းပါတယ်​.."

ခေါင်းဖြီး​နေရင်းမှ လှည့်​မကြည့်​ဘဲ ​လေသံ ခပ်​​အေး​အေးဖြင့်​ ပြန်​​ဖြေလိုက်​သည်​ ။

"ဒါဆို ​ဆေးခန်းကို ဘာသွားလုပ်​မလို့လဲ..."

စေ့​စေ့စပ်​စပ်​လိုက်​​မေး​​နေ​သော kris ​ကြောင့်​ tao ရင်​ထဲမှာ ထခုန်​မိမတတ်​ ဝမ်းသာ​နေတာ​တော့ အမှန်​ပါပဲ ။ သူမရဲ့ ​ထောင်​​ချောက်​ထဲ တိုးဝင်​လာ​နေလို့​လေ။

"ငါ ကိုယ်​ဝန်​ရ​နေလို့​လေ... ဒါ​ကြောင့်​ သားဖွားမီးယပ်​ဌာနက ဆရာဝန်​ဆီမှာ ငါ့ဗိုက်​သွားအပ်​ထားမလို့​ပေါ့ "

Tao၏ နှုတ်​ဖျားမှ အစီစဉ်​ကျန​သော စကားလုံးများ​ကြောင့်​kris ပါးစပ်​ အ​ဟောင်းသား ဖြစ်​ကာ တအံတသြ ဖြစ်​သွားသည်​ ။

" ဘာ....ဘယ်​လို...နင့်​..နင့်​မှာ ကိုယ်​ဝန်​​ရှိ​နေပြီ ဟုတ်​လား ...၊ tao...ငါ့ကို​ပြောစမ်းပါ။ "

"စကားတစ်​ခွန်းကို နှစ်​ခါပြန်​မ​ပြောတတ်​တာ ငါ့စတိုင်​မဟုတ်​ဘူး kris "

"​ကောင်းပြီ​လေ...မ​ပြောချင်​လည်း​နေ​ပေါ့ ။ ငါက တစ်​အိမ်​တည်းသားချင်း​တွေမို့ အံသြပြီး ​မေးလိုက်မိတာပဲ ။ အမှန်​ဆို နင့်​ကိစ္စပဲ ငါစိတ်​မဝင်​စားသင့်​ဘူး ။ "

ဥ​ပေက္ခာပြု​သော kris ၏ စကား​တွေ​ကြောင့်​ tao အမူလွန်​သွားပြီဆိုတာ ကိုယ့်​ကိုကိုယ်​ရိပ်​မိကာ...

" နင့်​လို လူစားမျိုးက မိန်းမတစ်​​ယောက်​ကို သိမ်းပိုက်​ပြီးရင်​ အဲဒီလို ​ခေါင်း​ရှောင်​တဲ့စကား​တွေ​ပြော​တော့မယ်​ဆိုတာ ငါကြိုသိ​နေပြီးသားပဲ ။ ဒါ​ကြောင့်​လည်း ငါက ဒီကိုယ်​ဝန်​က နင့်​ကိုယ်​ဝန်​ပါ..နင့်​နဲ့ရခဲ့တာပါလို့ ​တောင်းပန်​ခယပြီး ​ဖြေရှင်ပြမ​နေဘူး..​ယောက်ျားတစ်​​ယောက်​ အမူးလွန်​ပြီး အသိစိတ်​ကင်းမဲ့တဲ့စိတ်​နဲ့ ​စော်​ကားခံရတဲ့ မိန်းမတစ်​​ယောက်​ရဲ့ နာကျင်​မှုမျိုးနဲ့ ဒီက​လေးကို ငါအသက်​ရှင်​​အောင်​ ​မွေးမှာပါ...အဲဒီအတွက်​ နင့်​ကို ဘယ်​​တော့မှ လာမနွယ်​​စေရဘူး စိတ်​ချ.."

