HATE RACE

By WuYetiHan

49.9K 3.8K 336

Taoris fic !! မိဘခြင်းရင်းနှီးသောကြောင့် ငယ်ငယ်ကတည်းက အများအမြင်မှာ သူငယ်ချင်းဖြစ်ခဲ့သော်လည်း လုံးဝလုံးဝမတည့်... More

အမုန်းထဲက အချစ်!
Start To Hate!
Deep !
Deeper !!!
Oosehun
A Cup of Red Wine
မေးပါရ​စေ
Who're in?
ထပ်​​မေးပြ​စေ!
Hello !!
Let's Scare !
Just small wave !
Feel or not !
အငှါး.....ကိုယ်​ဝန်​..!
ဝင်​ကြည့်​​ပေးပြပါ​နော်​ !
The Answer?
အဆိပ်​နဲ့ဆေး
Stupid Idea in the Chest
ကကြိုး​တွေ သွယ်​ကာရစ်​ကာ !
ကြော်​ငြာ for Second Bullet !
အမုန်းသံ​ယောဇဉ်​ကြိုး
ငါ့ကို ချစ်​ပါ Tao !
TIME FLY WITH ROSES
ကွာရှင်းလက်​မှတ်​?
ကျွန်​မ သူ့ကို ချစ်​တယ်​ !
ည၏ ဖမ်းစားမှု
ချစ်ခြင်း၏လုပ်ကြံခြင်းကြောင့်
We Love KT,however time's stop !
အမုန်းရဲ့အဆိပ်​သင့်​သူ !
နှုတ်​ဆက်​ အနမ်း
အမုန်းဖြင့်​ ​နှောင်​ဖွဲ့သော !
Promotion !

That Night OR This Night

2K 133 15
By WuYetiHan

 HATE RACE
By wuyetihan

>>>>

"ယောက်ျားတစ်ယောက်ကို မုန်းလို့ လက်ထပ်လိုက်တယ်ဆိုတဲ့ နင့်ရဲ့ခံယူချက်ကြီးက အရမ်းကို ကြက်သီးထစရာမကောင်းဘူးလား TAO ရယ် ။ တစ်ခုခုတော့ မှားနေပြီထင်တယ် ။"

LUHANက တွေးတွေးဆဆဟန်ဖြင့် ပြောလာတော့မှ TAO ဘာမှမတတ်နိုင်ဘူးဆိုသည့်ဟန်ဖြင့် ပခုံးလေးကို ဆတ်ကနဲ တွန့်လိုက်သည် ။

"ဘာမှားရမှာလဲ မမှားဘာဘူး LUHAN ရယ် ။ယောက်ျားတစ်ယောက်ရဲ့ မာကြောလှပါပြီဆိုတဲ့ စိတ်ကို ဒဏ်ရာအနာတရ အကြီးအကျယ်ရသွားအောင်လုပ်ဖို့အထိ နောက်ဆုံးက အဲဒီယောက်ျားကို မချစ်ဘဲနဲ့ လက်ထပ်လိုက်ခြင်းပဲ ။"

TAO၏ စကားကြောင့် LUHAN စိတ်မသက်သာစွာဖြင့် ခေါင်းကို ခပ်လေးလေး ခါလိုက်သည် ။ ထို့နောက် TAO ကို နားမလည်သလို လှမ်းကြည့်ကာ

"သူများကို စိတ်ဒုက္ခပေးဖို့အတွက်နဲ့ နင့်ကို နင် အိမ်ထောင်ဆိုတဲ့ ထောင်ကြီးထဲကိုစွန့်ပြီး ၀င်ရလား TAO ရယ် ။ အံ့ပါ့ ငါတော့ နင့်လို အတွေးချော်တဲ့ မိန်းကလေးမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး ဟယ် တကယ်ပါ ။"

"အခု တွေ့ဖူးပြီပေါ့ "

"ဟုတ်တယ် တွေ့ဖူးသွားပြီ နင်ဟာ ပက်လက်လှုပ်ပြီး တံတွေး ထွေးနေတဲ့ ဥာဏ်တိမ်တဲ့ မိန်းမတစ်ယောက်ဆိုပြီး WEBပေါ်တင်ရမယ် ။ "

"ကောင်းတာပေါ့ ဒါမှ ကမ္ဘာကျော်မှာ "

ခပ်ပေါ့ပေါ့လေးရယ်ကာ မောကာ ပြောလိုက်သော TAOစကားကြောင့် LUHAN နှာခေါင်းလေးရှုံ့ကာ မဲ့လိုက်သည် ။

"အပျိုရည်ပျက်ပြီး ကမ္ဘာကျော်မဲ့အလုပ်တော့ ငါတို့က အသက်နဲ့ရင်းပြီး ကာကွယ်မယ် ။ လုံးဝမလုပ်ဘူး ။"

"အံမယ် ငါ့ကိုများ ခပ်ညံ့ညံ့နဲ့ အညှာလွယ်မယ့် မိန်းမလို့ထင်နေလား ။ သူနဲ့ငါ လက်ထပ်လိုက်ပေမဲ့ အခုချိန်ထိ လင်မယားဆိုတဲ့စည်းထဲကို မကျော်ဝင်ရသေးဘူး ။ "

"မကျော်ဝင်ရသေးဘူးဆိုတော့ ကျော်ဝင်ဖို့ အစီအစဉ်ရှိသေးတယ်ပေါ့ ။ "

"ဟင့်အင်း….NOပဲ ၊ သူ့ကိုငါ မချစ်သလို ငါ့ကိုလည်း သူလုံးဝမချစ်ဘူး ၊ လောကမှာ ငါအမုန်းဆုံးလူကလည်း သူပဲဖြစ်သလို သူအမုန်းဆုံးလူကလည်း ငါပဲဖြစ်လိမ့်မယ် ။ "

TAO၏ စကားကို LUHAN လက်မခံချင်ပါ ။

ဒါပေမဲ့လည်း TAO ၏ စိတ်တွင်းခံစားမှုကို TAO ကိုယ်တိုင်ကလွဲပြီး တခြားဘယ်သူမှ အလွယ်တကူ သိနိုင်မည်မဟုတ် ။ နားလည်ဖိုံဆိုတာ ဝေးစွ ။

"အေးလေ ဘာပဲဖြစ်ဖြစ် ချစ်လို့လက်ထပ်သည်ဖြစ်စေ မချစ်လို့လက်ထပ်သည်ဖြစ်စေ နင့်အနားမှာ KRISကတော့ အချိန်ပြည့် သက်ဆုံးတိုင် ရှိနေတော့မှာပေါ့ ။ အဟင်း နင်ဆုတောင်းရမှာက အမုန်းဆုံးလူနဲ့ လက်ထပ်လိုက်ရလို့ အလဟသဖြစ်သွားတဲ့ နင့်ရဲ့ နှလုံးသားက နက်နက်ရှိုင်းရှိုင်း ချစ်မိသွားတဲ့သူ က အဲ့အမုန်းဆုံးသူဖြစ်မနေပါစေနဲ့လို့ပေါ့ ။ ငါလည်းဘေးကနေ မဆီမဆိုင် ဆုတောင်းပေးပါတယ်ဟယ် "

lUHAN စကားကြောင့် TAO ခပ်လွင်လွင်လေး ရယ်မောကာ ရယ်သံနှောသောအသံဖြင့်

"အေး နင်ပဲ ငါ့အစား ဆုတောင်းပေးတော့ဟယ် ။ ငါကတော့ ငါ့နှလုံးသားကို အမုန်းတွေနဲ့ပဲ ထုပ်ပိုးပြီး နှပ်ထားလိုက်ပြီ ။"