ဒီက​လေးဟာ..နင်​နဲ့ရတဲ့ က​လေးပါလို့ မ​ပြောရုံတမယ်​ သွယ်​ဝိုက်​​ပြော​နေ​သော tao၏ စကားများက krisကို ခံစားမှုမျိုးစုံ ​ပေးစွမ်း​နေသည်​ ။

အသိစိတ်​​တွေက ​လေဟာနယ်​ထဲမှာ ဟိုတစ်​စ ဒီတစ်​စနှင့်​ လွင့်​​​မျော​နေ သလိုလို ။ အိမ်​မက်​များလားဟု ထင်​​ယောင်​ထင်​မှားဖြစ်​ကာ...ကိုယ့်​ပေါင်​ကိုခပ်​နာနာ​လေး မသိမသာ ဆွဲစိတ်​ကြည့်​သည်​ ။

စူးခနဲ နာကျင်​မှုက အိမ်​မက်​မဟုတ်​​ကြောင်း သက်​​သေလှမ်းပြ​နေသည်​ ။

"​နေပါဦး....ဒီကိုယ်​ဝန်​က ငါ့ကိုယ်​ဝန်​လို့​ပြောရအောင်​ နင်​နဲ့ ငါနဲ့ ဘယ်​နှကြိမ်​ ဘယ်​နှခါ ပတ်​သက်​ခဲ့ဖူးလို့လဲ..."

ရင်​ထဲမှာ အားနာ​နေ​ပေမဲ့ ဒီ​မေးခွန်းကိုမ​မေးလို့မဖြစ်​ ။ (​ဘာလို့ အားနာလဲဆိုတာ.....နောက်​ဆုံးပိုင်းတွင်​...​မျှော်​ )

Kris၏ အ​မေး​ကြောင့်​ မှန်​တင်​ခုံ​ရှေ့မှာ ထိုင်​ကာ လိုးရှင်းလိမ်း​နေ​သော tao မျက်​နှာမှာ စူးရဲမာထန်​သွားသည်​ ။

အောက်​နှုတ်​ခမ်းစိုစိုကို ဖိကိုက်​ပြီး မျက်​ရည်​​ဝေ့ မျက်​ဝန်းဖြင့်​ မျက်​နှာကို ဆတ်​ခနဲ ​မော့ကြည့်​ပြီး

"​အေးပါ...နင်​က မူး​နေတဲ့ အချိန်​​တွေကျရင်​​တော့ နင်​လိုချင်​တာကို အရူးကွက်​နင်းပြီး ရ​အောင်​ယူတတ်​တယ်​..။ ခုလို အမူး​ပြေရင်​​တော့ စားပြီးနားမလည်​​ပေါ့ ။ ရတယ်​ ဒီကိစ္စနဲ့ပတ်​သက်​ပြီး နင့်​ကို ငါအငြင်းပွား​နေမှာ မဟုတ်​တဲ့ အတွက်​ နင်​နဲ့ မဆိုင်​သလို​နေ​ပေးပါ ။ "(တစ်​ကြိမ်​တည်းမူးပြီး အိမ်​ပြန်​လာတာဟုတ်​ဘူးဆိုတာ ​ရှေ့ပိုင်းမှာပါတယ်​​နော်​ )

ပြောချင်​ရာကို ​တရစပ်​ပြောပြီး မှန်​တင်​ခုံ​ရှေ့မှ ထကာ အခန်းပြင်​သို့ ချာခနဲ လှည့်​ထွက်​သွား၏ ။

အခန်းပြင်ေ​ရာက်​​တော့ Taoတစ်​​ယောက်​ တကယ့်​ အကယ်​ဒမီ​ရှော့ ......​စော​စောက ​ကြေကွဲနာကျင်​​နေတဲ့ရုပ်​မျိုးမဟုတ်​​တော့ဘဲ အကြံ​အောင်​သူ တစ်​​ယောက်​လို အပြုံးမျိုးဖြင့်​ ခပ်​မဲ့မဲ့ပြုံးကာ သူ့ရဲ့ ဗျူဟာ ပထမဆင့်​​အောင်​မြင်​​ကြောင်း ကိုယ့်​ဝိဉာဏ်​ကိုယ်​ သက်​​သေထူလိုက်​၏ ။

ကံကြမ္မာက ဒီလို အဖြစ်​မျိုး ဖန်​လာ​ပေးမှ​တော့ ထိုဖန်​တီးလာ​သော ဇာတ်​ကွက်​ထဲမှာ
ကကြိုး​တွေ ရှုပ်​​အောင်​ကပြီး kris၏ ရင်​ထဲကအမုန်းတရား​တွေနဲ့ မာန​တွေကို မိန်းမတစ်​​ယောက်​ရဲ့ မာယာနဲ့ အမြည်းလုပ်​ကြတာ​ပေါ့ ။

ငါ့ဗိုက်​ထဲက က​လေးကို နင့်​က​လေးအဖြစ်​ လက်​ခံလာ​အောင်​ ငါလုပ်​ပြမယ်​ သိလား Kris ။

ငါ့က​လေးကို နင်​ ရူးသွပ်​သွားမတတ်​ ချစ်​လာ​စေရမယ်​ ။

....................HR..............