"အဟား…အမုန်းတွေနဲ့ ထုပ်ပိုးပြီးကာမှ အဲဒီအထုပ်ကြီးက အချစ်နဲ့ ခံစားမှုအသစ်ကလေးတွေ ၀င်လာပြီး ပုတ်သင်ညိုလို အရောင်ပြောင်းသွားမှ တစ်ဖက်သတ်အချစ်ကြီးနဲ့ ကိုယ့်ဘ၀ကိုယ် ဇာတ်သိမ်းနေရဦးမယ် "

"ဟယ်…….ငါ့ကိုများ အထင် small လို့ ၊ တော်ပြီ…..ငါ ရှယ်သုပ်ထားတဲ့ လက္ဖသုပ် မကျွေးတော့ဘူး ။ "

TAOက မကျေမနပ်ဟန်ဖြင့် ဆူပွပွပြောကာ LUHAN လက်လှမ်းနေသော လက္ဖသုပ်ပန်းကန်ကို ဆတ်ခနဲ ဆွဲယူလိုက်၏ ။

LUHAN လှမ်းနေသောလက် လမ်းခုလတ်မှာ တန်းလန်း ။

"ဟယ်…အကျင့်ပုတ်မ ဘယ်လိုအိမ်ရှင်မလဲ ။ကိုယ့်အိမ်လာတဲ့ ဧည့်သည်ကို ဒီလိုမျိုး ဧည့်ခံရလား ။"

"ဧည့်ခံမှာပေါ့ ။ နင်ကမှ ငါ့ဘက်ကမပါတာ ။ "

TAO၏ ကလေးဆန်သော အမူအရာဖြင့် လက္ဖသုပ်ပန်းကန်လေးကို ဘေးသို့ ယိမ်းကာ ကိုင်မြှောက်ရင်း မကျေမနပ်ဆိုသည် ။

LUHANက လက္ဖသုပ်ပန်းကန်ကို လှမ်းလုရင်း

"ဟဲ့….ကိုယ့်သူငယ်ချင်းဘက်က မပါဘဲနေမလား ။ အမုန်းလွန်ရင် အချစ်ဖြစ်တတ်လို့ သတိပေးနေတာ ။ မလိုအပ်ပဲ ယောက်ျားတစ်ယောက်ယောက်ကို ငြိုးမိသွားရင် အဲ့ဒီအငြိုးတွေက အချစ်နဲ့ တွေ့ရင် ပြာကျသွားလိမ့်မယ် ။ ဒါကြောင့် သတိပေးတာ နားလည်လား ။"

LUHAN ကဤသို့ အသေအချာ ရှင်းပြ၏ ။ဒီတော့မှ TAO မျက်နှာလေး ပြုံးယောင်သမ်းလာ၏ ။

LUHAN ပြောတာ သဘာဝကျမေမဲ့ TAO အမှန်တရားတစ်ခုအဖြစ်လက်မခံချင် ။

ကိုယ့်ရဲ့ အမုန်းစိတ်တွေကို ကိုယ့်ရဲ့ခန္ဒာကိုယ်နှင့်အတူ တစ်ပါတည်းယူဆောင်လာပြီး အတိတ်မှာလည်း မချန်ခဲ့ ။  အနာဂတ်သို့လည်းမတွန်းပို့ပဲ ပစ္စုပ္ပန်တည့်တည့်မှာပဲ ထားလိုက်တော့၏ ။

ရင်မှာ မငြိမ်းချမ်းတာတော့ အမှန်။

 >>>>>>>>>>HATE RACE <<<<<<<<<

"ဒီမှာဟေ့…ဘောလုံးပွဲကြည့်တာ အဲဒီလောက်ထိ အသံကျယ်ကြီး တင်ထားစရာလိုလို့လား  KRIS ။ အချိန်ကိုလည်းကြည့်ဦး ည နှစ်နာရီထိုးနေပြီ "

ပခုံးကို ခပ်ဆတ်ဆတ်ပုတ်ပြီး မာရည်ကျောရည်အသံနှင့်ပြောလိုက်သော TAO၏ ဒေါသထွက်နေသောဟန်ကြောင့် KRIS ဂျစ်ကန်ကန်ဖြင့် မော့ကြည့်လိုက်ပြီး