ယောက္ခမ အိမ်​တွင်​ မိခင်​​ရော​ ရောက်​​နေသဖြင့်​ tao မှာ Kris ၏ ရင်​​သွေး လွယ်​ထားရ​ကြောင်း အတိအလင်း​ပြောကြားခဲ့သည်​ ။ အ​မေနှစ်​​ယောက်​၏ အပြုံး​တွေက မိုးမမြင်​ ​လေမမြင်​..။

မိခင်​နှစ်​​ယောက်​​ပျော​နေတာကို ကြည့်​ပြီး tao ရင်​ထဲမှာ အလိုလို ခြမ်း​မြေ့လာသည်​ ။ သို့​သော်​ ထိုချမ်း​မြေ့တာ​တွေကြားထဲ မှာယွင်းခဲ့​သော အရိပ်​မည်းကြီးက ဖျတ်​ခနဲ တိုးဝင်​လာသဖြင့်​ ရင်​ထဲမှာ နုံး​ခွေစွာဖြင့်​ ကျန်​ခဲ့သည်​ ။

သို့​သော်​ သဏ္ဌာန်​ လုပ်​သရုက်​တူ​စေရန်​ ​နေ​ပေးဖို့....

"မာမီ kris ကိုယ်​ဝန်​​လွာ်​တုန်းက မာမီ ဘာကို ချဉ်​ခြင်းတက်​လဲ ဟင်​ "

"​ထောပတ်​ အရမ်းကြိုက်​တယ်​ ​နောက်​ပြီး အရည်​ရွမ်းတဲ့ သစ်​သီး​တွေကိုပဲ ချဉ်​ခြင်းတက်​တယ်​ သမီးရဲ့ "

"ဟယ်​...တူလိုက်​တာမာမီရယ်​... taoလည်း အရင်​ကမကြိုက်​တဲ့ ​ထောပတ်​နဲ့ အသီးအနှံ ​တွေကို စားချင်​စိတ်​​တွေဖြစ်​​နေတာ​လေ..."

"ဟုတ်​လား...ဒါဆို ​မြေး​လေးက သူ့ဖ​အေဘက်​တူမယ်​ထင်​ပါ့ ..ချဉ်​ခြင်းတက်​တာကစ တူ​နေတာဆို​တော့...အင်း....​မွေးလာတဲ့ က​လေးလည်း ဖ​အေတူမယ်​ထင်​တယ်​.."

......
မိခင်​နှစ်​​ယောက်​၏...သို့​လောသို့​လော ထင်​​ကြေး​တွေက tao အတွက်​​တော့ ​လေထဲတွင်​ တိုက်​အိမ်​​ဆောက်​သလို ​ရေရာခြင်း အလျဉ်းမရှိစွာနှင့်​ သက်​ပြင်း​မော​တွေကိုသာအခါခါချမိသည်​ ။

.....
.
............

သူတို့စိတ်​ကူးယဉ်​​နေကြတဲ့ သူတို့​မြေး​လေးဟာ တခြားသူရဲ့ အ​သွေးအသားနဲ့ တည်​​ဆောက်​လာတာပါဆိုတာ သိများသိသွားခဲ့ရင်​ ​နေရာမှာတင်​ ဘုန်းခနဲ လဲကာ ​ရှော့ခ်​ ဖြစ်​သွားကြမလားမသိ ။

ဟို​ကောင်​ Kris က​တော့ ဒီကိုယ်​ဝန်​က သူနဲ့ မဆိုင်​သလို ဥ​ပေက္ခာပြု စကား​ပြော​နေဆဲ။ ဘယ်​​လောက်​ မာနကြီးလိုက်​သလဲလို့ ။ ဒါ​ပေမဲ့ သူဘယ်​လိုပဲ ဥပေက္ခာပြုပြု ဒီတာဝန်​ထုပ်​ကြီးက သူ့အ​ပေါ် ဘုန်းခနဲ ပိကျ​နေပြီးသား ။

အလိုလို​နေရင်း သူဟာ က​လေး အ​ဖေ ဖြစ်​​နေပြီးသား။ Tao စိုးရိမ်​တာ တစ်​ခုဘဲရှိတယ်​။

က​လေး​လေးက ​မွေးလာရင်​ Taoနဲ့မတူပဲ sehunရုပ်​နဲ့သာ ဆင်​​နေရင်​​တော့ taoရဲ့ မဟာ အကြံအစည်​​တွေ သဲထဲ​ရေသွန်​သလို ဘာမှအထ​မြောက်​မှာ မဟုတ်​​တော့သလို အသိုင်းအဝိုင်းအလည်​မှာ tao ဟာ အကျင့်​သိက္ခာပျက်​ပြားတဲ့ မိန်းမအဖြစ်​နဲ့ အထင်​​သေးရှူံ့ချခံရမှာ အသေအချာ ။

စိတ်​ထင်​သည့်​အတိုင်းတာ ဖြစ်​ခဲ့မယ်​ဆိုရင်​.........
.
.
ကိုယ်​မှားခဲ့တဲ့ အမှားတစ်​ခုက သူ့ကို ​ချောက်​တွန်းဖို့ ဖြစ်​လာ​ပေမဲ့ တယ်​တမ်းကျ​တော့ ကိုယ့်​ရှူးကိုယ်​ပတ်​ပြီး တစ်​ဘဝလုံး ရိုးသားဖြူစင်​လာတဲ့ ကိုယ့်​ဘဝမှာ ဖျက်​မရတဲ့ အမည်းစက်​ကြီးတစ်​စက်​က စွန်းထင်း​နေ​တော့မည်​....။

တွေးရင်းဖြင့်​ရင်​မှာ လှိုက်​ဖို​မော၍လာ၏။ ။
.
.
.
.

........next ​မျှော်​....by wuyetihan

ပျင်းဖို့​ကောင်း​နေလားဟင်​ ?
စာလုံး​ပေါင်းသတ်​ပုံမှာတာ​တွေ အရမ်းများ​နေတာ ​စောရီး​နော်​ ။ အ​နော့်​ ဖုန်းက typing များများ ရိုက်​ရင်​ ​ကြောင်​တတ်​လို့ ။ မနည်း typeရတာ။

အ​နော်​​ကို​လေ 18+ or 20++မ​ရေး​စေချင်​ဘူးလား ​ရေး​စေချင်​လားဟင်​ ?

Readers ​တွေထဲမှာ အသက်​မပြည့်​တဲ့သူ​တွေပါ​နေလားဟင်​ ?ပါမယ်​ဆိုတာသိပါတယ်​ ။ မ​ရေး​စေချင်​လဲမ​ရေးပါဘူးလို့ ။ #second bullet# ကို ​ရေးမယ်​စဉ်းစား​နေတာ။ ထားပါ​လေ ။

#His Adjectives# ​ရော ဘယ်​လို​နေလဲ ။ အ​နော်​ ​နောက်​နှစ်​ရက်​​လောက်​​နေရင်​ #hyung ကျွန်​​တော့်​ကိုဘယ်​ချိန်​ထိချစ်​မှာလဲ ? #
အာ့​လေး upပါ့မယ်​ ။ မှတ်​မိ​သေးလားတိဘူး ။ ကြာပီအဲ့ fic က !

ကဲ..ကဲ...​နောက်​ဆုံး​ကျောချင်​တာက အား​ဆေး​လေး ​ပေးကြပါလို့ ။
နောက်​ပိုင်းခွစ်​ကြီးရဲ့ သဝန်​တိုမှု​တွေ sehunရဲ့ လျှို့ဝှက်​မှုတွေ ကို တင်​ပြ...အဲ ​ရေးသွားပါ့မယ်​လို့စ်​ !
Ilove you all of readers !
But ဝက်​က​လေးကို ချစ်​တာ ပထမလို့ ! :-D

Continue Reading

You'll Also Like

223K 4.6K 53
"Here, Under the Stars... What if our paths crossed again?" Four years after her heart got broken, successful music producer and CEO, Magui Feola, we...
9.3K 286 18
AshMatt fanfic
78.3K 3.1K 38
ayon sa iba, Ang GREATEST LOVE raw ang hinding-hindi mo makakalimutan sa lahat. Ang GREATEST LOVE raw ang nagturo sayo kung paano totoong magmahal...
108M 2.3M 100
Now published under Pop Fiction, an imprint of Summit Books. P195, Taglish Part 1 Theirs is a story that started all wrong. Naglayas si Gail sa bahay...