"အဲဒါ ဘာဖြစ်လဲ "

KRIS၏ အသံကလည်း မာသည် ။

"ဘာဖြစ်ရမှာလဲ နင့်TVအသံနဲ့ နင့်ရဲ့အာပြဲလျှာပြဲ အော်ဟစ်နေတဲ့ အသံက ငါအိပ်နေတာကို စိတ်အနှောက်အယှက် တော်တော်ပေးတယ်ဟဲ့"

"စိတ်အနှောက်အယှက်ပေးတယ်ထင်ရင်လည်း ဒီအသံနဲ့လွတ်ရာနေရာမှာ သွားနေ ငါကတော့ အသံမလျှော့နိုင်ဘူး ။ ဘောပွဲကြည့်တယ်ဆိုတာ အသံတိုးတိုးလေးနဲ့ အချစ်ကားကြည့်သလို FEELအပြည့်နဲ့ ထိုင်ကြည့်လို့မရဘူး နားလည်လား"

ပြောပြောဆိုဆိုဖြင့် ရီမုဒ်ကို လှမ်းယူကာ အသံနှုန်း ထပ်မြှင့်လိုက်သည် ။

"သြော်…..နင်ကဒီလိုလား ။ ရတယ်လေ နင်ကစပြီး ရန်စတော့ ငါ့ဘက်ကလည်း လက်တုံ့ပြန်ဖို့အသင့်ပဲ ။ ရတယ် ။ နင်ကြိုက်သလိုကြည့်ဒီအသံကိုမှ တိုးသေးတယ်ဆိုရင်လည်း လော်စပီကာဖွင့်လိုက်ဦး ။ ငါ့အလှည့်ရောက်ရင်သာ နင့်အတွက် စိတ်အနှောက်အယှက် မဖြစ်အောင် ကြိုးစားထား ။ "

KRISအား စကားလုံးများဖြင့် တရစပ် ပစ်ပေါက်ပြီးခုတင်ပေါ် ပြန်တက်အိပ်လိုက်သည် ။

ဘောလုံးပွဲအသံက ပို၍ပင် ကျယ်လောင်လာ၏ ။

"ဂိုးး……..ဟာကွာ…….လွဲသွားတယ်ကွာ "

KRIS၏ အသံက ညဥ့်နက်နက်မှာ ကျယ်လောင်စွာ ဟိန်းထွက်နေ၏ ။TAO ဘယ်လိုမှ အိပ်လို့မရ ။ ခေါင်းအုံးဖြင့် နားနှစ်ဖက်ကို ပိတ်လိုက်သည် ။

လူက ဒေါသတွေဖြင့် ဘယ်လိုမှ အိပို၍မပျော်နိုင် ။

မိနစ်နှစ်ဆယ်ခန့်ကြာတော့ ဘောလုံးပွဲပြီးသွားသည် ။

KRIS TAO၏နံဘေးတွင် ၀င်အိပ်လိုက်သည် ။ မျက်လုံးဖွင့်မကြည့်ပေမဲ့ သူရဲ့လှုပ်ရှားမှုတွေ အငွေ့အသက်တွေက TAOကို လာဟပ်နေ၏ ။ နားနှစ်ဖက်ကို ပိတ်ထားသော ခေါင်းဦးကို ဆွဲဖယ်လိုက်ပြီး ကိုယ့်ဘေးတွင် မှောက်ခုံကြီး ၀င်အိပ်နေသော KRISကို မကျေမနပ် လှည့်ကြည့်လိုက်သည် ။

"ဒီမှာ….KRIS ၊ နင့်ကုတင်မှာ နင်သွားအိပ်လေ ဘာလို့ ငါ့ခုတင်ပေါ် တက်လာရတာလဲ ။"

KRIS ကတုတ်တုတ်တောင်မလှုပ် ။

TAO ဒေါသထွက်လာသည် ။ ထိုပအတွက်ကြောင့် KRIS၏ ကျောကုန်းကို ခေါင်းဦးဖြင့် ဘုန်းခနဲ ထုလိုက်သည် ။

KRIS မှောက်အိပ်နေရာမှ ၀ုန်းခနဲ ထထိုင်သည်။

"လူကို ဘာလို့ လာရိုက်ရတာလဲ "

"ကိုယ့်ခုတင်မှာ ကိုယ်သွားအိပ်ပါလား "

ရင်ခုန်စိတ်လှုပ်ရှားခြင်းတွေနှင့် ဒေါသတို့ ရောထွေးကာ ခပ်ဆတ်ဆတ် ပြန်ပြောလိုက်သည် ။

"ဒီခုတင်က ငါနဲ့လည်းဆိုင်တယ်လေ ။ အဲဒီတော့ ကိုယ့်ခုတင်မှာ ကိုယ်အိပ်တာ ဘာဖြစ်လဲ "

"ဘာဖြစ်လဲလို့မေးရအောင် နင်နဲ့ငါနဲ့ ဘာပတ်သက်မှုမှ မရှိဘူးလေ ။ ဒါကြောင့် နင် ဒီခုတင်ပေါ်မြှ လုံးဝ လာမအိပ်ပါနဲ့ ။"

"အိပ်တယ် ..အိပ်ရုံတင်မကဘူး နင့်ကို ဟိုဒင်းဟိုဟာတောင် လုပ်လို့ရတယ် သိလား"

KRIS၏ ဟိုဒင်းဟိုဟာ ဆိုတဲ့ စကားကြောင့် TAO မျက်နှာတစ်ပြင်လုံး ပန်းသွေးရောင်လွှမ်းလျှက် ရှက်စိတ်တွေ ပြုံတို၍  သွား၏ ။

"နင်….မယုတ်မာနဲ့နော် "

"ဒါ ယုတ်မာတာမဟုတ်ဘူး နင်က ငါ့ရဲ့ တရားဝင်မိန်းမ ဒါကြောင့် သွန်လိုသွန် လှန်လိုလှန် လုပ်လို့ရတယ်"

"ဘာာာ……"

"ဖြန်း…"

"ဟာ…."

KRIS ပါးတစ်ဖက် ပူဆင်းသွားသည် ။

TAO တကယ်ဆော်တာပဲ ။

စိတ်ထဲမှာ စပ်ဖျဉ်းဖျဉ်း နာကျင်မှုတွေနဲ့အတူ ဒေါသတွေ ဆူဝေလာပြန်သည် ။

"နင်က ငါ့ကို ရိုက်တယ် ၊ ကဲ….ငါကလည်း နင့်ကို ဟောဒီလို ဟောဒီလို နမ်းတယ်ဟာ…"

TAO၏ခန္ဒာကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းပြီး မျက်နှာ အနှံ့ကို တရစပ် အနမ်းတွေချွေရင်း အနားသပ်လေးများကော့နေသော နှုတ်ခမ်းဖူးဖူးလေးကို မလွတ်တမ်း နမ်းရှိုက်လိုက်သည် ။

TAO မည်သို့မျှ မရုန်းနိုင်  ။

"ကဲ…..မှတ်ပြီလား ငါ နင့်ကို အခုလို လုပ်လို့ နင်ဘယ်သူ့ကို သွားတိုင်မလဲ ။ တိုင်စမ်း နင်က ငါ့ မိန်းမ ဖြစ်နေတဲ့အတွက် ငါ့ကို ဘယ်သူမှ အပြစ်တင်ကြမှာမဟုတ်ဘူး "

"နင်….နင်…အယုတ်တမာကောင် ။ကြာကူလီကောင် ခွေးဝဲစားကောင် "

TAO ရှက်စိတ်တွေ မွှန်ထူကာ စိတ်ထဲမရှိသည့်တိုင် ပိုးစိုးပက်စက် ကြားဖူးသမျှတွေကို တန်းစီရွတ်မိသည် ။ဆဲရေးတိုင်းထွာမိသည် ။

KRIS TAO၏ ဒေါသတွေကို အောင်နိုင်သူတစ်ယောက်၏အပြုံးမျိုးဖြင့် ကြည့်ကာ TAO၏ ဘေးတွင် ၀ုန်းခနဲ ပစ်လှဲလိုက်သည် ။

TAO သူမအဆဲကို အေ၇းမလုပ်ပဲ လှဲအိပ်လိုက်သောသူ့က်ု မကျေနပ်နိုင်သဖြင့် KRIS၏ ကျောပြင်ကို တဘုန်းဘုန်း ထုရိုက်လိုက်သည် ။

"ဟေ့…ဟေ့…..နင် တရားလွန်နေပြီနော် နင့်လုပ်ရပ်တွေက နင့်ကိုသိမ်းပိုက်ဖို့ ဖြားယောင်းသလို ဖြစ်နေပြီ ၊ နင်သိလား။ ဒီတစ်ခါ ဆိုရင် မျက်နှာကို မနမ်းတော့ဘူး ။ ဒီထက်ာကီးမြတ်တဲ့အရာကို ယူလိုက်မှာ ၊ ဒါပေမဲ့ နင့်ကိုချစ်လို့တော့ မဟုတ်ဘူး။ မာန်တက်မသွားနဲ့ ။ "

KRIS၏စကးကြောင့် တဘုန်းဘုန်းထုရိုက်နေသော TAO ၏လက်တွေ တွန့်ခနဲ ၇ပ်သွားသည် ။

ထို့ကြောင့်ဆက်မရိုက်တော့ပ KRIS  ၏မထီမဲ့မြင်ပုံစံကို ရွံရှာစက်ဆုပ်လွန်းစွာဖြင့် ခပ်စွေစွေကြည့်ကာ တက် တစ်ချက်ခေါက်ရင်း လက်ထဲမှ ဖက်ခေါင်းအုံးကို ပစ်ပေါက်ရင်း ခုတင်ပေါ်မှ ဆင်းခဲ့လိုက်သည် ။

ဒီညတော့ ဧည့်ခန်းထဲမှာပဲ အိပ်ရတော့ပေမပေါ့ ။

TAOအဖို့ ထိုညလေးဟာ ရှက်၇ွံ့ရင်ခုန်ခြင်း ဒေါသဖြစ်ခြင်းတွေဖြင့် ထွေးလိပ်ခဲ့ရသော ညလေးတစ်ည ဖြစ်ခဲ့၏ ။

>>>>>>>>>>>>######next
နောက်​ပိုင်း ကြားမည်​။
စာ​မေးပွဲ is ၁၄ ရက်​ တနင်္လာ​နေ့
ခုထိစာရ​သေးဘူး။
၂၂ရက်​​နေ့မှ ပြီးမှာ။ အဲ့​နေ့မှပဲ ficအသစ်​နဲ့အတူ ပြန်​လာမည်​။ အ​ဟောင်း​တွေလဲ ပြန်​uploadမည်​။ ​မျှော်​​နေမယ်​မလား !

I love you all readers !
@wuyetihan

Continue Reading

You'll Also Like

114K 3.7K 57
There's one person who are meant for us ... One person that will let us feel how perfectly imperfect we are. When Mikha met Aiah's eyes she knew at t...
229K 4.6K 53
"Here, Under the Stars... What if our paths crossed again?" Four years after her heart got broken, successful music producer and CEO, Magui Feola, we...
83.4K 3.2K 38
ayon sa iba, Ang GREATEST LOVE raw ang hinding-hindi mo makakalimutan sa lahat. Ang GREATEST LOVE raw ang nagturo sayo kung paano totoong magmahal...
259K 9.9K 62
My collection of JENLISA one shot stories. May contain some stories written in Filipino.